တိမ်ကောနိုင်သော
အနေအထားသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
ဗန်းမောက်မြို့ဒေသခံများမှာလည်း
ရွှေတူးလုပ်ငန်းများကိုတနိုင်တပိုင်လုပ်ကိုင်လာသောကြောင့်
ဒေသတွင်း
ရှိမဲဇာချောင်းနှင့် တောင်ချောင်းတို့တွင်
မျှောတိုက်(ရွှေကျင်)သူများနှင့်ပြည့်နေကြောင်းတွေ့မြင်ရသည်။
“ပြောရမယ်ဆိုရင်
ရွှေလုပ်ငန်းကအဆိုးဆုံးပဲ။ဘယ်လောက်ထိလွန်လဲဆိုရင် ချောင်းအလယ်ခေါင်ထိ
ဆင်းပြီးလုပ်ကြတာ။တစ်နိုင်တစ်ပိုင်လုပ်တဲ့သူတွေများတော့ချောင်းတစ်လျှောက်ဘယ်နေရာကြည့်ကြည့်
ရွှေရှာတဲ့သူတွေချည်းပဲ။ဒေသခံတွေကလဲနားမလည်တော့ နောင်မှာ
ဘာတွေဆိုးကျိုးဖြစ်လာမလဲဆိုတာ မသိကြဘူး” ဟု ဗန်းမောက်မြို့နယ်ဒေသခံ၊
ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ ကိုညီညီအောင်ကပြောသည်။
အဆိုပါ
ဒေသတွင်းရှိ တောင်ချောင်းမှာ ယခင်က ချောင်းအကျယ် ပေ ၂၅၀ ခန့်ရှိခဲ့ရာ
ယခုအခါ ပေ ၇၀ ခန့်သာရှိပြီးချောင်းတစ်လျှောက်တွင်လဲ ရွှေလုပ်ငန်းများလုပ်ကိုင်ပြီးစီး၍ကျန်နေခဲ့သောကျင်းများချိုင့်များဖြင့်
ပြည့်နှက်လျက်ရှိနေသောကြောင့် ရေစီးကြောင်းကိုလည်းထိခိုက်လျက်ရှိကြောင်း၊ထို့ပြင် ချောင်းအတွင်းကျန်ရှိနေသော ရေမှာလည်း
ငါးများပင်မရှင်သန်လောက်အောင် နောက်ကျိနေကြောင်း ကိုညီညီအောင်က
ဆက်လျက်ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်အတွင်းလွန်ခဲ့သော၁၀ နှစ်ခန့်ကအဆိုပါဒေသများတွင်
ရွှေလုပ်ငန်းလုပ်ကိုင်
သူသုံးလေးဦးခန့်သာရှိကြောင်း၊အဆိုပါလုပ်ငန်းများမှာလည်းတနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူများသာ
ဖြစ်ကြောင်း၊၂၀၀၅ခုနှစ် နောက်ပိုင်းကာလများတွင်အဆိုပါ ဒေသတွင်း
ရွှေလုပ်ငန်းလုပ်ကိုင်သူများပြားလာပြီး
ကုမ္ပဏီပေါင်း၂၅ခုအားလုပ်ငန်းချပေးပြီးနောက်လုပ်ငန်းလုပ်ကိုင်သူများတိုးပွားလာခဲ့ကြောင်း
ဒေသခံများထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်အတွင်းလွန်ခဲ့သော၁၀ နှစ်ခန့်ကအဆိုပါဒေသများတွင်
ရွှေလုပ်ငန်းလုပ်ကိုင်
သူသုံးလေးဦးခန့်သာရှိကြောင်း၊အဆိုပါလုပ်ငန်းများမှာလည်းတနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူများသာ
ဖြစ်ကြောင်း၊၂၀၀၅ခုနှစ် နောက်ပိုင်းကာလများတွင်အဆိုပါ ဒေသတွင်း
ရွှေလုပ်ငန်းလုပ်ကိုင်သူများပြားလာပြီး
ကုမ္ပဏီပေါင်း၂၅ခုအားလုပ်ငန်းချပေးပြီးနောက်လုပ်ငန်းလုပ်ကိုင်သူများတိုးပွားလာခဲ့ကြောင်း
ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ
လုပ်ငန်းများမှာ ရွှေတူးဖော်ရာတွင် ခေတ်မီစက်ယန္တရားများကိုအသုံးပြု၍
ရှာဖွေလာကြသောကြောင့်ပတ်ဝန်းကျင်ထိခိုက်မှုမှာလည်းယခင်ကထက်ပိုများလာခဲ့ကြောင်း
ဗန်းမောက်မြို့နယ် အလယ်ရွာမှကုန်စုံဆိုင်လုပ်ငန်း လုပ်ကိုင်နေသူ
ဦးထွန်းကပြောသည်။
“အရင်
၁၀ နှစ်လောက်က ဒီဒေသမှာ ရွှေရှာတဲ့သူမရှိသလောက်ပဲ။ ရှိမှ
သုံးလေးယောက်လောက်ပေါ့။ အရင်က ရွှေရှာတဲ့သူတွေဆိုတာ အဆင်မပြေမှလုပ်ကြတာ။
အဆင်ပြေတဲ့သူတွေကလယ်ပဲလုပ်ကြတာ။ နောက်ပိုင်း စက်ပစ္စည်းတွေရော ဘာတွေရောနဲ့
အလုံးအရင်းနဲ့ဝင်လာကြတာ။ ခုတော့ ဒီဒေသခံတွေအတွက်ကျန်ခဲ့တာကတော့
သစ်ပင်မရှိတဲ့တောင်တွေရယ်၊ ရေမရှိတဲ့ ချောင်းတွေရယ်ပဲ၊ ရာသီဥတုကတော့ ပူတာလည်း သိတဲ့အတိုင်း တော်တော်ဆိုးဆိုးဝါးဝါးပဲ`ဟု ဦးထွန်းက ပြောသည်။
သစ်ပင်မရှိတဲ့တောင်တွေရယ်၊ ရေမရှိတဲ့ ချောင်းတွေရယ်ပဲ၊ ရာသီဥတုကတော့ ပူတာလည်း သိတဲ့အတိုင်း တော်တော်ဆိုးဆိုးဝါးဝါးပဲ`ဟု ဦးထွန်းက ပြောသည်။
တောင်များအတွင်း
ကျောက်ရွှေတူးဖော်ခြင်းလုပ်ငန်းများတွင် ရွှေတူးဖော်ခြင်း
လုပ်ငန်းများပြီးစီးပါကသစ်ပင်များ
ပြန်လည်စိုက်ပျိုးရန်အစိုးရမှညွှန်ကြားထားကြသောလည်း ပြန်လည်စိုက်ပျိုးသည့်
လုပ်ငန်းရှင်များနည်းပါးကြောင်းနှင့်စိုက်ပျိုးပြန်သောလည်း
မြေဆီမြေနှစ်များမရှိတော့သဖြင့် ရှင်သန်ရန်မလွယ်ကူကြောင်း သိရှိရသည်။
“ကျွန်တော်တို့ကုမ္ပဏီကတော့ လုပ်ကွက်ပြီးတိုင်း သစ်ပင်တွေကို ပြန်စိုက်ပါတယ်။ အစိုးရဘက်က ညွှန်ကြားတဲ့အထဲမှာလည်း သစ်ပင်တွေပြန်လည်စိုက်ပျိုးရမယ်ဆိုတာ ပါတယ်လေ။ ရာသီဥတုပူပြင်းလာတာကြတော့ဒီလိုကိစ္စတွေနဲ့လည်းဆိုင်ပါတယ်။ မဆိုင်ဘူးလို့တော့ ကျွန်တော်မငြင်းပါဘူး။ကျွန်တော်ဘက်ကတော့သတ်မှတ်ထားတဲ့စည်းမျည်းတွေအတိုင်းပဲလုပ်ဆောင်ပါတယ်”ဟု ဗန်းမောက်မြို့နယ်အတွင်းရှိ တင်မြင့်အောင်ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီဥက္ကဌဦးတင်မြင့်ကပြောသည်။
အဆိုပါ
ဒေသတွင်း ကျောက်ရွှေတူးဖော်ခြင်းလုပ်ငန်းများ၊
ရွှေမျှောတိုက်ခြင်းလုပ်ငန်းများနှင့် သစ်ခုတ်လုပ်ငန်းများကြောင့်
သစ်တောပြုန်းတီးခြင်းများက ရာသီဥတုကို သိသိသာသာပြောင်းလဲစေပြီး
အပူချိန်များ တိုးမြှင့်လာလျက် ရှိနေကြောင်းပညာရှင်များကလည်း သုံးသပ်ပြောဆိုလျက်ရှိသည်။
“ရွှေတူးတာတွေ
သစ်ခုတ်တာတွေက ရာသီဥတုအပူချိန်ကို တိုးစေတာပါပဲ။ အခုလဲ
မြန်မာနိုင်ငံအထက်ပိုင်း
ဒေသတွေမှာအပူချိန်ချိန်တွေသိသိသာသာတိုးလာတာကိုတွေ့ရပါတယ်”ဟု
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဟောင်း
ဒေါက်တာဦးထွန်လွင်ကပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment