Friday, July 6, 2012

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဝင် ၅ သန်းကျော်ပြီ

Ever November | 7/06/2012 07:38:00 PM | Best Blogger Tips
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သည့်
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းရှိနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ယခုဆိုလျှင် မြန်မာအမျိုးသမီးများ၏ ဘဝသာယာလှပမှုအတွက် မွန်မြတ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်မှုများကြောင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းခဲ့သည့် ရှစ်နှစ်ကျော်ကလအတွင်း အဖွဲ့ဝင် အင်အား ၅ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်က မိန့်ခွန်း ပြောခဲ့သည်။

ယမန်နေ ဇူလိုင်လ ၃ ရက်နေ့ ကျရောက်သော ယခင်နအဖနှင့် ယခုအစိုးရခေတ်တို့ သတ်မှတ်ခဲ့သော မြန်မာ အမျိုးသမီးများနေ့ အထိန်းအမှတ်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်ထိ အမျိုးသမီးရေးရာအဖွဲ့များက အခြားအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ တနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို အစိုးရမဟုတ်သောအဖွဲ့ အစည်းအဖြစ် ထပ်မံဖွဲ့စည်းခဲ့သည်။

၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့က ယခင်အစိုးရက အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်လမ်းညွန်ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက်  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ထပ်မံ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်ခင်ဝင်းက ၂ဝ၁၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မှတ် အများဆုံးရ ကျောင်းသူ မဖြတ်ရွှေရည်ထွန်းနှင့် ထူးချွန်အမျိုးသမီး ဒုတိယရဲမှူး တပ်ဖွဲ့ဝင် လ ၁၁၄၉၈၃ သင်းသင်းအေးတို့အား ဂုဏ်ပြုဆုများ ချီးမြင့်သည်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး၏  အဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုံ တက်ရောက်ခဲ့သည်။

၂ဝ၁၂ခုနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး၊ ကျေးလက်
ဒေသနေ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ အောက်ခြေ အမျိုးသမီးထု၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားချေးငွေ လုပ်ငန်းအားထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်ရေး၊ပညာရေးအထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပြည်သူလူထု ကူးစက် ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဖော်ပြထားသည်။

ထို့ပြင် အဖွဲ့ချုပ်အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်ဆောင်ရွက်ရေး။ ပြုစုပျိုးထောင်ရေး၊ ပြန်လည်
 နေရာချထားရေး လုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသည်။
မဇ္စျိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1