Friday, July 6, 2012

၅ -၀၇-၂၀၁၂ မှ ၁၁-၀၇-၂၀၁၂ ထိ ၇ရက်သားသမီးဗေဒင်

Ever November | 7/06/2012 09:41:00 PM | Best Blogger Tips
တနင်္ဂနွေ
 
        သံယောဇဉ်လေးတွေ ပိုများလာမည်။ ချစ်သူတွေများလာတော့ အလုပ်တွေ ပညာရေးတွေအချိန်မပေးနိုင် ဖြစ်လာနေမည်။
စိတ်လေမှုများပိုလာမည်။ကတိတွေပေးပြီးမှပျက်ကွက်မှုတွေရှိနေမည်။အလုပ်ပြောင်းခြင်းအခြားနေ
ရာပြောင်းရွှေ့ရခြင်းတို့  ဖြစ်လာမည်။ ငွေကြေးစကားပြောရမည်။ ငွေလိမ်ခံရမည်။ ပစ္စည်းအလိမ်ခံရမည်။ ၀မ်းဗိုက်နာခြင်း ခြေထောက်နာခြင်း ဖြစ်မည်။ ကြီးသူ ၁ယောက်အတွက် စိတ်ရှုပ်ရမည်။
 
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၇။
အထူးဟော - သင့်စိတ်တွေမနိုင်ဘဲနှင့် အချစ်မများသင့်ပါ။
ယတြာ - တနင်္ဂနွေ နံနက်တွင်ရေအိုးထဲမှာ ရေအေးထည့်၍ ဘုရားကိုလှူထားပါ။
 
တနင်္လာ
 
          ဒီနေ့ပြီးနိုင်မည့် ကိစ္စ မနက်ဖြန်မရွှေ့နှင့်။ ထိုင်နေလို့တော့ဘာမှဖြစ်မလာနိုင်ဘူးဆိုတာလိုလုပ်ရမယ့်ကိစ္စကိုရက်ရွှေ့လရွှေ့ လုပ်နေလို့မပြီးတာနှင့်လုပ်ငန်းကြွေးတွေတင်နေလိမ့်မည်။အကြီးအကဲ၏အပြစ်တင်ခြင်းခံရမည်။ရုတ်တရက်ခရီးတွေ ထွက်ရတတ်သည်။သွားပါကလမ်းခရီးတွင်ရုတ်တရက်ခိုက်မိနိုင်ပါသည်။သို့သော်အန္တရာယ်မရှိပါ။ငွေဝင်မည်။
အိမ်ပြင်မည်။အခန်းဖွဲ့မည်။စက်ဝင်၊ထွက်မည်။အချစ်ရေးပြန်ကောင်းမည်။မုန်းနေသောအချစ်ရေးပြန်အ
ဆင်ပြေလာမည်။လက်ထပ်ရက်သတ်မှတ်မည်။
 
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပါ။
ယတြာ - တနင်္လာနေ့တွင် ကန်တစ်ခုကိုသွားပြီးဆည်လိုက်ပါ။
 
အင်္ဂါ
 
      စေတနာသည်လူတိုင်းနှင့်မတန်ဆိုတာလိုသင်စေတနာထားပြီးပြောဆိုလုပ်ကိုင်သော်လည်းတဖက်လူ၏ တုံ့ပြန်မှုကအဆင်မပြေဖြစ်နေမည်။သည်းခံလိုက် ပါ။ တချိန်မှာတန်ပြန်သက်ရောက်မှု မုချပြန်လာပါလိမ့်မည်။ အချစ်ရေးနှင့် ပတ်သက် ၍စိတ်ဆင်းရဲရတတ်သည်။ချစ်သူ၏အထင်လွဲခြင်းခံရမည်။အိမ်ထောင်ရှိသူတို့ ချစ်သူထပ်တွေ့မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ခိုက်မိကိန်းရှိသည်။မိဘသားချင်းအတွက်လုပ်ကျွေးရတတ်သည်။လုပ်ကျွေးတာတော့ကောင်းပါသည်။အော်
ငေါက်ပြီးတော့ ကျွေးတာတော့မကောင်းဘူးထင်ပါတယ်။နှုတ်ရောမျက်နှာရောချိုချိုထားပြီးကျွေးမွေးစောင့်
ရှောက်လိုက်ပါ။အိမ်၊မြေ၊စက်ရောင်းခြင်းဝယ်ခြင်းပြောင်းခြင်း     ဖြစ်ပါမည်။ ငွေဝင်၊ ထွက် ကြမ်းမည်။
 
အကျိုးပေးဂဏန်း - ၀၊ ၅၊ ၁။
အထူးဟော - သူများလေးစားအောင်ပြောဆိုလုပ်ကိုင် ဆက်ဆံနေခြင်းကိုဆက်လက် ကျင့်သုံးပါ။
ယတြာ - သက်ကြီးရွယ်အိုကိုအင်္ဂါနေ့နံနက်တွင် ပိုက်ဆံလှူပါ။
 
ဗုဒ္ဓဟူး
 
          သင့်လုပ်ဆောင်ချက်တွေအောင်မြင်နေပါသည်။ သင့်ပညာရေးအမှတ်ကောင်းကောင်းနှင့် အောင်မြင်ပါသည်။ သင့်ရဲ့ အချစ်ရေးမှာရည်းစားတစ်ယောက်မကပေါ်လာပါမည်။ခင်မင်ရာမှချစ်သူဖြစ်လာတတ်ပါသည်။သင့်အပေါင်း
အသင်းအပေါ်ကတိမလွန်လိုက်ပါနှင့်။မလုပ်နိုင်တာကိုလည်းကတိမပေးလိုက်ပါနှင့်။ချစ်သူ၂ဦးကြားလည်း
ဆရာကြီးဝင်မလုပ်ပါနှင့်။ဆန္ဒလည်းမစောပါနှင့်။ဆင်ခြင်ပေးပါမှတော်ရုံကျသောကာလဖြစ်ပါသည်။လုပ်နေ
သောလုပ်ငန်းမှာအတိုက်အခံတွေကြုံမည်။ လုပ်ငန်းသစ်ရမည်။ စက်၊ ရွှေ ၀င်ခြင်းထွက်ခြင်း ဖြစ်မည်။ ခြေ၊ လက်တို့ခိုက်မိမည်။
 
အကျိုးပေးဂဏန်း - ၄၊ ၆၊ ၉။
အထူးဟော - ရေလမ်းခရီးမသွားသင့်ပါ။
ယတြာ - ဗုဒ္ဓဟူးနေ့ တွင် ဘုရားကိုသောက်တော်ရေလှူပါ။ ထို့နောက် သင့်ကိုယ်စောင့်နတ်ကိုအမျှပေးလိုက်ပါ။
 
ကြာသပတေး
 
          အပေါင်းအသင်းမှားမှာစိုးလို့ ရွေးပေါင်းပါမှ ရွေးပေါင်းတဲ့လူကိုယ်တိုင်ကကိုယ့်အပေါ် မကောင်းဖြစ်တတ်ပါသည်။ လူယုံမထားရ။လူလိမ်ငွေလိမ်ခံရမည်။မြေစကားပြောရမည်။အထင်လွဲစွပ်စွဲခံရတတ်သည်။အပြစ်တင်ခြင်းခံ
ရမည်။ရစရာငွေကြေး တချို့တစ်ဝက်ဝင်လာမည်။ခြေ၊လက်ခိုက်မိမည်။ ၀မ်းဗိုက်ရောဂါ ရတတ်သည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ နေအိမ်တွင် အပူသည် လာလိမ့်မည်။လက်မခံသင့်ပါ။သူများအပူကိုယ့်ဆီကူးလာတတ်သည်။ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ အချစ်ရေးအဆင်ပြေပြီးမှ ကွဲသွားတတ်သည်။ ချစ်သူသစ်တွေ့မည်။ အိမ်ထောင်သည်တို့ ဖောက်ပြန်မည်။ ငွေ ပစ္စည်းပျောက်မည်။
 
အကျိုးပေးဂဏန်း - ၁၊ ၂၊ ၄။
အထူးဟော - လူတိုင်းဟာကိုယ်လိုမဟုတ်ကြပါဘူးဟုမှတ်ပါ။
ယတြာ - သင့်အိမ်ရှေ့က ရေမြောင်းကို ကြာသပတေးနံနက်တွင် သန့်ရှင်းရေးလုပ်လိုက်ပါ။
 
 
သောကြာ
 
          ချစ်တိုင်းလည်းမညားညားတိုင်းလည်းမချစ်ကြပါဘူးဆိုတာကိုသင့်စိတ်ထဲစွဲမြဲစွာမှတ်ထားလိုက်ပါ။ သင့်ချစ်နေရသူကိုသင့်မိဘသားချင်းတို့ကလက်မခံသဘောမတူပါ။မိဘသဘောတူတဲ့သူကိုလည်းသင်မလို
ချင်ဖြစ်နေပါမည်။ အချစ်ကိုတန်ဖိုးထားတတ်ပြီးဘယ်သူတွေသဘောတူတူမတူတူကိုယ်ချစ်တဲ့သူကိုယူရမှာဘဲဟုသင့်ဆုံးဖြတ်ချက်ချပြီး ၀ါမ၀င်ခင် ထွက်ပြေးဖို့ ကြိုးစားတတ်ပါသည်။ ဒါပေမယ့် အပြန်ပြန် အလှန်လှန် စဉ်းစားသုံးသပ်သင့်ပါတယ်။ အငိုလွယ် အရှိုက်ခက်ဖြစ်တတ်ပါ သည်။ စိတ်ပင်ပန်းလျှင် ခရီးတစ်ခုထွက်လိုက်ပါ။ ကျန်းမာရေးဂရုစိုက်ပါ။ ချူချာတတ် ပါသည်။ စီးပွားရေးပညာရေးတို့ နှောင့်နှေး တတ်၍ဂရုစိုက်ကြိုးစားလိုက်ပါ။စိတ်ပန်းလက်ပန်းဖြစ်မည်။ဒီတစ်ပတ်ကံဇာတာကသင့်တွင်အပြည့်မကောင်း
ပါ။ဆုံးဖြတ်ချက်  မြန်ဆန်စွာ မချသင့်သေးပါ။ ချစ်သူကလှေနံနှစ်ဖက်နင်းလုပ်တတ်ပါ သည်။ ဂရုစိုက်ပါ။ အလုပ်မှာပြောင်းလဲမှုဖြစ်မည်။ အင်တာဗျူး အောင်မည်။ လက်ဆောင်ရမည်။
 
အကျိုးပေးဂဏန်း - ၁၊ ၆၊ ၉။
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - အိမ်ဘုရားကိုသောကြာနေ့နံနက်တွင် သစ်သီးဆွမ်းလှူပါ။
 
စနေ
          ရည်ရွယ်ချက်တွေများနေမည်။ ရည်ရွယ်ချက်တိုင်းအများကြီးတစ်ပြိုင်နက်တည်းမလုပ်နှင့်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ သင်အောင်မြင်လာပါလိမ့်မည်။အပေါင်းအသင်းတွေကိုအားနာတတ်ခြင်း နှင့် ကိုယ်ကပင်ပေးဆပ်ချင်သောစိတ်တွေ ကြောင့် သင်၏ အရေးပါသောအရာတွေလက်လွတ်သွားတတ်ပါသည်။ ထိုသို့ မဖြစ်စေရန် သတိမူပါ။ ကိုယ့်ကိစ္စ ကိုအရင် ဆောင်ရွက်ပြီးမှ သူများကိစ္စ ကူညီသင့်ပါသည်။သင့်စေတနာကိုနားလည်လာပါလိမ့်မည်။တဖန်သင့်ကိုလည်းပြန်၍ကူညီမှုပြုလာပါလိမ့်မည်။မကြာမီသင် အလုပ်ကောင်းကောင်းရပါလိမ့်မည်။ကိုယ်ပိုင်အလုပ်တို့အဆင်မပြေသလိုဖြစ်ပြီးမှအဆင်ပြေလာမည်။အချိန်
ယူရပါအုံးမည်။အချစ်ရေးအဆင်ပြေမည်။ချစ်သူအသစ်တွေ့မည်။အိမ်ထောင်ရေးအဆင်ပြေမည်။ဝမ်းဗိုက်
၊ခြေထောက်၊လက်တို့ ထိခိုက်အနာတရဖြစ်မည်။ အန္တရာယ်မရှိပါ။ လက်ဆောင်ပစ္စည်းရမည်။ ထီပေါက်မည်။ မိဘသားချင်းကိုလုပ်ကျွေးဖြစ်မည်။
 
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော - အချိန်အနည်းငယ်အတွင်းမုချအောင်မြင်မည်။
ယတြာ - စနေနေ့ နံနက်တွင် ဘုရားကိုထီးဖြူ ၉ လက်လှူပါ။
ဒေါက်တာ ထွန်းလင်း( ဘုတလင်)
မြစ်မခ 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1