Thursday, May 24, 2012

လီဗာပူး အားကစား ဒါရိုက်တာ ဖြစ်လာရန် ရေပန်း စားနေသည့် လူးဝစ် ဗန်ဂေါလ်

Ever November | 5/24/2012 09:12:00 PM | Best Blogger Tips


ဘိုင်ယန်မြူးနစ် နည်းပြဟောင်း လူးဝစ်ဗန်ဂေါလ်ဟာ လီဗာပူး အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်လာဖို့ ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရပါတယ်။
ဗန်ဂေါလ်ဟာ အေဂျက်ဇ် နဲ့ ဟော်လန် အသင်းတို့မှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၃ လကြာမှာ ဘိုင်ယန်မြူးနစ် အသင်းမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဗန်ဂေါလ်ဟာ အသင်းရဲ့ ကစားသမား အင်အား တောင့်တင်းအောင် ဆောင်ရွက်နိုင်သူ ဖြစ်တာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ဘောလုံး ဒါရိုက်တာ ကိုမိုလီ ရာထူးမှ လွန်ခဲ့တဲ့ ၆ ပတ် အကြာက ထုတ်ပယ်ခံခဲ့ရတာကြောင့် ဗန်ဂေါလ်နဲ့ အစားထိုးသွားဖွယ် ရှိပါတယ်။ ဗန်ဂေါလ်ဟာ  လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးလေ့ရှိတဲ့ နည်းပြတစ်ဦး ဖြစ်တာ ကြောင့် လီဗာပူးက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လီဗာပူး အသင်းပိုင်ရှင် ဟင်နရီဟာ အသင်းကို ပုံစံသစ်နဲ့ ပြန်လည် ဖွဲ့စည်းဖို့ ဆန္ဒရှိနေပြီး လူငယ် ကစားသမားတွေ ပြုစု ပျိုးထောင်ဖို့ အားကစား ဒါရိုက်တာ နေရာမှာ အတွေ့အကြုံ ရှိတဲ့သူကို ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က နည်းပြ ဒဲလ်ကလစ်ကို ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် ခန့်အပ်ဖို့ ဆွေးနွေးမှု ပြုလုပ်ရခြင်း မရှိကြောင်း သိရပါတယ်။ လက်ရှိ အချိန်မှာ ဆွမ်ဆီး နည်းပြ ဘရီဒန်ရော်ဂျာ ၊ ချဲလ်ဆီး နည်းပြဟောင်း ဘိုအက်စ် နဲ့ ၀ီဂန် နည်းပြ မာတီနက်ဇ်တို့ နည်းပြသစ် ဖြစ်လာဖွယ် ရှိကြောင်း ရေပန်းစားနေတာ တွေ့ရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1