Thursday, May 24, 2012

အဝေးပြေးယာဉ်လိုင်းများပေါ်တွင် မြန်မာဗီဒီယိုဇာတ်ကားးပြသခွင့်အား တားမြစ်

Ever November | 5/24/2012 08:29:00 PM | Best Blogger Tips
ယခင်ကနားလည်မှုနှင့်ခွင့်ပြုထားခဲ့သောအဝေးပြေးယာဉ်လိုင်းများပေါ်တွင် မြန်မာဗီဒီယိုဇာတ်ကားများ
 ပြသနေမှုများအား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။
 
“ဒါတွေက အရင်က နားလည်မှုနဲ့လုပ်နေကြတာပါ။ တကယ့်ဥပဒေအရဆို နယ်ကျော်ပြသခွင့်မပြုပါဘူး။ အဲဒါကြောင့် ခွင့်မပြုတော့တာပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးအေးကြူလေး ကပြောသည်။
 
အဆိုပါ မြန်မာဗီဒီယိုဇာတ်ကားများမှာ သတ်မှတ်ထားသောနယ်မြို့များတွင်သာပြသခွင့်ရှိကြောင်း အဝေးပြး ကားများပေါ်တွင်   ပြသနေခြင်းမှာ အဆိုပါစည်းမျဉ်းအား ဖောက်ဖျက်သည်ဟု ယူဆ၍ တားမြစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
 
“အဝေးပြေးယာဉ်ဆိုတော့ ရန်ကုန်ကအခွေက မန္တလေးလဲရောက်ချင်ရောက်သွားနိုင်တာပဲ၊ တစ်ခြား ဘယ်ပြည်နယ်တွေကို မဆို ရောက်သွားနိုင်တယ်။ အဲဒါကြောင့် အခုလိုလုပ်လိုက်ရတာပါ”ဟု ဦးအေးကြူ လေးက ပြောသည်။
 
ထိုသို့ မြန်မာဗီဒီယိုဇာတ်ကားများပြသခြင်းကို ခွင့်မပြုသော်လည်း ပရီစနစ်ဖြင့် ဖြန့်ချီသည့် သီချင်းခွေများကိုမူ ပြသ၍ရကြောင်း သိရသည်။
 
“ကောင်းလားဆိုးလာတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကားတွေထွက်တဲ့အချိန်ကလည်း ညဘက်မှ ထွက်တာ ဆိုတော့ အစအဆုံးသိပ်ကြည့်ဖြစ်ကြမှာမဟုတ်ပါဘူး။ အိပ်ကြမယ့်သူတွေပါပဲ။ ဘာမှတော့မဖြစ်ပါဘူး။ စည်း ကမ်းလေးတွေ ရှိတော့ ကောင်းတာပေါ့”ဟု နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် မကြာခဏသွားနေရသူ ကိုအောင် ကျော်ဇောကပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1