ရခိုင်ပြည်နယ် လတ်တလော ဖြစ်ပျက်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေစု ဒီလိုဖြေသွားပါတယ်...
ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည်ငြိမ်းချမ်းဖို့အတွက်အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
 မဇ္ဈိမသတင်း
 တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း။
Demowaiyan







No comments:
Post a Comment