Friday, July 6, 2012

မဆလ တုန်လှုပ်သွားရတဲ့ မဂ္ဂဇင်းမျက်နှာဖုံး

Ever November | 7/06/2012 12:17:00 AM | Best Blogger Tips

၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ် ဆိုတာ သိရှိသူ အင်မတန် နည်းပါးခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းအကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့  ပျံ့ နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဖူး တစ်ဆင့်စကားတစ်ဆင့်နားကနေ ဒီအကြောင်း မဆလစစ်အစိုးရနားထဲကို ရောက်သွားတဲ့အခါမှာတော့ မဆလအာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့် ချီနေမှုကို တရားဝင်မကြေညာဘဲ ပိတ်ပင်ပါတော့တယ်။ စစ်စုံထောက်တွေဟာလည်း ကမန်းကတန်း ဒီမဂ္ဂဇင်းတွေကို စာအုပ်ဆိုင်တွေကနေ လိုက်လံသိမ်းဆည်းပါတော့တယ်။ လက်ဝယ်ရှိနေသူများကိုလည်း ဒီအကြောင်းတွေ မပြောဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ချိမ်းခြောက်ပြောဆိုပါတော့တယ်။

ဘာဖြစ်လို့ များ ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းဟာ မဆလစစ်အာဏာရှင်တွေကို ထိတ်လန့် တုန်လှုပ်စေရတာလည်း။

မဂ္ဂဇင်းထဲပါ ရေးသားထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ၀တ္တုတိုတွေ အစရှိတာတွေဟာ မဂ္ဂဇင်းမထုတ်ခင်ကတည်းက မဆလရဲ့  ကြိုးကိုင် စာပေစီစစ်ရေးနဲ့ ဆင်ဆာ တည်းဖြတ်ရေးအဖွဲ့ က မဆလအစိုးရကို ညှိစွန်းစေတဲ့အကြောင်းအရာတွေအားလုံးကို ခွင့်မပြုဘဲ တည်းဖြတ် ချန်ဖြတ် ပယ်ထုတ်ပြီးသားပါ။

ကံအားလျော်စွာဘဲ ဒီအကြောင်းအရာတွေ မသိခင်မှာ၊ ကျွန်တော်လက်ထဲမှာ နှစ်လည်စာစောင်အဖြစ် အမှတ်တရသိမ်းထားရအောင် ဆိုပြီး ၀ယ်ယူခဲ့လို့  ဒီမဂ္ဂဇင်းတစ်အုပ်ရှိနေပါတယ်။ မဆလစစ်အစိုးရကို ထိခိုက်စေရလောက်တဲ့ ရေးသားချက်များ မတွေ့ ရပါဖူး။

စာပေ၀ါသနာပါသူတစ်ယောက်အနေနဲ့ ရော၊ တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့ ရော မြတ်နိုးစွာနဲ့ ပဲ ဒီမဂ္ဂဇင်းစာအုပ်ကို အခေါက်ခေါက် ဖတ်ပြီးသားပါ။

ဒါပေမယ့်ဗျာ၊ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့  မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးတာလို့  ကြားရသိရတဲ့အခါမှာတော့၊ ဒီမဂ္ဂဇင်းကို လိုက်သိမ်းနေတယ်လို့  ကြားရတဲ့အခါမှာတော့ ကျွန်တော် အတော့်ကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ သိမ်းထားတဲ့နေရာကနေ ကမန်းကတန်းပြန်ရှာပြီး မျက်နှာဖုံးကိုကြည့်ကြည့်တယ်။ ဘာမှထူးခြားတာ မတွေ့ ဖူး။ ထပ်ခါထပ်ခါ ကြည့်တယ်၊ ဘာမှလည်းမတွေ့ ပါလားဆိုပြီးနေခဲ့ရာကနေ၊ နောင်တော်ကျောင်းသားကြီးတစ်ယောက်ကနေ ပြောပြမှဘဲ သိသွားတွေ့ သွားပါတော့တယ်။ ဒီတော့ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်ပြီး တိုးတိုးတိတ်တိတ် လေး အဖန်ဖန်ကြည့်မိနေပါတော့တယ်။

ကျွန်တော်မြင်တာက ဒီဟာ ဒီမှာ၊ ကျန်တဲ့သူငယ်ချင်းတွေက သူတို့ မြင်တာ ဒီမှာ ဒီဟာဆိုပြီး ကြည့်လေမြင်လေဖြစ်နေပြီး၊ မမှီခဲ့တဲ့ ဇူလိုင် (၇)ရက် ကျောင်းသား လှုပ်ရှားမှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခံရမှုဟာ ကျွန်တော်တို့  နောင်လာနောက်သား ညီတော်ကျောင်းသားတွေရဲ့ စိတ်အတွေးထဲမှာ ကိန်းအောင်းဝင်လာပါ တော့တယ်။

ဒီရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်း ရေးဆွဲခဲ့ကြသူတွေ၊ မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးတွေကတော့ မဆလစစ်အာဏာရှင်ရဲ့ ခေါ်ယူစစ်ဆေး မေးမြန်းထိန်းသိမ်းခြင်းကို ရဲဝန့် စွာနဲ့ ခံယူရပါတယ်။

မဆလစစ်အာဏာရှင်ရဲ့ ကျောင်းသားတွေအပေါ် ရက်စက်ယုတ်မာမှု သမိုင်းဟာ ဖုံးကွယ်လို့ မရအောင် ပြန်လည်ပေါ်ထွက်လာတိုင်း မဆလအာဏာရှင်တွေဟာ သွေးခြောက်ခြားပြီး၊ ကျဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ၀ိညာဉ်ဟာ သူတို့ ကို ကြောက်လန့်  တုန်လှုပ်စေပါတယ်။ ဒါကြောင့်မို့  ဒီ မျက်နှာဖုံးဒီဇိုင်းအကြောင်းကို သိသိချင်းမှာဘဲ ပိတ်ပင်တားဆီး ပြန်လည် သိမ်းခဲ့တာပါ။

မျက်နှာဖုံးဒီဇိုင်းလေးမှာ ဘာတွေပါလဲ၊ ၁၉၆၂ဇူလိုင်လ (၇)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လို လျှို့ ဝှက်ပုံတွေ ဖေါ်ထားသလဲ ဆိုတာ ပုံများနဲ့ တစ်ကွ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ မှန်ဘီလူးလေးတစ်ခုနဲ့ အသေးစိတ်ကြည့်ရင်တော့ ကျွန်တော်ဖေါ်ပြထားတာထက် ပိုပြီးတွေ့ မြင်ကြရမှာပါ။

ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို ကြည့်ရင်းဖြင့်၊ ၁၉၆၂ခုနှစ်က နောင်တော်ကျောင်းသားကြီးများကို ဦးညွတ်အလေးပြုလိုက်သလို၊ နောင်လာနောက်သား ညီတော်ကျောင်းသား ကျောင်းသူအပေါင်းကိုလည်း အသိပေးလိုက်ပါတယ်။ ငါတို့ တစ်တွေရဲ့  ကျောင်းသားသမိုင်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဖူး ဆိုတာပါ။

အာဏာရှင်အပေါင်းကိုလည်း ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းကို ပြန်လည်မြင်တွေ့  စေပြီး၊ ကျုပ်တို့ ရဲ့  အာဏာရှင်စနစ်ကို တော်လှန်မှုဟာ ခောတ်အဆက်ဆက် ပြောင်းပေမယ့် ဆက်လက်တည်ရှိနေမယ်ဆိုတာ၊ ကျုပ်တို့ ကျောင်းသားတွေရဲ့ သွေးဟာ မခြောက်သေးဖူးဆိုတာ ကမ္ဘာမြေကြီးကို တိုင်တည်ပြီး သိစေအပ်တယ်။ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ သင်တို့  အာဏာရှင်တိုင်းကို တုန်လှုပ်ခြောက်ခြားပါစေသောဝ်။


[Rangoon+University+Anniversary+Magazine+(Cover).jpg]
၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာစောင် ရှေ့ မျက်နှာဖုံးဒီဇိုင်း။


[students+carrying+coffin+of+student+died.JPG]
ကျဆုံးသွားသောကျောင်းသူကျောင်းသားများရဲ့ အခေါင်းအား သယ်ဆောင်လှည့်လည်နေသည့်ပုံ။


[a+grave+with+a+label+Ar-Zar-Ni+(Martyr)..JPG]
အာဇာနည်ဟုစာတန်းရေးထိုးထားသော ကျောင်းသူကျောင်းသားတို့ ၏အုတ်ဂူ။


[demonstrating+students.JPG] ကျောင်းသူကျောင်းသားများ စီတန်းလှည့်လည်နေကြပုံ။

[A+fist+&+Students+&+Ar-Zar-Ni+words.JPG]
ဇူလိုင် (၇)ရက်နှင့် (၈)ရက်နေ့ တွင် ကျဆုံးခဲ့သောသူများအကြောင်း ကျန်ရစ်သူ ကျောင်းသူကျောင်းသားအပေါင်းအား ရှင်လင်းပြနေပုံနှင့်၊ အာဏာရှင်အား ကမ္ဘာမကြေဘူးဟု ဖေါ်ကျူးထားသော လက်သီးဆုတ်ပုံ။



[uni_th2.jpg]
၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံး ဒီဇိုင်း။


ညွှန်း - နစ်နေမန်း ဘလော့ - niknayman-niknayman.blogspot.com/2008/07/blog-post_261.html
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1