Thursday, May 24, 2012

 မိုးစရွာနေပြီဖြစ်သဖြင့် လျှပ်စစ်မီးကိစ္စ မကြာမီ ပြေလည်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတအကြံပေး ပြောကြား

Ever November | 5/24/2012 09:17:00 PM | Best Blogger Tips
မိုးစရွာနေပြီဖြစ်သဖြင့် လျှပ်စစ်ကိစ္စ မကြာမီ ပြေလည်သွားမည်ဖြစ်ကြောင်း  နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရက်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
 "သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲ့ Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run လို့မရဘူး။ ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး။ မိုးက အခုဆိုတော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ။" ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
"ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။"ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
လက်ရှိ ရန်ကုန်-မန္တလေးအပါအ၀င် နယ်မြို့များတွင် ဖြစ်ပွားနေသည့် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်မှုများ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က "ဆန္ဒပြတယ်ဆိုတဲ့ကိစ္စသည် ပြည်သူတွေရဲက ဆန္ဒကို ဒီမိုကရေစီနိုင်ငံတွေမှာ ဖော်ပြတာ ထုံးစံပဲ။ သို့သော် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ ဥပဒေက ခွင့်ပြုထားတဲ့ အတိုင်းအတာအတိုင်း ဆန္ဒပြလို့ ရတယ်။ နိုင်ငံတကာမှာလည်း ဥပဒေအရ ခွင့်ပြုထားတာက မတ်တပ်ရပ် လမ်းလျှောက်ပြီး ဆန္ဒပြရင် ရတယ်။ ထိုင်လို့ရှိရင် ဆွဲတာပဲ။ နိုင်ငံတကာမှာ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြလို့ ပြန်ထွက်လာရင် ဆွဲတာပဲ။ ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့လိုပါတယ်" ဟု ယနေ့(မေလ ၂၄ ရက်နေ့)တွင် ပြောကြားခဲ့သည်။
"တစ်ကယ်တမ်းပြောရရင် ဥပဒေကထွက်ပြီး နည်းဥပဒေ မထွက်သေးဘူး။ တစ်ကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းရမယ်။" ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ဦးကိုကိုလှိုင် အပါအ၀င် နိုင်ငံတော်သမ္မတ အကြံပေးများဖြစ်သည့် ဒေါက်တာနေဇင်လတ်နှင့် အခြားပုဂ္ဂိုလ်များ တက်ရောက်ရှိကြောင်း သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1