လီဝမ်ယန်ပိုစတာဘေးတွင် လူတစ်ဦးက မျက်စိမှိတ်၍ ဇွန်လ ၈ ရက်က အစာငတ်ခံ ဆန္ဒပြနေစဉ်
အလုပ်သမား အခွင့်အရေးအတွက် ကာလရှည်ကြာ လှုပ်ရှားလာခဲ့သော လီမသေဆုံးမီ သွားရောက်တွေ့ဆုံခဲ့သည့် ဟွမ်လီဟောင်က လီဝမ်ယန်သည် စိတ်ဓာတ်ကောင်းမွန်သူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့်ပုံစံ လုံးဝမရှိခဲ့ကြောင်း၊ မိမိ၏ ရေဒီယိုကိုပင် နားထောင်ခဲ့ပြီး ယင်းကဲ့သို့ ရေဒီယိုတစ် လုံးဝယ်ပေးရန် သူ၏ညီမကို ပြောခဲ့သေးကြောင်း ပြောကြားခဲ့သည်။
လီမှာ ၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်းအပြီးတွင် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံရပြီးနောက် မျက်မမြင်၊ နားမကြားဖြစ်ကာ လမ်းလျောက်ရာ၌ အခက်အခဲဖြစ်ခဲ့ကြောင်းလည်း သိရသည်။ လီသည် တီယန်မင် အရေးအခင်းအပြီး အလုပ်သမားများကို ဆန္ဒပြရန် တိုက်တွန်းခဲ့ သဖြင့် ထောင်ချခံရခြင်းဖြစ်ကြောင်း တရုတ်လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့ HRIC က ထုတ်ပြန်ခဲ့သည်။
ထောင် ၁၁ နှစ် ကျခံရပြီးနောက်၂၀၀၀ ပြည့်နှစ်တွင် ပြန်လွတ်လာကာ ထောင်တွင်း နှိပ်စက်ခံရမှုများကြောင့် ဆေးကုသမှုစရိတ်များပေးရန် Shaoyang တာဝန်ရှိသူများထံ တောင်းဆိုမှုပြုလုပ်ရာမှ ၂၀၀၁ ခုနှစ်တွင် ထပ်မံဖမ်းဆီးခံရသည်။ တာဝန်ရှိသူများက ဆေးဖိုးမပေးဘဲ စွဲ ချက်သစ်များ ထပ်မံစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း HRIC က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်၊ မေလတွင် ပြန်လွတ်လာပြီး သူတက်နေသည့်ဆေးရုံတွင် အချိန်တိုင်း စောင့်ကြည့်ခံနေရကြောင်း သူ၏ မိသားစုဝင်များက ပြောကြားခဲ့သည်။
လီသည် အားနည်းနေသူဖြစ်ပြီး ဆေးရုံ ဒုတိယအလွှာမှနေ၍ အကူမပါဘဲ
ဆင်းနိုင်သူမဟုတ်ကြောင်း သူငယ်ချင်းတစ်ဦးဖြစ်သူ Zhou Zhirong က
ပြောကြားခဲ့သည်။
''သူ ဒီလိုမျိုးသေတယ်လို့ ပြောတာ စော်ကားလိုက်တာပဲ။ လီဝမ်ယန်
ကျွန်တော့်ကိုရော၊ အခြားသူတွေကိုရော အကြိမ်ကြိမ်ပြောဖူးတယ်။ သူသေတဲ့အထိ
တိုက်ပွဲဝင်သွားမယ်။ ဘယ်တော့မှ လက်မလျော့ဘူးလို့ ပြောထားတယ်။ သူ
ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ရဲကပြောတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး။
တစ်ယောက်ယောက် သတ်သွားတာ'' ဟု ဟွမ်လီဟောင်က ပြောကြားခဲ့သည်။
လီ ကိုယ့်ကိုယ်ကို သတ်သေပြီးနောက် ဆေးရုံဝန်ထမ်းတစ်ဦးက ဇွန်လ ၆ ရက်၊ နံနက် ၆ နာရီ ကျော်တွင် မိမိတို့ကို ဖုန်းဆက်ခဲ့ကြောင်း လီ၏ယောက်ဖ Zhou Zhirong က HRIC သို့ ပြောကြားခဲ့သည်။
လီ၏ယောက်ဖနှင့် ညီမတို့၏ ဖုန်းများကိုဆက်ကြည့်ရာ မရသဖြင့် သူတို့နှစ်ဦးမှာ လီသေဆုံးသည့် ဆေးရုံအနီး ဟိုတယ်တစ်ခုတွင် ထိန်းသိမ်းခံရဖွယ်ရှိသည်ဟု လီ၏သူငယ်ချင်းများက ယုံကြည်နေသည်။
လီသေဆုံးပြီး နာရီပိုင်းအကြာတွင် ယင်းသေဆုံးမှုကို ယင်းပြည်နယ်မှပြင်ပမှ
တာဝန်ရှိသူများက စုံ စမ်းစစ်ဆေးပြီး ရလဒ်များ ထုတ်ပြန်ပေးရန်
အွန်လိုင်းပေါ်မှ တောင်းဆိုမှုအား ဟောင်ကောင်အခြေစိုက် ဂျာနယ်လစ်ပေဖန်း၊
တရုတ်စီးပွားရေးပညာရှင် ကျားယီလျန်၊ စာပေပညာ ရှင်ဝူရင်ဟွာတို့က
စတင်ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ပြီး ခဏအတွင်း လူ ၂၀၀၀ ကျော်
ပါဝင်လာခဲ့သည်။ လီ ကိုယ့်ကိုယ်ကို သတ်သေပြီးနောက် ဆေးရုံဝန်ထမ်းတစ်ဦးက ဇွန်လ ၆ ရက်၊ နံနက် ၆ နာရီ ကျော်တွင် မိမိတို့ကို ဖုန်းဆက်ခဲ့ကြောင်း လီ၏ယောက်ဖ Zhou Zhirong က HRIC သို့ ပြောကြားခဲ့သည်။
လီ၏ယောက်ဖနှင့် ညီမတို့၏ ဖုန်းများကိုဆက်ကြည့်ရာ မရသဖြင့် သူတို့နှစ်ဦးမှာ လီသေဆုံးသည့် ဆေးရုံအနီး ဟိုတယ်တစ်ခုတွင် ထိန်းသိမ်းခံရဖွယ်ရှိသည်ဟု လီ၏သူငယ်ချင်းများက ယုံကြည်နေသည်။
CNN
No comments:
Post a Comment