မြန်မာအိန္ဒိယ နှစ်နိုင်ငံပူးတွဲကြေညာချက်အရသိရသည်။ မြန်မာသုတေသီများအနေဖြင့်အိန္ဒိယတက္က
သိုလ်များနှင့် 
သုတေသနအဖွဲ့အစည်းများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်
 နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးအပ်သွားမည်ဟု 
အိန္ဒိယ၀န်ကြီးချုပ်မှကြေညာခဲ့ကြောင်း၊ အဆိုပါပူးတွဲ ကြေညာချက်တွင် 
ဖော်ပြထားသည်။ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်၏ 
ပြည်ထောင်စုသမ္မတနိုင်ငံတော်ခရီးစဉ်အတွင်းထုတ်ပြန်သည့် 
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်များတွင် အဆိုပါအချက်ကို 
ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ 
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အိန္ဒိယမှကူညီပေးလိုသည့် 
ဆန္ဒနှင့်အညီ အိန္ဒိယစီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအပါအ၀င် 
မြန်မာနိုင်ငံသို့ လက်ရှိသင်တန်းသားဦးရေ ၂၅၀ ဦးခွဲဝေပေးအပ်နေခြင်းအား 
နှစ်ဆတိုး၍ သင်တန်းသားဦးရေ ၅၀၀ ဦးသို့ 
တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။အိန္ဒိယ၀န်ကြီးချုပ်မှရန်ကုန်မြို့ရှိသတင်းအချက်အ
လက်နှင့် နည်းပညာမြင့်မားရေးဆိုင်ရာ 
မြန်မာ-အိန္ဒိယစင်တာအားလာမည့်ငါးနှစ်တာကာလအတွက် နည်းပညာနှင့် 
ငွေကြေးအထောက်အပံ့များဆက်လက်ပေးအပ်သွားမည့်အပြင်နည်းပညာဆိုင်ရာအ
ဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ 
ရေးသားသူ -ထွန်းထွန်းInternet Journal


No comments:
Post a Comment