တနင်္ဂနွေ
           ကံဇာတာကောင်းနေမည်။
 အရာရာဒုက္ခ ရောက်မည့် ဘေးမှ လွတ်ကင်းနေမည်။ အတိုက်အခံတွေ 
ကျော်လွှားအောင်မြင်မည်။
 
အလုပ်အကိုင်တွင်လည်းစိတ်ရှုပ်ရမလိုဖြစ်ပြီးမှစိတ်ချမ်းသာမှုရမည်။ထိုနည်းတူအချစ်ရေး
 ၊ အိမ်ထောင်ရေး တို့မှာလည်းအရှက်ကွဲမည့်ကိစ္စသိက္ခာကျမည့်ကိစ္စတို့မှပွတ်ကာသီကာလွတ်မည်။လုပ်ငန်းပြောင်းလဲမှုရှိသည်။လက်ရှိအလုပ်တိုးတက်မှုရမည်။
 သူများကြားဝင်မရှုပ်ပါနှင့်။ ငွေဝင်၊ငွေထွက်ကြမ်းမည်။ 
 အကျိုးပေးဂဏန်း - ၃၊ ၆ ၊ ၅။
 အထူးဟော - ဆင်ခြင်၍ နေသင့်သောကာလဖြစ်ပါသည်။
 ယတြာ - အောင်သပြေ ဘုရားလှူပါ။
 တနင်္လာ
           သူတစ်ပါး
 အရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်သည်။ လူခင်ခြင်း စိတ်ဝမ်းကွဲ မည်။ အတိုက်အခံ 
များမည်။ ကတိပေးမလွန်ပါနှင့်။ 
သင့်ချစ်သူကိုတခြားကလုယူတတ်သည်။အလုပ်ကိစ္စများမည်။ခရီးသွားများမည်။ရစရာငွေတို့မရတတ်ပါ။ထီထိုးပါ။ထီပေါက်ကိန်းရှိသည်။
   ခြေ၊လက်ခိုက်မိတတ်သည်။မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်သည်။ 
မိဘတို့သားချင်းတို့အတွက် အလုပ်များနေမည်။ စပ်တူ၊ ရှယ်ယာလုပ်ရမည်။ 
အဆင်ပြေမည်။ 
 အကျိုးပေးဂဏန်း - ၁၊ ၅ ၊ ၇။
 အထူးဟော - လူယုံမထားရ။ 
 ယတြာ- တနင်္လာနေ့နံနက်တွင် တနင်္လာနံဘုရားကို ကံ့ကော်ညွန့် (၁၅) ညွန့်ကပ် ပါ။
 အင်္ဂါ
           စိုးရိမ်စိတ်တွေရှိနေမည်။
 အရာရာကို မ၀ံမရဲဖြစ်နေမည်။ ရုတ်တရက် ခရီးသွားရတတ်သည်။ 
ကျန်းမာရေးချူချာမည်။ သူတစ်ပါးအတွက် 
အာမခံမရဲပါနှင့်။ငွေလိမ်ခံရတတ်သည်။ဆွေမျိုးသားချင်းအတွက်စိတ်ရှုပ်ရတတ်သည်။စက်မြေတို့ထွက်ဝင်မည်။အိမ်မေ
 ပြောင်းရတတ်သည်။ ရောင်း၊၀ယ်ရတတ်သည်။ အိမ်ထောင်ရေး အဆင်ပြေမည်။ နောက်အငယ် 
အနှောင်းတွေ့နေရတတ်သည်။ စိတ်ညစ်အခက်တွေ့ရတတ်သည်။ 
 အကျိုးပေးဂဏန်း - ၁၊ ၅ ၊၆။
 အထူးဟော - ဥာဏ်နှင့် ယှဉ်၍ ဆင်ခြင်သုံးသပ်ပါ။  
 ယတြာ - အင်္ဂါနေ့နံနက်တွင် အင်္ဂါနံဘုရားကို အုံးဆွမ်းကပ်ပါ။
 ဗုဒ္ဓဟူး 
  စိတ်တွေလေနေမည်။အပေါင်းအသင်းတွေစုံနေမည်။ချစ်သူတွေ့မည်။ချစ်သူထံမှစာ၊လက်ဆောင်ရမည်။ခရီးဝေးသွားစရာပေါ်မည်။
 အထူးသဖြင့် ရေလမ်းခရီး နှင့် တောင်တန်းဒေသတွေဖြစ်မည်။ ပညာရေး 
အောင်မြင်မည်။ ပစ္စည်း ၊ငွေကြေး ကျပျောက်တတ်သည်။ အင်တာဗျူးအောင်မြင်မည်။ 
လုပ်ငန်းသစ်ရမည်။ ခြေ ၊ လက်ခိုက်မိမယ်။ 
 အကျိုးပေးဂဏန်း - ၁၊ ၅၊ ၇ ။
 အထူးဟော - ကံကောင်းသည်။
 ယတြာ- ဗုဒ္ဓဟူးနံဘုရား ကို ဗုဒ္ဓဟူးနေ့နံနက်တွင် ရေသက်စေ့ ရေသပ္ပါယ်ပါ။
 ကြာသပတေး
           စိုးရိမ်စိတ်တွေ
 ဖြစ်ပေါ်မည်။ ထိတ်လန့်မှုတွေ ဖြစ်ပါမည်။ ဆုံးဖြတ်ချက် တခု ပိုင်နိုင်စွာ 
ချမှတ်ဖို့ မမြန်ဆန်သင့်ပါ။ တနင်္ဂနွေ ၊ တနင်္လာ သားသမီးတို့ ထံ အကြံဥာဏ် 
တောင်းပြီးမှ ဆုံးဖြတ်ပါ။ အဆင်ပြေမည်။ နေရာပြောင်းမှု့ (သို့မဟုတ်) 
ပြည်ပခရီး ထွက်ခွာမှု အလုပ်အကိုင် တခုလုပ်ရန် စီစဉ်မှု့တိုးတက်ရှိလာမည်။ 
အချစ်ရေး၊အိမ်ထောင်ရေးအတွက်လည်း ဆုံးဖြတ်ချက်ချမှတ်ဖြစ်မည်။ အောင်မြင်မည်။ 
ခရီးဝေးရောက်မည်။ လမ်းခရီးအန္တရာယ်မရှိပါ။ ပြောဆိုမှုများအောင်မြင်မည်။ 
ရာထူးတက် လစာတိုးမည်။ 
 အကျိုးပေးဂဏန်း - ၁၊ ၅ ၊ ၃။
 အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
 ယတြာ - ဘုရားကို ပေါက်ပေါက် ကပ်ပါ။
 သောကြာ
           စိတ်လေနေမည်။
 အတွေးများနေမည်။ သံယောဇဉ်တွေ များမည်။ ၁ယောက်သောသူ၏ အထင်လွဲမှု့ကြုံနေမည်။ 
သို့သော ပြန်အဆင်ပြေမည်။ 
ခရီးယာယီများနေမည်။ခရီးသွားရသလောက်အရာမရောက်ဖြစ်နေတတ်သည်။လှုပ်ရှားသလောက်စိတ်တိုင်းမကျတတ်ပါ။ကြိုးစားပေးရသလောက်ကျေးဇူးမတင်
 တတ်ပါ။ စပ်တူ မလုပ်သင့်ပါ။ အိမ်ထောင်ပြုရတတ်သည်။ကြီး သူ ၁ယောက်ချူချာမည်။ 
ဝင်ငွေ ၊ ထွက်ငွေ ကြမ်းမည်။ စက်ပစ္စည်း ၀င်မည်။ ထွက်မည်။ လူလိမ် ၊ ငွေလိမ် 
ခံရမည်။ 
 အကျိုးပေးဂဏန်း- ၃၊ ၆ ၊ ၉။
 အထူးဟော - အချစ်ရေးရှုပ် မည်။
 ယတြာ - သောကြာနေ့ နံနက်တွင် မြောက်အရပ်ကို လမ်းသန့်ရှင်းရေးလုပ်ပေးပါ။
 စနေ
           စိတ်လေနေမည်။
 ရည်ရွယ်ချက်များမည်။ ဆုံးဖြတ်ချက်တွေ အမျိုးမျိုးချမှတ် ဖြစ်မည်။ အရာရာ 
အဆင်ပြေအောင်ဆောင်ရွက်နေရသော်လည်း အနှစ်သာရ မရှိသလိုကြုံနေတတ်သည်။ ခရီးယာယီ
 သွားရမည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အချစ်ရေးရာ မှာ ဇဝေဇ၀ါ ဖြစ်မည်။ ၀င်ငွေ
 ထွက်ငွေ ကြမ်းမည်။ ရင် ၊ ၀မ်း ကျန်းမာရေး ဂရုစိုက်ပါ။ စိတ်ဒေါသ 
ထွက်စရာများ ပေါ်မည်။ သို့သော် သည်းခံမှု့ဖြင့် ကျော်နိုင်မည်။ 
သားချင်းဆွေမျိုးအတွက် စိတ်ရှုပ်ရမည်။ ထီထိုးပါ ပေါက်မည်။ လုပ်ကိုင်တခု မုချ
 ရမည်။ ပညာရေး တခု ဆက်လက်သင်ရမည်။  
 အကျိုးပေးဂဏန်း - ၁ ၊ ၃ ၊ ၆။
 အထူးဟော - တိုးတက်မှုရှိမည်။ 
 ယတြာ - စနေနေ့ မနက်တွင် စနေနံဘုရားကို ဆွမ်းကပ်ပါ။
ဒေါက်တာ ထွန်းလင်း ( ဘုတလင်) 

No comments:
Post a Comment