Wednesday, May 16, 2012
 ပြောင်းလဲလာသော စားသုံးသူ၊ သုံးစွဲသူတို့၏ အယူအဆ
Ever November | 5/16/2012 09:14:00 PM | Best Blogger Tips
ထိုင်းနိုင်ငံရှိ ပြည်နယ် ၇ ခုဖြစ်သော Bangkok, Pathum Thani, Nonthaburi, Samut Sakhon, Samut Prakan, Nakhon Pathom  နှင့် Phuket တို့တွင် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အလုပ်သမားများ၏ တစ်ရက်လုပ်အားခကို ဘတ် ၃၀၀ အထိ တိုးမြှင့်ပေးခဲ့သည်။
ထိုင်းနိုင်ငံ Songkla မြို့ရှိ Phatthana  Seafood Co., Ltd ပိုင်ဆိုင်သော ပုစွန် အအေးခန်းစက်ရုံတွင် မြန်မာအလုပ်သမား ၃၉၈ ဦးသည် လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေးများအတွက် အလုပ်ရှင်နှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းသည် ၂၀၁၂ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဘတ် ၃၀၀ ထိ တိုးမြှင့်နှုန်းထားများအရ ယခင်ရရှိထားသော ရက်မှန်ကြေးနှင့် ဆုကြေးငွေများကို ဖြတ်တောက်မည်ဟူသော သတင်းများ ထွက်ပေါ်လာသည့်အချိန်မှစကာ ထိုပြဿနာ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။
သို့ကြောင့် အလုပ်သမားဝန် ကြီးဌာနဒုတိယ၀န်ကြီးဦးစီးသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၈. ၄.၂၀၁၂ ရက်နေ့တွင် ထိုင်း အလုပ်သမား ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် Phatthana  Seafood Co., Ltd မှ ဥက္ကဋ္ဌဖြစ်သူ Mr. Paibool Dussadeevutikul တို့နှင့် ထိုစက်ရုံ ဖြစ်ပွားနေမှု အခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ အလုပ်ရှင် အလုပ်သမား သဘောတူညီချက် စာချုပ်ဆိုင်ရာများ၊ လုပ်ခလစာဆိုင်ရာ အခြေအနေများ၊ ရေ မီး လူနေအိပ်ဆောင် စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၂၀.၄.၂၀၁၂ ရက်နေ့တွင် မြန်မာသံရုံးမှ သံမှူးကြီးနှင့် အလုပ်သမား အရာရှိတို့ပါဝင်သော အဖွဲ့သည် Songkla မြို့ရှိ Phatthana  Seafood Co., Ltd စက်ရုံသို့ သွားရောက်ကာ အလုပ်သမားကိုယ်စားလှယ် ၁၀ ဦးနှင့် ကုမ္ပဏီဥက္ကဋ္ဌတို့ ဆုံဖြေရှင်းပေးခဲ့သည်။ သဘောတူညီချက် ၁၇ ချက်အပြင် ဧပြီလမှစ၍ တစ်ရက်လုပ်ခ ၂၆၆ ဘတ်ပေးမည်ဟူသော ကြေညာချက်အပေါ် ကျေနပ်သဘောတူခဲ့ကြသည်။
ထိုသံမှူးကြီးနှင့်အဖွဲ့သည် ထိုစက်ရုံတွင် လုပ်ကိုင်နေသောနား လည်မှုစာချွန်လွှာဖြင့်လာရောက် အလုပ်လာ လုပ်သူမြန်မာအလုပ်သမား ၃၉၈ ဦးနှင့်နယ်စပ်မှမိမိအစီအစဉ် ဖြင့် ၀င်ရောက်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမား ၄၀ ဦးတို့အတွက် တစ်ဦးလျင်ဆန်တစ်ကီလိုဂရမ်နှုန်း၊ မြန်မာအလုပ်သမားစောင့်ရှောက် ရေးမှတစ်ဦးလျင် ဆီတစ်လီတာနှုန်း ဖြင့် ထောက်ပံ့ပေးခဲ့ကြသည်။
ထိုစက်ရုံမှ ပြဿနာများဖြေ ရှင်းနေချိန်မှာပင် ကန်ချနဘူရီမြို့ရှိ Vita Food Factory (၁၉၈၉) Co., Ltd  မှာလည်း မြန်မာအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်အားခရလိုမှု ဖြင့် ဆန္ဒပြမှုဖြစ်ပွားလျက်ရှိခဲ့သည်။ ထိုစက်ရုံတွင် တရားမ၀င်အထောက် အထားမဲ့သူအလုပ်သမား ၇၀၀၊ အလုပ်လုပ်ခွင့်လက်မှတ်ရှိသူ ၄၀၀၀ ခန့်နှင့် နိုင်ငံသား စိစစ်မှုပြီးစီးသူ ၂၀၀၀ ကျော်ခန့် ရှိနေခဲ့သည်။ မြန်မာအလုပ် သမား ၇၀၀၀ ခန့် အလုပ်လုပ်ကိုင် နေကြသည့် စက်ရုံဖြစ်သည်။
ထိုစက်ရုံတွင် အလုပ်လုပ်ကြသော တရားမ၀င် လာရောက်လုပ် ကိုင်ကြသူများကို ပွဲစားများက မြန်မာပြည်မှ လမ်းစရိတ်အကြွေးဖြင့် ခေါ်ဆောင်လာကြသည်။ နေထိုင်ရန်နှင့် စားသောက်မှုကိုပွဲစားများက စီမံပေးသည်။ ထို့အတွက် ပွဲစားများက တစ်လလျှင် ဘတ် ၂၄၀၀ ယူကြသည်။လုပ်အားခ ထုတ်သည့်အခါ ပွဲစားများကပင် လက်ခံပြီး အလုပ်သမားများကို သုံးစွဲရန်ဘတ် ၁၀၀/၂၀၀ သာ ပြန်ခွဲပေးသည်။
အလုပ်လုပ်ခွင့်ရှိသည့် အလုပ်သမားများသည် ထိုစက်ရုံအနီးမှာပင် အခန်းငှားနေထိုင်ကြရသည်။ အခြာစက်ရုံသို့ အလုပ်ရှင်ပြောင်းလိုပါက အလုပ်ရှင်ပြောင်းခြင်း စာရွက်ရရှိရန် ဘတ် ၂၀၀၀မှ ၅၀၀၀ အထိ ပေးကြရသည်။ အလုပ်လုပ်ခွင့် လက်မှတ်ပြု လုပ်ခအဖြစ် ဘတ် ၅၅၀၀ ပေးဆောင် နေကြရသည်။ တရားဝင် ကုန်ကျစရိတ်မှာ ဘတ် ၂၉၈၀ သာ ကုန်ကျမှု ရှိသည်။
လုပ်အားခကိုလစဉ် ၉ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် အလုပ်ရှင်က ပွဲစားကန်ထရိုက်များကို ထုတ်ပေးလေ့ရှိသည်။ ပွဲစားများကမှတစ်ဆင့် လုပ်အားခတချို့ပြီးမှ အလုပ်သမားများသို့ လုပ်ခ ထုတ်ပေးသည်။ ပွဲစားများ၏ လုပ်ခဖြတ်တောက်မှုများတွင် ထိုင်းရဲသို့ ပေးရသည့် လိုင်း ကြေးဟု ပြောကာ ယာယီ နိုင်ငံကူးလက်မှတ်ရှိသူနှင့် အလုပ်လုပ်ခွင့်ရှိသူများထံမှ တစ်လဘတ် ၃၀၀၊ အလုပ်လုပ်ခွင့် မရှိသူများထံမှ တစ်လဘတ် ၆၀၀ ဖြတ်တောက်ထားသည်။ အလုပ်လုပ်ခွင့် လက်မှတ်ပြုလုပ်ရန်အတွက် တစ်လဘတ် ၁၀၀၀ အား ကြိုတင်ဖြတ်တောက်သည်။
ထိုစက်ရုံမှ ထွက်ခွာမည်ဆိုက ကြိုတင်ဖြတ်တောက်ငွေများနှင့် ရရန်ကျန်ရှိသော လုပ်ခများကို ထုချေရှင်း ပေးလေ့မရှိချေ။
လွန်ခဲ့သော နှစ်များ ကစားသုံးသူများသည် ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များကို ပို၍လိုလားတောင်း ဆိုလာကြသည်။ သို့ကြောင့်လည်း ထိုင်း အလုပ်ရုံစက်ရုံများ၏ အလုပ်သမားများ၏ လုပ်ကိုင်နေရမှု အခြေအနေများ ကို ထိုင်းနိုင်ငံအတွင်းနှင့် ပြည်ပ အခြေစိုက် အလုပ်သမားအခွင့် အရေး လှုပ်ရှားသူများ၏ ပိုမိုအာရုံစိုက်စောင့်ကြည့် လာမိကြသည်။ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များသည် ထုတ်ကုန်ပိုမို တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အလုပ်သမားများနှင့် ပတ်သက်သော တရားဝင် ပြုလုပ်ပေးရမည့်အရေး ကိစ္စများကို မထီမဲ့မြင်ပြုခြင်း၊ အရေး မထားလောက်ပါဟု သဘောထားပြုမှု ဆက်ဆံမှုများ တစ်စတစ်စ တိုးပွား လုပ်ဆောင်လာနေကြတော့သည်။
တရားမ၀င် လာရောက် လုပ်ကိုင်ကြသူများကို ပွဲစားများက မြန်မာပြည်မှ လမ်းစရိတ်အကြွေးဖြင့် ခေါ်ဆောင်လာကြသည်။ နေထိုင်ရန်နှင့် စားသောက်မှုကို ပွဲစားများက စီမံပေးသည်။ ထို့အတွက် ပွဲစားများက တစ်လလျှင် ဘတ် ၂၄၀၀ ယူကြသည် ...
Songkla မြို့ရှိ Phatthana  Seafood Co., Ltd စက်ရုံနှင့် Kan-chanaburi မှ Vita Food Factory (၁၉၈၉) Co., Ltd  မှ ထုတ်ကုန်ဖြစ် သော ပုစွန်များနှင့် နာနတ်သီးသစ် သီးစည်သွတ်ဘူးများတို့သည် Wal Mart  သို့တင်ပို့ရောင်းချနေသောစက်ရုံ ကြီးများဖြစ်ကြသည်။
Wal Mart သည် အမေရိကန် နိုင်ငံတွင်အခြေစိုက်ကာ ကမ္ဘာ့လက်လီ ကုန်စည်များ ဖြန့်ချိရာ အကြီးမားဆုံး အရောင်းစတိုးဆိုင်ကြီး ဖြစ်သည်။ ထိုစတိုးဆိုင်ကြီးသည် စားသုံးသူများ၏ ဖိအားပေးမှုကို ခံနိုင်ရည်မရှိချေ။
စားသုံးသူများ၏ အငြိုငြင်မှုထိုလက်လီဖြန့်ချိသည့်ဈေးကွက် ကြီးသို့ ပေးသွင်းသောသူများကိုပါ စားသုံးသူများဝယ်ယူသူများက စိတ်ကျေနပ်မှုမရှိ ငြိုငြင်မိပါက ဒေါ်လာသန်းပေါင်းများစွာနှင့် ထောင်ပေါင်းများစွာသော အလုပ်အကိုင်အများ အပြားဆုံးရှုံးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိ နိုင်သည်။
ယခု ထိုစက်ရုံများ၏ ဖြစ်ရပ်များသည် ထိုင်းနိုင်ငံ၏ ဂုဏ်သတင်း ကျော်စောမှုနှင့်လည်း သက်ဆိုင်နေပြန်သည်။
ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်သမားများကို ကျွန်ပြုသည့် နီးနီးအလုပ်စေခိုင်းနေမှုသည် အထူးအဆန်း အသစ်အဆန်းတော့ မဟုတ်ပေ။ ထိုင်းနိုင်ငံသား အလုပ်သမားများရော ပြည်ပမှလာရောက် အလုပ်လုပ်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေး ကိစ္စများ၊ သက်သာချောင်ချိရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် တာဝန်ရှိသော ဋ္ဌာနဆိုင်ရာများက တုံ့ပြန်ဆောင်ရွက်ပေးခြင်း မရှိကြ။
အလုပ်သမားအရာရှိများ၊ စက်ရုံအလုပ်ရုံ စစ်ဆေးကြပ်မတ်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရသည့် အရာရှိများနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရသူများသည် အလုပ်သမား များ၏ အခွင့်အရေး ချိုးဖောက်မှုများကို များသောအားဖြင့် လျှစ် လျူရှုထားလေ့ရှိကြသည်။ အလုပ်သမား ပြဿနာများ ချောချောမွေ့မွေ့ အဆင်ပြေသွားစေရန်နှင့် အလုပ်ရှင်များအပေါ် အပြစ်ကျရောက်လာမှု ကို ဖုံးဖုံးဖိဖိ လုပ်ပေးလေ့သာရှိကြသည်ကို ခံနိုင်ရည်မရှိချေ။
ကန်ချနဘူရီမြို့မှ Vita Food Factory (၁၉၈၉)Co., Ltd မှ မြန်မာအလုပ်သမားများ၏ အနိမ့်ဆုံး လုပ်အားခ ရလိုမှုဖြင့် ဆန္ဒပြမှုသည် ဧပြီလကုန်တွင် လုပ်ခပိုပေးမည်ဟု ယခင်က ကတိပေးထားမှုအပေါ် အခြေခံကာ ဖြစ်ရခြင်းဖြစ်သည်။
Songkla မြို့ရှိ Phatthana  Seafood Co., Ltd ပိုင်ဆိုင်သော ပုစွန် အအေးခန်းစက်ရုံတွင် ပြဿနာဖြစ်ပွားမှုသည် အလုပ်သမားများအလုပ်မှ စွန့်ခွာထွက်မပြေးစေရန် အလုပ်သမားများ၏ သက်သေခံ အထောက်အထားများကို အလုပ်ရှင်မှ သိမ်းဆည်းထားခြင်းကို ပြန်ပေးမည်ဟု ပေးထားသော ကတိကြောင့် ဖြစ်ရခြင်းဖြစ်သည်။
ထိုကုမ္ပဏီနှစ်ခု၏ ပြုမူမှုများသည် အလုပ်သမားများကို နှိမ့်ချဆက်ဆံသည်ကို တွေ့ရသည့်အပြင် ပြည်ပ အလုပ်သမားများ၏ အစိုးရအသီးသီးကိုလည်း ဒေါသထွက်စေသည်၊ ထိုင်းနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကိုပါ လျစ်လျူရှုရာ ရောက်စေသည်။
လက်ရှိပြဿနာဖြစ်ပွားသော ထိုကုမ္ပဏီနှစ်ခုသည် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ၏ မျက်စိနောက်စရာ ဖြစ်နေသည့် အခြေအနေတွင် ပြည်သူများ၏ ကိုယ်ချင်းစာနာ နားလည်ပေးနိုင်ရေးကို မျှော်လင့်ခဲ့ကြ သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ဖိစီးနေမှုသည် ဈေးနှုန်း ယှဉ်ပြိုင်ကာ အရေအသွေးကောင်းမွန်သည့် ပစ္စည်းများ ထုတ်လုပ်နေရခြင်း ပင်ဖြစ်သည်။
သို့သော် ၎င်းတို့သည် စားသုံးသူ ပြည်သူအများ၏ ကိုယ်ချင်းစာနာမှုနှင့် မထိုက်တန်ပေ၊ ၎င်းတို့သည် အလုပ်သမားများအပေါ် လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်များ၏ ပြဋ္ဌာန်းထားမှုများ အပါအ၀င် အလုပ်သမား ဥပဒေများအပေါ် လျစ်လျူရှုနေသောကြောင့် ဖြစ်သည်။
အလုပ်သမားများအပေါ် လွဲမှားသည့် ဆက်ဆံပြုမူမှုမျိုး ကျူးလွန်ကြသည့် ထိုကဲ့သို့ ကုမ္ပဏီများသည် နောက်ဆုံး ကံအကြောင်းတရားအရ ခံစားရမှုကို မခံစားရလေအောင် အချိန်ဆွဲဆန့် လုပ်ဆောင်နေကြတော့သည်။ ထိုသို့ ပြုမူမှုများကို ကူညီထောက်ပံ့ ပေးနေသည့် အစိုးရ၀န်ထမ်းများ၊ ရဲ တပ်ဖွဲ့ဝင်များသည် သူ့တို့၏ တာဝန် ၀တ္တရားများကို အလေးမထား၊ ဥပဒေကို လက်တစ်လုံးခြား လုပ်ဆောင်နေကြသည်ဟု ယူဆရမည်ဖြစ်သည်။
ယနေ့ကမ္ဘာနှင့် တစ်ဝန်းရှိ စားသုံးသူများ၏ သည်းခံနိုင်မှု လျော့နည်းလာသည့် အခြေအနေတွင် ထိုကဲ့သို့ အလုပ်သမားများအပေါ် ကျူးလွန်ကြသည့် လုပ်ငန်းရှင်များအဖို့ ပြန်လည်ကောင်းမွန်သည့် အပြုအမှု ဆက်ဆံမှုမျိုး ပြန်လုပ်ရန် အချိန်မရှိတော့ပေ။
ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကြသူများသည် မိမိလုပ်ကိုင်ရမည့် ကုမ္ပဏီသည် မည်သည့်ထုတ်ကုန်များ ထုတ်လုပ်ကာမည်သည့် နိုင်ငံမည်သည့်ဈေးကွက်သို့ တင်ပို့နေသည် မည်သူတို့က သုံးစွဲနေကြ သည် စသည့်အချက်များ သိထားရန်လိုလာသည်။ လုပ်အားခေါင်း ပုံဖြတ်ခံရခြင်း၊ လူကုန်ကူးခံရခြင်းတို့နှင့် ကြုံတွေ့လာရပါက ထိုအချက်များအပေါ် သံတမန်နည်းလမ်းအရ တွန်းအားပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၏ အကူအညီဖြင့် ဖိအားပေး ဖြေရှင်းရမည့် နည်းလမ်းများကိုပါ ကျင့်သုံးကာ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အ၀ အကာအကွယ် ပေးကြရမည်ဖြစ်ပေသည်။
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1