Sunday, May 20, 2012

 အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီးပေးနိုင်ရန် မီးစက်များထားရှိ

Ever November | 5/20/2012 11:54:00 AM | Best Blogger Tips
အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီး၊ လမ်းမီးများပေးနိုင်ရန် မီးစက်များထားရှိပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြိုရှိ အရေးကြီးနေရာများကို အုပ်စုသီးခြားသတ်မှတ်ကာ လျှပ်စစ်မီး ပေးသွားမည်ဖြစ်သော်လည်း လူစည်ကားရာနေရာများတွင်အရေးပေါ်လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာပါကချက်ချင်းမီးပြန်ပေးနိုင်
ရန် မီးစက်ကြီးများကို ထားရှိစီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
''အရေးကြီး နေရာတွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ ရဲစခန်း၊ လေဆိပ်၊ ဘူတာကြီးတွေကို ၂၄နာရီ လျှပ်စစ် မီးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဓာတ်အားပေးတဲ့အခါမှာ အရေးကြီးတဲ့ နေရာတွေကို မီးပေးထားမှာဖြစ် သော်လည်း မီးပွိုင့်တွေလိုမျိုးလူစည် ကားတဲ့နေရာတွေမှာ အရေးပေါ် မီးပြတ်သွားရင် လုံလုံခြုံခြုံ သွားလာနိုင်ဖို့၊ လုံခြုံရေးမီး၊ လမ်းမီးတွေပေးနိုင်ဖို့ မီးစက်ကြီးတွေကို နေရာ၈နေရာမှာ တပ်ဆင်ချထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အရံမီးစက် ၁၀လုံး ရှိပါသေးတယ်။ လိုအပ်ရင် ပိုချသွားဖို့ ရှိပါတယ်''ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

မီးစက်ကြီးများတပ်ဆင်ထားသည့် နေရာအချို့မှာ ပြည်လမ်းနှင့် လှည်းတန်းလမ်းဆုံ၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ ဆူးလေဘုရားလမ်း(ဗဟိုဘဏ်ဘေး)နှင့် သာကေတအ၀ိုင်း စသည့်နေရာများဖြစ်ကြောင်း သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1