Friday, June 15, 2012

သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံ သက်တမ်း တိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီ ၁၇၅၂ ခုအား ဖျက်သိမ်း သွားရန် စီစဉ်လျက်ရှိ

Ever November | 6/15/2012 04:30:00 PM | Best Blogger Tips
ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ  မြန်မာနိုင်ငံရှိ ကုမ္ပဏီတွေမှာ သက်တမ်း ကုန်ဆုံးချိန်မှာ ထပ်မံသက်တမ်း တိုးမြှင့်ခြင်း ရှိတဲ့ ကုမ္ပဏီ ၁၇၅၂ ခု ဖျက်သိမ်းမှုများ ပြုလုပ် သွားရန် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ ၂၀၀၂-၀၃ ကတည်းက ကုမ္ပဏ သက်တမ်း ကုန်ဆုံးပြီး သက်တမ်းမှု မရှိတဲ့ ကုမ္ပဏီတွေကို သက်တမ်း တိုးဖို့ အကြောင်းကြား စာများ ၃ ကြိမ် ပေးပို့ထား ပေးမယ့် ကုမ္ပဏီ အချို့ဟာ လာရောက် သက်တမ်း တိုးခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီလို ယခင်က သက်တမ်း ကုန်ဆုံးပြီး သက်တမ်း မတိုးတဲ့ ကုမ္ပဏီ တွေဟာ စုစုပေါင်း ထောင့်ကိုးရာ ကျော်လောက်ရှိပြီး အဆိုပါ ကုမ္ပဏီတွေ ထဲမှ ကုမ္ပဏီ အချို့သာ သက်တမ်း တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး အကြောင်းပြန် ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို အကြောင်းကြား မှုမရှိတဲ့ ကုမ္ပဏီတွေ မှာတော့ ၁၇၅၂ ခုရှိပြီး အဆိုပါ ကုမ္ပဏီ တွေကို ပိတ်သိမ်း သွားဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီများ သက်တမ်းတိုး လိုင်စင်များ ခွင့်ပြုမှုဟာ ယခင်က လိုင်စင် သက်တမ်း ၂ နှစ်သာ ခွင့်ပြုခဲ့ ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မှာတော့ ကုမ္ပဏီရဲ့ လိုင်စင် သက်တမ်းကို ၃ နှစ်အထိ ခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ဖျက်သိမ်းမယ့် ကုမ္ပဏီတွေ ထဲမှာ ရောင်းဝယ်ရေး လုပ်ငန်း ကုမ္ပဏီများ၊ ကျောက်မျက်ရတနာ ကုမ္ပဏီများ၊ ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၊ စက်မှုလက်မှု နဲ့ ထုတ်လုပ်မှု လုပ်ငန်း ကုမ္ပဏီများ ပါဝင်တယ်လို့ သိရပါတယ်။ ယခုလို ဖျက်သိမ်းမယ့် ကုမ္ပဏီတွေ ကိုတော့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာန စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးနဲ့ အထက် အဆင့် အစည်းအဝေး များမှာ တင်ပြပြီး ဖျက်သိမ်းမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1