Wednesday, May 16, 2012

မြောက်ဥက္ကလာပ လမ်းမကြီး ပြုပြင်မှုကြောင့် ယာဉ်ကြောရှုပ်ထွေးခဲ့

Ever November | 5/16/2012 08:59:00 PM | Best Blogger Tips
ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်တတ်တဲ့ မြောက်ဥက္ကလာ ပလမ်းမကြီးတလျှောက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှ စတင်ကာပြုပြင်လျက်ရှိနေပြီး ဒီလိုလမ်းပြုပြင်မှုတွေ ပြုလုပ်နေတဲ့ အတွက်လည်း အဆိုပါလမ်းမကြီး တလျှောက်မှာ ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လျက် ရှိနေပါတယ်။ ဒီလို လမ်းပြုပြင် တိုးချဲ့မှုတွေ လုပ်ဆောင်လျက်ရှိရာမှာ မေလ ၁၄ ရက်နေ့အထိ ပြုပြင်မှုတွေ အများအပြားပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပြုပြင်မှုဟာယခင်ကတ္တရာလမ်းဟောင်းကိုကွန်ကရစ်လမ်းသစ်အဖြစ် ပြောင်းလဲခင်းကျင်းနေတာ ဖြစ်ပါ
တယ်။ ဒီလို ပြုပြင်မှုတွေ ပြုလုပ်ရာမှာ သုဓမ္မာလမ်းမကြီး ၊ ခေမာသီလမ်း ၊ မြောက်ဥက္ကလာအ၀ိုင်း အစရှိတဲ့ လမ်းများကို လမ်းသားချဲ့ပြီး လမ်းအသစ်ခင်းမှုတွေ ဆောင်ရွက်တာဖြစ်ပါတယ်။ အခုလိုလမ်း ပြုပြင်မှုတွေ မပြီးစီးသေးတဲ့ အတွက်လည်း ပြုပြင်မှုတွေ လုပ်ဆောင်နေတဲ့ လမ်းတဖက်ကို ပိတ်ထားကာ လမ်းတခြမ်းကိုသာ အသုံးပြု သွားလာရတဲ့အတွက် လက်ရှိမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေ ပါတယ်။ အခုလို ယာဉ်ကြောပိတ်ဆို့မှုတွေဟာ ရုံးဆင်းရုံးတက် ချိန်တွေဖြစ်တဲ့နံနက် ၉ နာရီမှ ၁၀ နာရီ ၀န်းကျင်မှာတစ်ကြိမ် ၊ ညနေ ၃ နာရီမှ ညဘက်အထိတ စ်ကြိမ်မှာ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်အဲ့ဒီလမ်းတလျှောက်မှာယခင်ကတည်းကယာဉ်ကြောရှုပ်ထွေးပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီလို ဖြစ်ပေါ်ရတာဟာ စည်းကမ်းမရှိတဲ့ ယာဉ်မောင်းနှင်သူများနဲ့ ကုန်ကား ၊ အဝေးပြေး ခရီးသွား ကားများကြောင့်  ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လမ်းပိတ်ဆို့မှုဟာ မြောက်ဥက္ကလာ အ၀ိုင်နားမှာ အများဆုံး ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လမ်းပြုပြင်တိုးချဲ့မှုတွေ ဆောင်ရွက်လျက်ရှိကာ ဒီလို ပြုပြင်မှုတွေ ပြီးစီးသွားရင်တော့ ယခင်ကလို ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်တာ့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
 MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1