Thursday, May 24, 2012

ပြည်မြို့တွင် လျှပ်စစ်မီးရရှိရန် တောင်းဆိုသောပြည်သူများအား ရိုက်နှက်ဖမ်းဆီးမှုများရှိနေ

Ever November | 5/24/2012 08:11:00 PM | Best Blogger Tips
ပြည်မြို့တွင် လျှက်စစ်မီးရရှိရေးအတွက် တောင်းဆိုလျှက်ရှိသည့် ပြည်သူများအား အာဏာပိုင်များက ယနေ့နံနက်တွင် နံနက်၁၁နာရီခန့်တွင် ရိုက်နှက်၍ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 
“ကျွန်တော်တို့ငြိမ်းချမ်းစွာတောင်းဆိုနေတာကို ကျွန်တော်တိုကို လုံထိမ်းတွေက နံပတ်တုတ်တွေနဲ့ ရိုက်တယ်။ ဒိုင်းတွေ ဒုတ်တွေနဲ့ လုံထိမ်းအယောက် (၆၀)လောက်က အချုပ်ကားတွေပေါ် ဆွဲတင် ပြီတော့ ပြည်ထောင်ထဲကို ကျွန်တော်တိုလူတွေကို   ခေါ်သွား တယ်။’  ပာု ပြည်မြို့ခံ ကိုမျိုးသူထွန်းက ပြောသည်။
 
အဆိုပါ ရိုက်နှက်ဖမ်းဆီးမှုတွင် လျှက်စစ်မီးရရှိရေးအတွက် ဦးဆောင်သူ (၆)ဦးအား အချုပ်ကားဖြင့် ပြည်ထောင်သို့   ခေါ်ဆောင်သွားခြင်းဖြစ်သည်။
 
“သူတို ရိုက်နှက်ခေါ်သွားတဲ့လူတွေက HRDPက ကိုဇော်ထွန်းရယ် ကိုကျော်ဆွေ၊ ကိုမြင့်အေး၊ ဖိုးဖြူ၊ ထူးထူး၊၀င်းနိုင် တို့ပါသွားတယ်။ တော်တော်လည်း ဒဏ်ရာရသွားပုံရတယ်။”ပာု တောင်ဆိုဆန္ဒပြမှု တွင် ပါဝင်သူတစ်ဦးက ပြောသည်။
 
လက်ရှိအချိန်တွင် HRDPမှ တာဝန်ရှိသူများ၊ NLD ပါတီဝင်စုစုပေါင်း လူ(၂၀)၀န်းကျင်က ပြည်ထောင် အရှေ့တွင် အာဏာပိုင်များမှ ခေါ်ယူသွားသူများအား စောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရသည်။
 
ထိုကဲ့သို့ရိုက်နှက်ဖဖ်းဆီးမှုများကြောင့် အဖွဲ့အစည်းများက တာဝန်ရှိသူများအနေဖြင့် ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုလည်း အဆိုပါပုဂ္ဂိုလ်ကဆက်ပြောသည်။
 
ထိုကဲ့သို့ရိုက်နှက်ဖဖ်းဆီးမှုများအား ရဲဝန်ထမ်းများလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ ဋ္ဌာနဆိုင်ရာ တာဝန်ရှိ သူများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်၊ အမှတ်(၂)ရဲစခန်းကသိရှိရသည်။
 
‘’ ဖဖ်းဆီးထားတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့ အဖွဲ့လည်း မဟုတ်ဘူး၊ အပေါ်က ဋ္ဌာနဆိုင်ရာလူကြီးအဖွဲ့တွေ လုပ်တာပါ၊ အခု အစည်းအဝေးထိုင်နေပါတယ်’’ဟု ပြည်၊ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူတစ်ဦးကဆိုသည်။
 
ပြည်မြို့တွင် လက်ရှိပြုလုပ်လျှက်ရှိသော လျှပ်စစ်အတွက် ဆန္ဒပြတောင်းဆိုမှုတွင် ဦးစီးဦးဆောင် ပြုခဲ့သော  လူ(၉)ဦးအား  ပြည်မြို့နယ် အာဏာပိုင်များက မေလ(၂၃)ရက်နေ့တွင် ခေါ်ယူ၍ စစ်ဆေး ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
 
ဆန္ဒထုတ်ဖော်သူများအား ဦးဆောင်သူ(၉)ဦးအား ခေါ်ယူစစ်ဆေးခြင်းနှင့်ပတ်သက်၍ ခေါ်ယူဆွေးနွေး   ခြင်းသာ ဖြစ်ကြောင်း   ပြည်မြို့နယ်၊ အမှတ်(၂)ရဲစခန်းက သိရှိရသည်။
 
 “ကျွန်တော်တို့ ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး၊ ဆွေးနွေးတိုင်ပင်ခြင်း သာဖြစ်ပါတယ်” ဟု အမှတ်(၂) ရဲစခန်း မှတာဝန်ရှိသူ တစ်ဦးက မေလ(၂၃)ရက်နေ့တွင် ပြောကြားခဲ့သည်။
 
အဆိုပါ ခေါ်ယူစစ်ဆေးမှုတွင် အာဏာပိုင်များက ၄င်းတို၏ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြုခွင့်မရှိကြောင်း၊ နည်းဥပဒေ အစစ်မရရှိသေး၍ ခွင့်ပြုချက် မရရှိခြင်းသေးဖြစ်ကြောင်း၊ စီတန်းလမ်းလျှောက် တောင်းဆိုခြင်းအား  ရပ်တန့် ပေးရန်တို့ ပါဝင်သည်ဟု    ခေါ်ယူစစ်ဆေးခံရသူ NLD ပါတီဝင် ကိုမျိုးသူထွဋ်၏ ပြောဆိုမှုအရ သိရှိရသည်။
 
“ကျွန်တော်တို့ကို အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးမူတွေ လုပ်ပါတယ်။ကျွန်တော်တို တောင်းဆိုဆန္ဒပြမှု တွေကို ရပ်တန့်ပေးဖို့ပြောတယ်။ ခွင်ပြုစာမကျသေးဘဲ ဆန္ဒပြလိုမရဘူးတဲ့။ ဒါပေမဲ့ ကျွန်တော်တို့ စာတင် ထားတာကြာပြီ။”ပာု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
 
ပြည်မြို့တွင် လျှက်စစ်မီး(၂၄)နာရီရရှိရေးအတွက် လူထုဆန္ဒတောင်းဆိုမူမှာ မတ်လ(၂၁)ရက်နေ့မှစ၍ ညအချိန် တွင် လျှပ်စစ်ရုံးရှေ့၌ လူဦးရေ(၁၅၀၀)၀န်းကျင်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး ယမန်နေ့ မှစတင်၍ နေ့ဘက်တွင်လည်း မြို့အတွင်းသို့ လမ်းလျှောက်၍ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
 
“ကျွန်တော်တို့ တောင်းဆိုဆန္ဒပြ ဖို့အတွက် (၄)လပိုင်း (၁၀)ရက်နေ့ကတည်းက ဆန္ဒပြဖို့ စာတင် ထားတာ (၅) လပိုင်း(၅)ရက်နေ့လည်း ရောက်ရော ပယ်ချခံရတယ်၊ ဒီတော့ ကျွန်တော်တို့လည်း ထပ်ပြီးခွင့်ပြုချက် မတောင်း တော့ဘဲ လမ်းပေါ်မှာထွက်ပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြတာ” ဟု လူ့အခွင့်အရေးမြှင့်တင်သူများကွန် ယက်(HRDP)မှ ကိုဇော်ထွန်းက ပြောသည်။
 
ပြည်မြို့တွင် တစ်ရက်လျှင် (၆)နာရီသာ လျှပ်စစ်မီးရရှိသည့်အတွက် ပြည်သူပြည်သားများအနေဖြင့် လျှပ်စစ်မီး    လုံလောက်စွာရရှိရန် မြို့ခံများက  လမ်းလျှောက်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
 
မေ(၂၃)ရက်နေ့ နောက်ဆုံးရသတင်းများအရ အာဏာပိုင်များမှ အခြားအဖွဲ့အစည်းမှ လူတစ်ဦးအား ထပ်မံ၍ ခေါ်ယူစစ်ဆေးခဲ့ ကြောင်း၊ မေလ(၂၄)ရက်တွင် သိရှိရသော သတင်းများအရ လူ(၃)ဦးအား ထပ်မံစစ်ဆေးရန်ခေါ်ယူသွားကြောင်း  သိရှိရသည့်အတွက် စစ်ဆေးခံနေရသူ(၁၃)ဦးအထိ ရှိလာပြီ ဖြစ်သည်။
 
ပြည်မြို့တွင် စစ်ဆေးခံခဲ့ရသူများတွင် ဦးမျိုးသူထွန်း၊ ဦးမြင့်ဋ္ဌေး၊ ဦးကျော်ဆန်း၊ ဦးကျော်ကျော်ဦး၊ ကိုလင်းလင်း၊ ကိုကုလားလေး၊ ကိုလူမင်းတို့ ပါဝင်ကြောင်း သိရှိရသည်။
စောဇင်ညီ (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1