Friday, July 6, 2012

ဘီလ်လက်ကျန်ငွေ တစ်သိန်းနှင့်အထက်ရှိပါက ပြန်လည်ထုတ်ယူနိုင်

Ever November | 7/06/2012 09:43:00 PM | Best Blogger Tips

ဘီလ်စနစ်သုံးဖုန်းများမှ ကြိုတင်ငွေပေးကတ်စနစ်သုံးဖုန်းများအဖြစ်သို့ ပြောင်းလဲရာတွင် ဘီလ်လက်ကျန်ငွေ တစ်သိန်းနှင့်အထက်ရှိပါက ပြန်လည်ထုတ်ယူနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ သြဂုတ်လ ၂၀၁၂ သုံးစွဲကာလအထိ စာရင်းရှင်းလင်းပြီး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ ငွေလက်ကျန် (ပိုငွေ) ရှိပါက ၎င်းလက်ကျန်ငွေများကို သတ်မှတ်ထားချက်အရ မိမိစိတ်ကြိုက် ဆန္ဒပြုရွေးချယ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ကြိုတင်ငွေလက်ကျန်များအား သုံးစွဲသူမှရွေးချယ်ထားသည့် ဘဏ်များနှင့်ညှိနှိုင်း၍ ၎င်းဘဏ်သို့ လက်ကျန်ငွေလွှဲပြောင်းပေးနိုင်ကြောင်း၊ ကြိုတင်ငွေလက်ကျန်များအား ကြိုတင်ငွေစနစ်ထားရှိသည့် အော်တိုဖုန်းနှင့် အခြားမိုဘိုင်းဖုန်းများ (GSM/WCDMA မှအပ) သို့ဆက်လက်လွှဲပြောင်းပေးနိုင်ကြောင်း သိရသည်။ ကြိုတင်ငွေလက်ကျန် တစ်သိန်းနှင့်အထက် ကျန်ရှိသူများအနေဖြင့် ထိုကဲ့သို့မပြုလုပ်လိုပါက ချက်ဖြင့်ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ GSM ဖုန်းများ၏ ခေါ်ဆိုခငွေများအား Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုသူများအားလုံးသည် ယခင်ဘီလ်စနစ် (Postpaid) အသုံးပြုခဲ့သည့် ကာလများအတွက် ခေါ်ဆိုခငွေများပေးချေရန်ကျန်ရှိပါက လက်ရှိစနစ်အတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ပေးသွင်းနိုင်ကြောင်း သိရသည်။ ကြိုတင်ငွေပေးကတ်စနစ်သို့ ဆက်လက်ဖြည့်သွင်းခြင်း၊ ကြိုတင်ငွေလက်ကျန်အား ကြိုတင်ငွေစနစ်ထားရှိသည့် အော်တိုဖုန်းများနှင့် အခြားမိုဘိုင်းဖုန်းများ (GSM/CDMA မှအပ) သို့ဆက်လက်လွှဲပြောင်းခြင်း၊ ကြိုတင်ငွေလက်ကျန် တစ်သိန်းနှင့်အထက် ကျန်ရှိသူများအနေဖြင့် ချက်(Cheque) ဖြင့်ပြန်လည်ထုတ်ယူခြင်း စသည့်အချက်များထဲမှ မိမိဆန္ဒပြုချက်အား သတ်မှတ်ရက်များအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနသို့ ဖုန်းပိုင်ဆိုင်မှုအထောက်အထားများပူးတွဲ၍ ဆန္ဒပြုလွှာများ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ (၁.၅.၂၀၁၂) ရက်မှ (၃၁.၅.၂၀၁၂) ရက်အတွင်း Prepaid စနစ်ပြောင်းသူများအနေဖြင့် (၃၁.၇.၂၀၁၂) နောက်ဆုံးထား၍လည်းကောင်း၊ (၁.၆.၂၀၁၂) ရက်မှ (၃၀.၆.၂၀၁၂) ရက်အတွင်း Prepaid စနစ်ပြောင်းသူများအနေဖြင့် (၃၁.၈.၂၀၁၂) ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ (၁.၇.၂၀၁၂) နောက်ပိုင်း Prepaid စနစ်ပြောင်းသူများအနေဖြင့် (၃၀.၉.၂၀၁၂) နောက်ဆုံးထား၍လည်းကောင်း ဆန္ဒပြုလွှာများ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1