Sunday, May 20, 2012

TPP ဆွေးနွေးပွဲများ အရှိန်မြှင့်တင်ဖို့ အဖွဲ့ဝင်နိုင်ငံများ မှ သဘောတူခဲ့

Ever November | 5/20/2012 08:21:00 PM | Best Blogger Tips
ပစိဖိတ်ဒေသလွတ်လပ်စွာကုန်သွယ်ရေးTPP ဆွေးနွေးပွဲတွေမှာပါဝင်တဲ့ နိုင်ငံ၉နိုင်ငံဟာ ဆွေးနွေးညှိနှိုင်း
မှုတွေကို အရှိန်မြှင့်တင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံပေါင်း ၉နိုင်ငံက ဆွေးနွေးပွဲတက်ရောက် သူတွေဟာ TPP ဆွေးနွေးပွဲရဲ့ နောက် ဆုံးအကြော့ ဆွေးနွေးမှုတွေကို တက္ကဆက်ပြည်နယ် မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပြီးသတ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲအတွင်းမှာ နိုင်ငံတစ်နိုင်ငံချင်းစီဟာ TPP ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ စဉ်းစားနေတဲ့ ဂျပန်၊ ကနေဒါ၊ မက်္ကဆီကို နိုင်ငံတွေနဲ့ သီးခြား ဆွေးနွေးမှု အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။
 
ဒါပေမယ့်  TPP ဆွေးနွေးပွဲတွေမှာ အကောက်ခွန်နဲ့ မူပိုင်ခွင့် အခွင့်အရေးလို ကိစ္စရပ်တွေကိုတော့ ယတိပြတ် အဖြေမထုတ်နိုင်ခဲ့ကြပဲ ကြန့်ကြာနေခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက မျှော်မှန်းထားသလို အခုနှစ်မကုန်ခင်အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်၊ မချနိုင် မသေချာသေးဘဲ ဖြစ်နေပါတယ်။ အဲဒီ ဆွေးနွေးပွဲအတွင်း TPP အဖွဲ့ဝင်နိုင်ငံတွေဟာ ဇွန်လအတွင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ ၎င်းတို့ရဲ့ ကုန်သွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
MRTV4 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1