Wednesday, May 16, 2012

ပိာုင်မိုစက်ရုံက ဆန္ဒပြလုပ်သား(၁၅)ဦးအား အလုပ်ရှင်က စာချုပ်ဖောက်ဖျက်၍ အလုပ်ကထုတ်ပယ်

Ever November | 5/16/2012 08:50:00 PM | Best Blogger Tips
လှိုင်သာယာစက်မှုဇုန်နယ်မြေအတွင်းရှိ ပိာုင်မိုဆံပင်အတုစက်ရုံတွင် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်၍ သဘောတူညီမှုများ ချုပ်ဆိုနိုင် ခဲ့သော်လည်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သော အလုပ်သင်လုပ်သား(၁၅)ဦးအား အလုပ်ရှင်က မေလ(၁၂)ရက်နေ့တွင် အလုပ်က ထုတ်ပယ်လိုက်သည်။
 
အဆိုပါထုတ်ပယ်အလုပ်သင်လုပ်သား(၁၅)ဦးမှာ စက်ရုံ(B)မှဖြစ်ပြီး အလုပ်ဆင်းရက်(၁၀)ရက်သာ ရှိသေး ကြောင်းနှင့် ခေါင်းထိုး အလုပ်သင်လုပ်သားများဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“သူတို့ကို အလုပ်သင်ဆိုပြီး ဆန္ဒပြတာ လိုက်လို ထုတ်ပစ်လိုက်တာ။ အခြားဘာအမှားအယွင်း မရှိကြမပါဘူး။ တမင်ထုတ်ပြစ်တာ။”ပာု စက်ရုံ(B)မှ လုပ်သားတစ်ဦးကပြောသည်။
 
ထိုကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများဘက်က အကျိုးတော်ဆောင်အဖြစ်ကူညီပေးခဲ့သော အထက်တန်း ရှေ့နေ ဦးဌေးဦးက   ယခုကဲ့သို့ဆိုသည်။
 
 “ဒါက ဥပဒေကြောင်းအရဆိုရင် အရေးယူလို့ရတယ်၊ အလုပ်သမားအက်ဥပဒေ အပုဒ်ခွဲ (၄၄) မှာပါတယ်၊ ဆန္ဒပြလို့ အလုပ်ထုတ် လို့မရဘူး ” ဟု ၄င်းကပြောသည်။
 
အဆိုပါ အလုပ်ရှင်ဘက်မှ အလုပ်သင်အလုပ်သမား (၁၅)ဦးအားအလုပ်ထုတ်ခြင်းကြောင့် ဥပဒကြောင်းအရ အရေးယူလျှင်  အလုပ်ရှင်အား ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီး ကျခံစေနိုင်ကြောင်းကိုလည်း သိရသည်။
 
ထိုအလုပ်သမားများ အလုပ်ထုတ်ခံရခြင်းအား လက်ရှိအလုပ်လုပ်ကိုင်နေသောစက်ရုံအလုပ်သမားများဘက်က ယခုအချိန်အထိ  တစ်စုံတစ်ရာမျှ တုံ့ပြန်မှုမရှိသေးကြောင်း တွေ့ရသည်။
 
အဆိုပါ ဟိုင်မိုဆံပင်တုစက်ရုံအလုပ်သမား ပဋိပက္ခအား မေလ(၁၁)ရက်နေ့၌ အခြေခံလစာသုံးသောင်းအပြင် အခြား အချက်(၄၃)ချက်ဖြင့် အလုပ်သမားဝန်ကြီးဌာနကညှိနှိုင်း၍ နှစ်ဘက်သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်တွင် အလုပ်ရှင်မှ ဆန္ဒပြ အလုပ်သမားများအား အလုပ်မထုတ်ရန် ပါဝင်ကြောင်းသိရသည်။
စောဇင်ညီ(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1