Thursday, May 24, 2012

အီရန်အပေါ် အရေးယူပိတ်ဆို့မှု အသစ်ချမှတ်မည့် ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော် အတည်ပြု

Ever November | 5/24/2012 09:31:00 PM | Best Blogger Tips
အီရန်နိုင်ငံ၏ ယူရေနီယံ အဆင့်မြှင့်မှုလုပ်ငန်းကို ရပ်ဆိုင်းရန် ရည်ရွယ်ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အသစ်ချမှတ်မည့် ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့သည်။
မေလ ၂၃ ရက်နေ့တွင် ဘဂ္ဂဒက်၌ပြုလုပ်မည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုမတိုင်မီတွင် အီရန်အပေါ် အရေးယူပိတ်ဆို့မှု ပြုလုပ်မည့် အစီအစဉ်ကို မေလ ၂၁ ရက်နေ့တွင် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ရေနံ(သို့မဟုတ်) ယူရေနီယံရင်းမြစ်များအတွက် အကျိုးတူစီးပွားရေး ပြုလုပ်မှုတစ်နည်းအားဖြင့် နည်းပညာ (သို့မဟုတ်)သဘာဝရင်းမြစ် ထောက်ပံ့ပေးမည့် မည်သည့်နိုင်ငံ (သို့မဟုတ်) ကုမ္ပဏီကိုမဆို အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် ပြဋ္ဌာန်းသည့် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ယမန်နှစ် ဒီဇင်ဘာက အမေရိကန်လွှတ်တော်မှ အတည်ပြုခဲ့သည့် အရေးယူပိတ်ဆိုမှုများနှင့်အတူ ယခုဥပဒေမူကြမ်းကို ညှိနှိုင်းလုပ်ဆောင်ရ မည်ဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1