Thursday, May 24, 2012

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ မြေ ၉ ဒသမ ၂၅ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခု မြို့တော်စည်ပင်မှ အကောင်အထည်ဖော်မည်

Ever November | 5/24/2012 09:20:00 PM | Best Blogger Tips
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ မြေ ၉ ဒသမ ၂၅ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးဦးကျော်စိုးက မေလ ၂၂ ရက်နေ့က ပြောကြားခဲ့ ပါသည်။
''တိုးပွားလာမဲ့ လူဦးရေကိုမျှော်မှန်းပြီး လုပ်တဲ့နေရာမှာ ကျွန်တော်တို့ လက်ဝယ်ရှိတဲ့နေရာတွေကို လုပ်တာဖြစ်ပါတယ်။ နောက်ထပ်တိုးချဲ့ပြီး မြေကွက်တွေ ရလာလို့ရှိရင်လည်း တန်ဖိုးနည်းအိမ်ရာတွေ လုပ်ဖို့လည်း ရှိပါတယ်။ အခုတန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်လို့ အမှတ် ၄၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အကောင်အထည်ဖော်သွားဖို့။ အဲဒီမှာ မူလတိုင်းတာတော့ မြေ ၁၃ ဧကရှိတယ်။ အခုတော့ ဈေးလေးရယ်၊ ကျောင်းလေးရယ် ဖယ်လိုက်တာ မြေ ၉ ဒသမ ၂၅ ဧက ရှိတယ်။ အဲဒီမှာ အကောင်အထည်ဖော်မှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြောပြခဲ့သည်။

အကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် အခန်းပေါင်း ၆၄၈ ခန်း အဆောက်အဦ ၂၇ လုံးပါဝင်ပြီး စတုရန်း ၁၀၀၀ အဆောက်အဦ ၇ လုံးနှင့် စတုရန်း ၅၃၀ အဆောက်အဦ ၂၀ လုံးတို့ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင်း တိုးပွားလာမည့် လူဦးရေကို မျှော်မှန်းပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဆိုင်သော မြေနေရာများပေါ်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နောက်ထပ်မြေကွက်များ တိုးချဲ့ရရှိလာပါကလည်း တန်ဖိုးနည်းအိမ်ရာများ ဆက် လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင် လူဦးရေ တိုးပွားလာမှုနှင့်အတူ ပြောင်းရွှေ့အခြေချ နေထိုင်သူများလည်း များပြားလျက်ရှိရာ အိမ်ရာလိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1