အဲ့ဒီက တစ်ဆင့် ရွေးချယ်ခံ ရသူတွေကို မိမိတို့ရဲ့ Project အလိုက်
တင်ဆက်မှုတွေ ပြုလုပ်စေမှာ ဖြစ်ပါတယ်။ ဒီလို Presentation ပြုလုပ်စေပြီး
ထပ်မံ ရွေးချယ် လိုက်တဲ့ Project တင်သွင်းသူ တွေကို တော့ မြန်မာနိုင်ငံ
ကွန်ပျူတာ အသင်းချုပ်မှ သင်တန်း စီစဉ်ပေးကာ မိမိတို့ရဲ့ Project ကိုပိုမို
ကောင်းမွန်အောင် ပြင်ဆင်စေပြီးမှ နောက်ဆုံး အနေနဲ့ ပထမ၊ ဒုတိယ၊ တတိယဆု
တွေကို အသီးသီး ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆုတွေ
အဆင့်ဆင့် ရွေးချယ်မှုနဲ့ပတ်သက်လို့ ဇွန်လ ၁၃ ရက်နေ့က မြန်မာအင်ဖို တက်ခ်မှာ
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် နိုင်တဲ့ အမျိုးအစားတွေ ကတော့
Cloud Application နဲ့ Mobile Application တို့ပါဝင်ပြီး ကြိုက်နှစ်သက်ရာ
အမျိုးအစား တစ်ခုနဲ့ ၀င်ရောက် ယှဉ်ပြိုင် နိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲ
ဝင်ရောက်သူတွေ အနေနဲ့ ပထမ အဆင့် Project Plan ကို ဇူလိုင်လ ၃၁ ရက်နေ့
နောက်ဆုံး ထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ကို ပေးပို့ရမှာ
ဖြစ်ပါတယ်။ အဲ့ဒီ ပြိုင်ပွဲကို မြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်
ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် လျှောက်လွှာတွေ ကို www.myanmarictawards.org
မှာ ဒေါင်းလော့ ရယူနိုင် တယ်လို့ သိရပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်သူ
တွေအနေနဲ့ နောက်ဆုံး အဆင့်ကို ရောက်ရှိပြီး ဆုရခဲ့ရင်တော့ ဆုကြေး အနေနဲ့
ပထမဆု ဒေါ်လာ သုံးထောင် ၊ ဒုတိယဆု ဒေါ်လာ နှစ်ထောင် နဲ့ တတိယဆု ဒေါ်လာ
တစ်ထောင် ရရှိနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV4
No comments:
Post a Comment