အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုပင်လယ်အော်အတွင်းရှိ ကျောက်ဆိုင်ကျောက်သားများပြွမ်းတီးနေသော
ကျောက်ဆောင်နီကျွန်းတစ်ကျွန်းရှိ
အမေရိကန်ဒေါ်လာ ငါးသန်းခန့်ဖြင့် ဈေးလျှော့ရောင်းချနေရကြောင်း
အင်တာနက်သတင်းတွင် ဇူလိုင် ၉ ရက်က ဖော်ပြသည်။ ဆန်ဖရန်စစ္စကို
ပင်လယ်အော်မြောက်ပိုင်းတွင်ရှိသော ခြောက်ဧကကျယ် ကျောက်ဆောင်နီကျွန်းသည်
ငါးများဖမ်းယူနိုင်ပြီး ဆန်ဖရန်စစ္စကိုမြို့ပြ မြင်ကွင်းကို အံ့မခန်းဖွယ်
ရှုစားနိုင်သည်ဟုဆိုကာ ဈေးခေါ်ရောင်းချနေခြင်းဖြစ်သည်။ ယခုနှစ် အစောပိုင်းက
အမေရိကန်ဒေါ်လာ ၂၂ သန်း ဈေးနှုန်းသတ်မှတ်ခဲ့သော်လည်း လက်ရှိခေါ်ဈေးကို
ဒေါ်လာငါးသန်းအောက်အထိ လျှော့ချ၍ ရောင်းချနေခြင်းဖြစ်သည်။ ကျွန်း၏
ကျောက်စွန်းကျောက်သားများတွင်သံမဏိထုတ်ယူနိုင်သည့်မင်းဂနိစ်ဒြပ်စင်များရှိကြောင်း ကျောက်
ဆောင်နီကျွန်းပိုင်ရှင်၏အရောင်းကိုယ်စားလှယ်ကဆိုသည်။ ကျောက်ဆောင်နီကျွန်းကိုအရောင်းဈေးကွက်
တင်
ရောင်းချနေသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ ၄င်းကျွန်း၏ ဈေးနှုန်းကို
လျှော့ချပေးလိုက်မှသာ အရောင်းအ၀ယ်ဖြစ်နိုင်သည်ဟု အရောင်းကိုယ်စားလှယ်က
ကျွန်းပိုင်ရှင်ကို အကြံပေးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)khitlunge
No comments:
Post a Comment