Wednesday, May 16, 2012

ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်

Ever November | 5/16/2012 10:20:00 AM | Best Blogger Tips
 
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ 
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။
ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးက မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးအစီအစဉ်တွေ ရှေ့ဆက်အရှိန်အဟုန် ကောင်းလာအောင် ထောက်ပံ့ကူ
ညီသွားဖို့ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
ဒါ့အပြင်ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး၊ပိတ်ဆို့အရေးယူမှုတွေ လျော့ပေါ့ရေး အပါအ၀င် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဝင်ရောက်လာရေးကိစ္စတွေကိုလည်း ဆွေးနွေး
မယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရကစီစဉ်ကျင်းပမယ့်ကမ္ဘာ့စက်မှုထိပ်သီး၈ နိုင်ငံအစည်းအဝေးကိုအမေရိကန်နိုင်ငံ
 မေရီလန်းပြည်နယ်မှာရှိတဲ့ အမေရိကန်သမ္မတရဲ့အပန်းဖြေစခန်း Camp David မှာ အခုလာမယ့် သောကြာနဲ့ စနေနေ့တို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ အမေရိကန်၊ ရုရှ၊ ကနေဒါ၊ ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံက အစိုးရခေါင်းဆောင်တွေတက်ရောက်ကြမှာပါ။အဖွဲ့ဝင်မဟုတ်ပေမယ့်တရုတ်အစိုးရ ခေါင်းဆောင်တွေ
လည်း တက်ရောက်မယ်လို့ ဆိုပါတယ်။
ထိပ်သီးညီလာခံမှာ ဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေက မြန်မာနိုင်ငံကအပြောင်းအလဲ၊ဆီးရီးယားနိုင်ငံက
 သွေးချောင်းစီးနေမှု၊ အာဖရိကတိုက်က စားနပ်ရိက္ခာရှားပါးမှု ပြဿနာ၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စ အပါအ၀င် ဥရောပ ငွေကြေးဈေးကွက် အကြပ်အတည်း ကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1