တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့်ရာထူးအလျောက်တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီး ဖြစ်ပြီးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများအား တိုင်းဒေသကြီး
(သို့) ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ
ဥပဒေနှင့်အညီ ထည့်သွင်းဖွဲ့စည်း
ပေးပါရန် အဆိုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း
သိရှိရသည်။
အဆိုပါအဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအေးမောင်က
တင်သွင်းခဲ့ရာတွင် "တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများနှင့်
ရာထူးအလျောက် တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး ဖြစ်ပြီးသော
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ ဥက္ကဌများအား တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့
အဖွဲ့ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲငယ် (၂) အရ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရ
ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြပါတယ်။ အဆိုပါ
ဥပဒေပုဒ်မ၄၊ ပုဒ်မခွဲ (က)ပါ တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး ဦးရေကို
ကန့်သတ်ထားခြင်းတို့သည် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ပါ ပြဌာန်းချက် ဖြစ်သည့်
တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသဥက္ကဌများ မပါဝင်စေရဆိုတဲ့ ပြဌာန်းစာပိုဒ်ဟာ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)၊
ပုဒ်မခွဲငယ်(၂)ပါ ပြဌာန်းချက်နဲ့ ဆန့်ကျင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီး သတ်မှတ်ပြဌာန်းချက်များနဲ့လည်း
ဆန့်ကျင်နေ၍ ဤအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်" ဟု အဆိုတင်သွင်းခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်တွင်လည်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်
ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း
တိုင်းရင်းသားရေးရာ ဝန်ကြီးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့)
ပြည်နယ်ဝန်ကြီးများအဖြစ် အတိအလင်း ပြဌာန်း သတ်မှတ်ထားသည့်အပြင် အမျိုးသား
ညီလာခံ စုံညီအစည်းအဝေးက ချမှတ်ထားသည့် အသေးစိတ် အခြေခံမူများ ရှိနေသော်လည်း
တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊
စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၁၇ တို့တွင်
တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးများနှင့်မတူ ခွဲခြားကာ
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၏ ခံစားခွင့်ကို သီးခြားပြဌာန်း
သတ်မှတ်ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမည်
မဟုတ်ပေဟု ဆုံးဖြတ်ထားကြောင်း သိရသည်။
EMG
No comments:
Post a Comment