မန္တလေး စွမ်းဟိုတယ်ရှေ့မှ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြပွဲ။
ရွှေမရှိလျှင် နေလို့ရသည်..။ (မီး=ရေ) မရှိလျှင် နေလို့မရပါတဲ့
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား
တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီး
ပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်
စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေစဉ်
မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့်
တစ်ပြိုင်နက်တည်း ဖယောင်းတိုင် မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂
ဖွဲ့ ပူးပေါင်းမည်ဟု သိရသည်။
CJ 031
ယခုအချိန်ထိ လူအင်အား ၅၀၀ ကျော် ပူးပေါင်းပါဝင်လာပါတယ်.... ၇၇ လမ်း ၂၆×၂၇
ကြားမှာပါ... ရဲတပ်ဖွဲ့ဝင်များ ယူနီဖောင်းနဲ့ စောင့်ရှောက် ပေးပါတယ်..
အားလုံး အေးအေးချမ်းချမ်း ရှိနေပါတယ်.... လူအင်အား ပိုများလာနေပါတယ်။
Demowaiyan
No comments:
Post a Comment