Wednesday, May 30, 2012

ခရမ်း(၂)ရပ်ကွက်၊ ဦးပိုင်အမှတ်(၅၄)မြေနေရာမှာ ပြန်/ဆက်မြေဟု ဦးမြင့်ဆွေ ပြော

Ever November | 5/30/2012 09:39:00 PM | Best Blogger Tips
ခရမ်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မင်းလမ်းနှင့် မြကန်သာလမ်းထောင့်၊ဦးပိုင်အမှတ်(၅၄)ရှိ သာသနာပိုင်မြေဟု  ဖော်ပြခဲ့သောမြေနေရာမှာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှပိုင်
ဆိုင်သောမြေဖြစ်ကြောင်း ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှုးဦးမြင့်ဆွေမှ ပြောဆိုသည်။

အဆိုပါ မြေနေရာအား နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်စည်ပင်သာယာရေးဋ္ဌာနကြေးတိုင်နှင့်မြေစာရင်း ဦးစီးဋ္ဌာနနှင့်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန (ရန်ကုန်တိုင်းဒေသကြီး)သို့ပေးအပ်ထားပြီးဖြစ်ကြောင်း ပြန်/ဆက်လက်ထောက်ညွှန်ကြားရေးမှုးဦးမြင့်ဆွေ
မှ ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ထဲက (၁၀)နှစ်ကျော်ထဲက ဂရမ်ရပြီးသား၊ ဂရမ်ရထားလို့ရုံးဆောက်ခွင့် ရတယ်။ ရန်ကုန်တောင်ပိုင်းခရိုင်
အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ အမှုတွဲအမှတ်နဲ့ ဦးပိုင်ဧရိယာအမှတ် (၅၄)ခရမ်းမြို့နယ်က မြေကို ပြန်ကြားရေးရုံးက ရရှိကြောင်း
ထောက်ခံထားပါတယ်လို့ပြန်ကြားတယ်” ဟု ဦးမြင့်ဆွေမှ မြစ်မခမီဒီယာသို့ပြောသည်။

အဆိုပါမြေနေရာမှာ မြန်မာ-မွတ်စလင်အကျိုးတော်ဆောင်များအသင်းမှ သာသနာပိုင်မြေဖြစ်သည်ဟု ငြင်းပွားလျက် ရှိသောကြောင့် ပြန်/ဆက်ကယခုကဲ့သို့ ပြန်လည်ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။

“သူတို့က သူတို့ပိုင်တယ်လို့ ပြောနေကြတာက မဟုတ်ဘူးလို့ ရှင်းပြတာ၊တို့ပိုင်တဲ့မြေပေါ်မှာပဲ မြေယာခန့်ခွဲမှုရှိတဲ့ ပုဂ္ဂိုလ်တွေက ချပေးတယ်၊ယာထားချက်ကို ဂရမ်လျှောက်ဖို့ ကြိုးစားတယ် တရားဝင်ဘောင် ဖြစ်အောင်လုပ်တယ်၊ လုပ်ပြီးမှ အချိန်အားဖြင့်တောင် (၁၀) နှစ်လောက် ကြာတယ်၊ အခုမှ မဖြစ်မနေကြိုးစားပြီး ဆောက်တာပါ”ဟု ဦးမြင့်ဆွေ
ရှင်းလင်းပြောဆိုသည်။

အဆိုပါမြေနေရာအား အစိုးရမှ(၁၉၉၈)ခုနှစ်တွင် မြေလပ်ဟု သတ်မှတ်ကာပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဋ္ဌာနသို့
ဂရမ်ချထားပေးခဲ့ကြောင်းကိုလည်း သိရှိရသည်။


“မြေကွက်ကို မြေပုံ၊မြေရာဇ၀င်အရ မဟာဗေဒင်မြေဟု လျာထားသတ်မှတ်ချက်သာရှိခဲ့တယ်။ သာသနာဂရမ် ထုတ်ပေးခဲ့ခြင်း မရှိတဲ့အတွက် မူလကတည်းကသာသနာမြေမဖြစ်ခဲ့ပါဘူး၊ အစိုးရက စီမံခန့်ခွဲလို့ရတဲ့ မြေအဖြစ်ပဲသတ်မှတ်ခြင်းရှိခဲ့တယ်”ဟု ၎င်းမှ ဆက်လက် ပြောဆိုသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးဦးမြင့်ဆွေမှ ၂၀၁၂ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ခရမ်းရှိ အဆိုပါမြေနေယာသို့သွားကာ မြန်မာ-မွတ်စလင်အကျိုးတော် ဆောင်များနှင့်တွေ့ ဆုံကာရုံးဆောက်မည်ကို သိရှိကြောင်း လတ်မှတ်ထိုးခိုင်းခဲ့ကြောင်းကိုမြန်မာ-မွတ်စလင်အကျိုးတော်ဆောင်များထံမှ သိရှိရသည်။


“ဦးမြင့်ဆွေက မေ(၂၄)ရက်နေ့က လာပြီးတော့ ရုံဆောက်မယ်လို့ လာပြောပါတယ်။ဦးအလီနဲ့ ဦးဝင်းမောင်တို့ (၂)ယောက်ကို ရုံးဆောက်မှာကို သိရှိကြောင်းလတ်မှတ်လာထိုးခိုင်းလို့ လတ်မှတ်ထိုး ပေးလိုက်ပါတယ်” ဟု မြန်မာ-မွတ်စလင်အကျိုးတော်   ဆောင်အဖွဲ့မှ   ကိုသန်းထိုက်အောင်က ပြောသည်။

အဆိုပါ မြေနေယာအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနသို့ ဧရိယာ(၀.၁၇၃)ဧကနှင့် စုံစမ်းစစ်ဆေးရေး (စသုံးလုံး)သို ဧရိယာ (၀.၁၀၆)ဧကအားခွဲဝေပေးထားကြောင်း သိရှိရသည်။

၂၀၀၀ပြည့်နှစ် ဇွန်လ(၂၈)ရက်နေ့က မြန်မာမွတ်စလင်အကျိုးဆောင်အဖွဲ့ကဦးအလီက၎င်းမြေမှာ သာသနာမြေဖြစ်ကြောင်း၊   ခြံစည်းရိုးများပျက်စီးနေ၍သာသနာမြေဖြစ် ကျူးကျော်ဆောက်လုပ်မည့် သူများ ပေါ်ပေါက်နေ၍ခြံစည်းရိုးကာရန်   လျှောက်ထားခြင်းအား မြို့နယ်အေးချမ်းသာယာရေးနှင့်အဖွဲ့ဝင်များက ခွင့်ပြုခြင်းမရှိခဲ့ကြောင်း မြစ်မခသို့
ပြန်လည်ပြောဆိုခဲ့သည်။
ထွန်းနေအောင် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1