Wednesday, May 16, 2012

 မြန်မာဘဏ်တို့ လျှောက်မယ့်လမ်း

Ever November | 5/16/2012 09:01:00 PM | Best Blogger Tips

မကြာသေးမီက မြေလတ်မြို့ လေးတစ်မြို့က မိတ်ဆွေတစ်ယောက်နဲ့ တယ်လီဖုန်းပေါ် စကားစပ်မိရင်း သူတို့မြို့မှာ ဘဏ်အသစ်တွေ အများကြီးဖွင့်ဖို့ စီစဉ်နေကြပြီး တကယ်တန်းကျ သူတို့မြို့လေးအနေနဲ့ ဘဏ်တွေ ဒီလောက်ဖွင့်ဖို့လိုတဲ့ ဈေးကွက်မျိုးရှိတယ်လို့ သူမထင်မိပုံကိုပြောပြ ပါတယ်။ ဒီမိတ်ဆွေပြောတာက သ ဘာဝကျပါတယ်။

မြို့နယ်အဆင့် မြို့လေးတစ် မြို့မှာ ဘဏ်ရဲ့အခန်းကဏ္ဍက အပ် ငွေလက်ခံမယ်။ ချေးငွေထုတ်ချေး မယ်။ ပြီးတော့ အဓိကလုပ်ငန်းအ နေနဲ့ငွေလွှဲလုပ်ငန်းလုပ်မယ်ဆိုရာမှာ နောက်ထပ် ဘဏ်အသစ်သုံးလေးခုလောက် ထပ်ဖွင့်ဦးမယ်ဆိုတာ လိုကောလိုလို့လား၊ ဈေးကွက်ရော ရှိပါ့မလား စဉ်းစားတာက မမှားပါဘူး။ အခုကျွန်တော်တို့မှာ ပုဂ္ဂလိက ဘဏ်လုပ်ပိုင်ခွင့်လိုင်စင်နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိက ဘဏ်ပေါင်း ၁၉ ဘဏ်ရှိနေပြီး ရန်ကုန်မြို့မှာတင် ဘဏ်ခွဲပေါင်း ၆၅ ခု လည်ပတ်လုပ် ကိုင်နေပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံပိုင် ဘဏ်ငါးခုလောက်နဲ့ ပုဂ္ဂလိက ဘဏ် ၁၉ ခုနဲ့ လည်ပတ်နေတယ်ဆိုတော့ ကျွန်တော်တို့ အိမ်နီးချင်းများမှာရော ဘဏ်ပေါင်းဘယ်လောက်ရှိနေလဲ အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်ရအောင်ပါ။
အိမ်နီးချင်းနိုင်ငံများနဲ့ နယ်မြေချင်းဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံများရှိ ဘဏ်အရေအတွက်က အိန္ဒိယမှာ ၅၁ ဘဏ်၊ ဘင်္ဂလားဒေ့ရှ်မှာ (နိုင်ငံပိုင်ဘဏ် ၄ ခုအပါအ၀င်) ၃၄ ဘဏ်၊ ပါကစ္စတန်မှာ ၄၆ ဘဏ်၊ ထိုင်းမှာ ၃၅ ဘဏ်နဲ့ တရုတ်ပြည်မမှာ ၃၂ ဘဏ် (ဟောင်ကောင်က ၂၃ ဘဏ်နဲ့ မကာအိုက ၁၀ ဘဏ်ကိုပါ ထည့်ပေါင်းရင် ၆၅ ဘဏ်)ရှိတာ တွေ့ရပါတယ်။

ဒီတော့ သူတို့နဲ့နှိုင်းယှဉ်ရင် ကျွန်တော်တို့ ဘဏ်အရေတွက်က မများလွန်းလှသေးတာ သေချာပါတယ်။ ဒါပေမယ့် ဒီလိုသေချာနေပါလျက်နဲ့ တချို့သောမြို့လေးတွေမှာ ဖွင့်ထားပြီးသား(ပုဂ္ဂလိကဘဏ် အချို့မှာ ဘဏ်နဲ့ ဆက်သွယ်သူ (Customer) မရဘဲ အလုပ်မဖြစ်လှသေးဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာဘဏ်များနဲ့ ကျွန်တော်တို့ဘဏ်တွေနဲ့ အဓိကကွာတာ တစ်ခုက ဘဏ်တွေက နေ့စဉ် ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေသာမက မိသားစု ရောင်းရေးဝယ်တာကိစ္စမျိုးတွေမှာပါ အဓိကနေရာက ပါဝင်ပတ်သက်နေတာပါပဲ။ ဒီနေရာမှာ ငွေပေးချေမှုစနစ်မှာ နိုင်ငံအများစုမှာ ချက်ဖြင့် ပေးချေခြင်း၊(Cheque Payment)၊ စာရင်းပြောင်း ပေးချေခြင်း(Transfer Payment) နဲ့ ဘဏ်ကတ်(သို့မဟုတ်) အကြွေးဝယ်ကတ်ဖြင့် ပေးချေခြင်း (Paid by Bank Card or Credit Card) တို့က အများစုဖြစ်ပြီး ငွေသားဖြင့် တိုက်ရိုက်ပေးချေခြင်း (Cash Payment) ကိုက အသေးအဖွဲ့ ပေးချေခြင်းနဲ့ ဆိုင်းအသေးအမွှား အချို့သာ သုံးစွဲတာဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီနိုင်ငံမှာတော့ အားလုံးသိကြတဲ့အတိုင်း ငွေပေးချေမှုများ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်ကို ငွေသားနဲ့ တိုက်ရိုက်ပေးချေပြီး မပြောပလောက်တဲ့ အတိုင်းအတာနဲ့သာ ချက်တို့စာရင်းပြောင်းတို့ ကတ်တို့ သုံးကြတာပါ။ ဒီတော့ ဘဏ်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန် ပြီး ဘဏ်တွေက 'အလုပ် လုပ်သင့်သသလောက် မလုပ်ရဘူးလား'လို့များ မေးခဲ့ရင် . . . တကယ်တော့ ဒီလိုဖြစ်နေတဲ့အတွက် ဘဏ်တွေမှာ အလုပ်များသင့်တာထက် ပိုများပြီး လုပ်အားရော စရိတ်ပါ လေလွင့်ယိုဖိတ်မှုတွေ ခံစားနေရတဲ့အပြင် ဘဏ်တွေဟာ သူရှိသင့်တဲ့နေရာမှာ မရှိနိုင်ဘဲ ဖြစ်နေပါတယ်လို့ ဖြေရပါမယ်။ ထားပါတော့။ ဒါတွေက ဖြည်းဖြည်းတော့ ကျွန်တော်တို့အားလုံး ၀ိုင်းပြင်သွားရမယ့် အပိုင်းတွေပါ။ ပြင်ရမယ့်ဟာတွေထဲက ခေါင်းထဲပေါ်လာတာတစ်ခုကို ပြောရရင် ကျွန်တော်တို့တစ်တွေမှာ ချက်လက်မှတ် သုံးတဲ့စနစ်ရော ချက်လက်မှတ် သုံးတဲ့အကျင့်ပါ အားနည်းနေသေးတာပါပဲ။ ချက်လက်မှတ်သုံးနိုင်တဲ့ စနစ်ကိုတော့ နိုင်ငံတော် အစိုးရအပါအ၀င် လူထုလူတန်းစား အဖွဲ့အစည်းများက ၀ိုင်းဝန်းကူညီ ပျိုးထောင်ပေးရမှာပါ။ ဒီလိုပျိုးထောင်ပေးမှလည်း ချက်လက်မှတ်သုံးတဲ့ အကျင့်ရလာမှာ ဖြစ်ပါတယ်။
ပုဂ္ဂလိက ဘဏ်သစ်တစ်ခုမှာ စာရင်းဌာနရဲ့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့စဉ်မှာ ကျွန်တော့်ဘဏ်မှာ လူသိများတဲ့ လုပ်ငန်းရှင်ကြီးများက စာရင်းဖွင့်ထားတာမို့ သူတို့နဲ့ ပုံမှန်ငွေပေး ငွေယူရှိသူများကို ကျွန်တော့်ဘဏ်မှာ စာရင်းလာဖွင့်နိုင်အောင် စည်းရုံးစီစဉ်ပေးဖို့ ပြောခဲ့ဖူးပါတယ်။ ဒီနည်းနဲ့ သူတို့တွေကြားမှာ ချက်လက်မှတ်နဲ့ ပေးချေမှုဖြစ်နိုင်အောင် ကျွန်တော်တတ်အားသရွေ့ တစ်ပိုင်တနိုင် ဖန်တီးပေးတဲ့သဘောပါ။ ဒါပေမဲ့ ဒီလို ချက်လက်မှတ်နဲ့ ပေးချေဖို့ စီစဉ်ရတာမျိုးကို ပေးသူရော လက်ခံသူရောက သိပ်လိုလိုလားလား မဖြစ်တာ သတိထားမိပါတယ်။ အ ထူးသဖြင့် ချက်လက်ခံရသူက ဖြစ်နိုင်ရင် ငွေသားပဲ ရချင်တတ်ပါတယ်။ ချက်ပေးရသူက လည်း ငွေသားအစား ချက်ပေးရင်ပဲ ကိုယ်ကတမင်ညစ်သလိုလို အထင်မခံချင်တာမျိုး ဖြစ်တတ်တာ သတိထားမိပါတယ်။ ကျွန်တော်အတော်အံ့သြမိပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေထဲက အများစုဟာ နိုင်ငံတကာကို ဥဒဟိုသွားလာနေတာပါပဲ။ ဟိုမှာဆို ချက်တွေ ကတ်တွေ သုံးနေကြတာပါပဲ။ ဒီရောက်မှ ဒီလိုဖြစ်ရတာ အံ့သြစရာ မဟုတ်ပါလား။ ဒီလိုဖြစ်ရတဲ့အဓိက အချက်ကတော့ ဟိုမှာချက်တွေ၊ ကတ်တွေလက်ခံနေကျမို့ အလိုက်သင့် သုံးဖြစ်တာဖြစ်ပြီး လက်ခံနေကျ မဟုတ်တဲ့ ကိုယ့်နိုင်ငံမှာ အသုံးရခက်နေတဲ့သဘော ထင်ပါတယ်။
ဒီလိုဖြစ်ရတာကလည်း ငွေလက်ခံသူအများစုက ချက်နဲ့လက်ခံရမှာ ကိုစိမ်းနေသေးတာ၊ အသားမကျသေးတာကြောင့် ဖြစ်ပါတယ်။ တချို့က ပြောတယ်။ ချက်က ငွေမရှိမှာ ဒါမှမဟုတ် ဘဏ်မှာစောင့်ရမှာ အချိန်ကုန်မှာ ဒါတွေကို မကြိုက်လို့လို့ ဆိုပါတယ်။ ဒါလည်း မှန်သင့်သ လောက် မှန်ပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ကိုယ်လုပ်နေကျ မဟုတ်တာတစ်ခုကို လုပ်ဖို့စိတ်မပါတာ။ တစ်နည်းအားဖြင့် တစ်ခုခု မှားသွားမလား။ စိုးရိမ်တာက ပိုများပါလိမ့်မယ်။

ချက် တကယ်လက်မခံဖြစ်တာက ဘဏ်မှာ သွားရ စောင့်ရ ငွေမရှိမှာ ပူရဆိုတာမျိုးထက် လက်ခံဖို့ အသားမကျသေး (used to မဖြစ်) တာက ပိုပါတယ်။ ဒီတော့ ငွေလက်ခံသူများက ချက်ကိုလွယ်လင့်တကူ လက်ခံရဲတဲ့ စိတ်လုံခြုံမှုနဲ့ ငွေပေးသူကလည်း ချက် လွယ်လင့်တကူ ထုတ်ပေးလို့ရတဲ့ ခေတ်မီစနစ်ကျသော လူမှုစီးပွားစနစ်မျိုးကို ကျွန်တော်တို့ ၀ိုင်းထူထောင်ပေးရမှာပါ။ 
တချို့သော အစိုးရဆီငွေပေး သွင်းရမယ့်ကိစ္စမျိုးတွေမှာ ချက်လက်မှတ်နဲ့ လက်ခံတဲ့ အလေ့အကျင့် လုပ်ပေးနိုင်ပါတယ်။ ဥပမာ ဆိုပါစို့။ လျှပ်စစ်မီတာခကို ချက်နဲ့လက်ခံမယ်ဆိုရင် ငွေရေတွက်ရတာ သက်သာမယ်။  လျှပ်စစ်သုံးစွဲသူက ချက်သုံးစွဲတဲ့ အလေ့အကျင့် ရသွားမယ်။ ငွေသွင်းသူက ငွေမသွင်းရင် ဓာတ်အားဖြတ် တောက်ခံရမှာမို့ သူ့စာရင်းလက်ကျန်ထဲမှာ ငွေမရှိမှာလည်း ပူစရာမလိုပါဘူး။

ဒီလိုကာလမျိုးမှာ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက သိပ်ကျဉ်းနေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက ကျယ်ဝန်းပြီး စနစ်ကျတာနဲ့အမျှ ကျွန်တော်တို့တစ်တွေ နိုင်ငံတကာနဲ့ ပိုဝင်ဆံ့ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုကို ဘဏ်များက တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ...


အခုလည်း အခွန်ဦးစီးဌာနလို အစိုးရထံပေးသွင်းရမယ့် ငွေများအပေါ် ချက်နဲ့လက်ခံတဲ့စနစ် ရှိနေပြီးသားပါ။ ဒါပေမဲ့ ငွေလက်ခံမယ့်ဌာနကိုသွားပြီး အဲဒီက သက်ဆိုင်ရာအရာရှိက ဘဏ်ချလန်ပေါ်မှာ လက်မှတ်ရေးထိုးပေး ထားတဲ့ ချလန်စာရွက်ကို သွားယူရပြီး ဘဏ်ကိုတစ် ခေါက် သွားသွင်းရပါမယ်။ အဲဒီက ပြန်ရတဲ့ သက်ဆိုင်ရာဌာနအတွက် ဘဏ်ကပေးတဲ့ ပြေစာ(ချလန်)မိတ္တူကိုပါ တစ်ခေါက် ပြန်လာပေးရပါဦးမယ်။ ချက်နဲ့သွင်းတဲ့သူမှာ ငွေသားထက်ပိုမလွယ်တဲ့အပြင် ပိုရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေတတ်ပါတယ်။ ဘဏ်တွေက လုပ်ပေးနိုင်တဲ့ အလေ့အကျင့်အချို့ကို ပြောရရင် ဘဏ်စာရင်းပိုင်ရှင်များက သူ့မိသားစုဝင်များကို စာရင်းသစ် ဖွင့်ပေးရာမှာ စာရင်းစဖွင့်တဲ့ငွေကို သူ့ချက်လက်မှတ်နဲ့ ပေးပြီးဖွင့်လို့ရပါတယ်။ ဒီလိုဖွင့်ခြင်းဖြင့် ငွေရေတွက်ရတဲ့ ဒုက္ခနည်းသွားသလို စောင့်ရတဲ့ဒုက္ခလျော့သွား တာပါပဲ။
ဒီလိုပဲ ပေးဖို့ မသေချာသေးတဲ့ ငွေပေး၊ ငွေယူကိစ္စ။ ဥပမာ သူ့ဆောင်ရွက်မှုတစ်ခုခု မပြီးခင်မှာ ငွေ ကြိုပေးထားရပြီး သူ့ဆောင်ရွက်မှု မကျေနပ်ရင် ငွေမပေးချေချင်သေးတဲ့ကိစ္စမျိုးမှာ ငွေလက်ခံမယ့်သူကို သူ့ဆောင်ရွက်မှု ပြီးစီးမယ့်နေ့ကို ကြိုနေ့စွဲတပ်ထားတဲ့ နေ့စွဲကြိုတပ်ချက် လက်မှတ် (Post Dated Cheque) ပေးထားနိုင်ပုံ၊ လက်ခံရရှိသူက ယင်းရက်မတိုင်မီ ငွေမထုတ်နိုင်ပုံ၊ သူ့ဆောင်ရွက်မှုကို မကျေနပ်ပါက ချက်လက်မှတ်ကို ပြန်ရုပ်သိမ်းနိုင်ပုံတို့ကို ရှင်းပြပေးနိုင်ပါတယ်။ နောက်တခြားဘဏ်က တခြားလူရဲ့ စာရင်းထဲကို ချက်နဲ့ ပေးသွင်းနိုင် သလို ကိုယ့်စာရင်းထဲကို တခြားဘဏ်က ချက်နဲ့ငွေလက်ခံနိုင်တဲ့ ဘဏ်အချင်းချင်း စာရင်းရှင်းချက် (Clearing Cheque) အကြောင်းလည်း သူတို့ကို ရှင်းပြပြီး ဆက်သွယ် ဆောင်ရွက်စေသင့်ပါတယ်။
ကျွန်တော်တို့က မကြာမီ နိုင်ငံတကာ မိသားစုကြီးထဲမှာ ထဲထဲဝင်ဝင် နေရာယူလာတော့မှာပါ။ အထူးသဖြင့် အာဆီယံထဲမှာ အများနည်းတူ တာဝန်တွေရော လုပ်ပိုင်ခွင့်တွေရော ရရှိ တာဝန်ယူကြရတော့မှာပါ။ ဒီလို ကာလမျိုးမှာ ကျွန်တော်တို့ဘဏ်တွေ လျှောက်ရမယ့်လမ်းက သိပ်ကျဉ်းနေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘဏ်တွေ လျှောက်ရမယ့်လမ်းက ကျယ်ဝန်းပြီး စနစ်ကျတာနဲ့အမျှ ကျွန်တော်တို့တစ်တွေ နိုင်ငံတကာနဲ့ ပိုဝင်ဆံ့ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုကို ဘဏ်များက တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို ကျယ်ဝန်းသပ်ရပ်လှပတဲ့ လမ်းမျိုးကို ဘဏ်များက ကိုယ့်ဘာသာ ချဲ့ထွင်ဖန်တီးယူရမှာရှိသလို အစိုးရနဲ့တကွ လူထုလူတန်းစားအဖွဲ့များ၊ စီးပွားရေးပညာရှင်များ၊ မီဒီယာများအားလုံးက ၀ိုင်းပြီး ဖန်တီးပေးရမှာပါ။ ဘဏ်များ လျှောက်ကြမယ့်လမ်းဟာ ကျွန်တော်တို့အားလုံး အနာဂတ် စီးပွားဖွံ့ဖြိုးမှုဆီကို အတူတကွ လျှောက်သွားရမယ့် လမ်းလည်းဖြစ်တာမို့ ကျွန်တော်တို့အားလုံး လက်တွဲ ဖော်ဆောင်ပေးကြရအောင်ပါ။
မောင်လွင်မွန်(ကသာ)
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1