မည်ဖြစ်ကြောင်း ရထားပို့ဆောင် ရေးဝန်ကြီး
ဦးအောင်မင်းက နေပြည်တော်တွင်ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌
ပြောကြားခဲ့သည်။
“ဒီလမ်းကြောင်းကို
ဖွင့်ပေးလိုက်ခြင်းအားဖြင့် အဲဒီ့မှာ တိုင်းရင်းသားတွေရှိတယ်။ နောက်ပြီး
ဟိုဘက်မှာရှိတဲ့ ထိုင်းနိုင်ငံနဲ့ လည်း
စီးပွားရေးလမ်းကြောင်းတွေဖွင့်လို့ရပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလမ်းကြီးက
လုပ်သင့်တဲ့လမ်းဖြစ်ပါတယ်။ မိုးကုန် ရင် ကျွန်တော်တို့
စပြီးလုပ်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု
ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
သေမင်းတမန်မီးရထားလမ်းအား
ပြန်လည်ဖောက်လုပ်ရာတွင် ယခင်လမ်းဟောင်းတာဘောင်များအတိုင်း အတတ်နိုင်ဆုံး
ပြန်လည်အသုံးပြုသွားမည်ဖြစ်ပြီး အချိန်အားဖြင့် အနည်းဆုံး(၃)နှစ်ခန့်
ကြာမြှင့်မည်ဖြစ်ကြောင်းသိရသည်။
“ရထားလမ်းတစ်ခုဖောက်လုပ်တာကတော့
ကားလမ်းဖောက်သလောက်တော့ မမြန်ဘူး။ ၂ နှစ် ၃ နှစ်လောက်တော့ ကြာမှာပေါ့။
မိုးကုန်ရင် အဲဒီ့လုပ်ငန်းကြီးကို ဆက်ပြီးတော့ လုပ်နိုင်အောင်
ကျွန်တော်တို့ ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ နဂိုလမ်းကြောင်း
တာဘောင်ရှိပါတယ်။ အဲဒီ့တာဘောင် အဟောင်းတွေကို ပြန်သုံးမှာဖြစ်ပါတယ်”ဟု
ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ဆက်၍ပြောသည်။
အဆိုပါသေမင်းတမန်မီးရထားလမ်းအား
စတင်ဖောက်လုပ်ရာတွင် (၁) ဒုတိယကမ္ဘာတွင် ဂျပန်တို့အောင်နိုင်ရေးအတွက်
အထူးအရေးကြီးသော လက်နက်ခဲယမ်းများ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး၊(၂) မြန်မာနိုင်ငံမှ
ထွက်ကုန် သွင်းကုန် များကို မြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေး၊ (၃)
မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာမဟာမိတ် ချစ်ကြည်မှု ပြုလုပ်
နိုင်ရေး၊ (၄) စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ
ဆင်းရဲကျပ်ကျပ်တည်းလျက်ရှိရာ မီးရထားလမ်းဖောက်လုပ်ပြီးစီးပါက မြန်မာပြည်
ချမ်းသာလာစေရေး စသည့် ရည်ရွယ်ချက်(၄) ချက်ဖြင့်
စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီလမ်းက
ကျွန်တော်ပြောတာက လုပ်ရမှာ လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ နဂိုလမ်းက
ရှိပြီးသားပဲ။ စရိတ်တော့ ကုန်မယ် ဒါပေမယ့် မြန်မြန်ပြီးနိုင်တယ်။
စီးပွားရေးကုန်သွယ်မှုအပိုင်းမှာလည်း ဖွံ့ဖြိုးလာနိုင်တယ်။ ဒီရထားလမ်းက
ကျွန်တော်သိသလောက် ဆိုရင် ၁၉၄၅ ခုနှစ် စစ်ပြီးကတည်းက ပိတ်ထားလိုက်တာ။
တကယ်ပြန်လုပ်ဖြစ်မယ်ဆိုရင်တော့ ကောင်းတဲ့ဘက် များမှာပါ”ဟု
မွန်အမျိုးသားဒီမိုကရေစီပါတီမှ ဥက္ကဌဖြစ်သူ ဦးနိုင်ငွေသိမ်း ကပြောသည်။
သေမင်းတမန်မီးရထားလမ်းကို
၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့ပြီး ရထားလမ်းဖောက်လုပ်ရာတွင်
မြန်မာနိုင်ငံသား ရှစ်သောင်းကျော်နှင့် မဟာမိတ်တပ်သား တစ်သောင်းကျော်
အသက်ဆုံးရူံးခဲ့ရသည့်အတွက် သေမင်း တမန်ရထားလမ်း
အဖြစ်ထင်ရှားခဲ့ကြောင်းသိရသည်။
အဆိုပါရထားလမ်းသည်
မိုင်ပေါင်း(၂၅၀)ကျော်ရှည်လျားပြီး ၁၉၄၃ ခုနှစ် အောက်တိုဘာလတွင်
ရထားလမ်းဖောက်လုပ် ပြီးစီးသည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြောင်းကိုလည်း
သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment