Wednesday, May 16, 2012

ဖြေလျော့ဗီဒီယိုဆင်ဆာတွင် ဦးကျော်သူ၏ ရင်ခုန်နှင်းဆီနှင့် လွတ်လပ်ခြင်း ဇတ်ကားများ ပါဝင်လာ

Ever November | 5/16/2012 08:39:00 PM | Best Blogger Tips
တစ်ဆယ့်နှစ်နှစ်တာကာလအတွင်း ဆင်ဆာပိတ်ထားသော ဗွီဒီယိုဇာတ်ကားများမှ ဇတ်ကား(၂၉)ကားအား   ဖြေလျော့ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရှိရသည်။
 
ပြန်ကြားရေးဝန်ကြီးဌာနက ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း နှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆင်ဆာ ပိတ်ထား သောဇတ်ကား (၇၀)ရှိသည့် အနက်မှ ယခုကဲ့သို့ ဖြေလျော့ခြင်းဖြစ်သည်။
 
“ဆင်ဆာဖြုတ်ပေးလိုက်တယ်ဆိုတာက ၂၀၀၀ခုနှစ်ကနေ ၂၀၁၂ခုနှစ်အတွင်းက ပိတ်ထားတဲ့ ဗွီဒီယို ဆင် ဆာတွေကို   ဖြုတ်ပေးတာပါ၊ ဖြုတ်ပေးတယ်ဆိုတာကလဲ ၁၂ တာကာလအတွင်းမှာ ကားပေါင်း(၇၀)ရှိတယ် အဲ့အထဲကမှ (၂၉)ကား ကိုဖြုတ်ပေးတာပါ နောက်ထပ် ၄၁ကား ကျန်ပါသေးတယ်။
 
အဲ့ဇာတ်ကားတွေကိုလဲ ပြန်ကြည့်ပေးပါမယ်လို့ ပြောတယ်” ဟု မြန်မာရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးတာဝန်ယူထားသူ ဦးအေးကြူ က ပြောသည်။
 
ဗွီဒီယိုဆင်ဆာဖြုတ်ပေးခဲ့သော ဇာတ်ကား (၂၉)ကားတွင် ဦးကျော်သူက ဒါရိုက်တာနှင့် သရုပ်ဆောင်အဖြစ် ရိုက်ကူးထားသော ရင်ခုန်နှင်းဆီဇာတ်ကားလည်း ပါဝင်သည်။
 
“ဆင်ဆာဖြုတ်ပေးတဲ့အထဲမှာ ဦးကျော်သူရဲ့ ဇာတ်ကားပါတယ် ရင်ခုန်နှင်းဆီ ဆိုတဲ့ ဇာတ်ကားပါ နောက်တစ်ခု က Freedom ဇာတ်လမ်းတိုလေးပေါ့ “ ဟု ဦးအေးကြူက ပြောသည်။
 
ဗွီဒီယိုအချို့ ဆင်ဆာဖြုတ်ပေးလိုက်ခြင်းသည် ကောင်းသော အလားအလာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့်   တွေ့ဆုံစဉ်ကလည်း ဆင်ဆာမူဝါဒများကို ထပ်မံလျော့ချပေးရန် မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးကလည်း တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
 
“ဆင်ဆာဖြုတ်ပေးတာ ကောင်းတဲ့အလားအလား ဖြစ်ပါတယ် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံစဉ်ကဆိုရင် အချက်က(၈)ချက် အများကြီးပဲ အဓိကက ဆင်ဆာမူဝါဒကို ထပ်ဖြေလျော့ပေးဖို့အချက် ၊ ရုပ်ရှင်ရုံတွေကို ဆက်လက်ပြီးတော့ လျော့ပေးဖို့တွေကို   ဆွေးနွေးခဲ့တယ်” ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း က ပြောသည်။
 
ဆင်ဆာမူဝါဒများကို ထပ်မံဖြေလျော့ပေးရန် တောင်းဆိုရခြင်းမှာ အနုပညာရှင်များအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် အတွက်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 
ဝင့်သင်ဇာကျော်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1