Friday, July 6, 2012

ကြံဖွံ့ အဆို NLD အမတ်များ ထောက်ခံဆွေးနွေး

Ever November | 7/06/2012 10:36:00 PM | Best Blogger Tips

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသော “ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင် ပါရန် ပြည်ထောင်စုအစိုးရသို့တိုကတွန်းကြောင်း”အဆိုကိုNLDပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
 နှစ်ဦးဖြစ်သော ဒေါက်တာ အောင်မိုးညို နှင့် ဒေါက်တာဇော်မြင့်မောင်တို့က ထောက်ခံဆွေးနွေးသွားခဲ့သည်။

 ပြည်သူ့လွှတ်တော်ပထမအကြိမ်စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့တွင်ယင်းကဲ့သို့ဝင်ရောက်ဆွေးနွေး
သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထောက်ခံဆွေးနွေးသွားသော ကြောင့်လွှတ်တော်အတွင်းပါတီစွဲမထားဘဲ ပြည်သူအတွက်အကျိုးရှိမည့် အဆိုများကို နှစ်ဘက်အင်အားကြီးပါတီများမှပူးပေါင်းဆောင်ရွက်ကြမှုကိုကြိုဆို ကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များကသုံးသပ်ပြောကြားခဲ့သည်။
Messenger News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1