Thursday, July 12, 2012

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၂၆ နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူ ဇူလိုင်လ ၁၂ ရက်နေ့ရုံးချိန်းတွင် တရားလိုပြသက်သေ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး တစ်ဖက်ရှေ့နေမှ ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့

Ever November | 7/12/2012 03:17:00 PM | Best Blogger Tips
ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းလာရောက်ကြသူများကို တွေ့ရစဉ်

သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှုအား လာမည့်ဇူလိုင်လ ၂၆ ရက်နေ့သို့ ရုံးချိန်းထပ်မံပေးထားပြီး ဇူလိုင်လ ၁၂ ရက်နေ့(ယနေ့) ပြုလုပ်သည့်ရုံးချိန်းတွင် တရားလိုပြသက်သေ သတ္တုတွင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလူးဆေးဝါးအား စစ်ဆေးခဲ့ပြီး The Voice ဂျာနယ်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေက ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ ကြားနာစစ်ဆေးခဲ့သည့် သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်အမှုကို နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကြားနာစစ်ဆေးမှုပြီးဆုံးခဲ့ပြီး လာမည့်ဇူလိုင် ၂၆ ရက်နေ့ကို ရုံးချိန်းထပ်မံပေးထားကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့်  လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးတွင် ပြုလုပ်ခဲ့သည့်  ကြားနာစစ်ဆေးမှုတွင် သတ္တုတွင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားမှူးက ဒဂုံမြို့နယ်တရားရုံးသို့ စစ်ဆေးချက်ပေးရာတွင် ၎င်းသည် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးဖြစ်ပြီး မုံရွာကြေးနီ စီမံကိန်းကို အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့် အိုင်ဗန်ဟိုးလီမိတက်တို့ အကျိုးတူ ဖက်စပ်ဆောင်ရွက်နိုင်ရန်  ဖွဲ့စည်းထားသည့် BOD အဖွဲ့တွင် အတွင်းရေးမှူးဖြစ်ကြောင်း၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းပိုင်ဆိုင်သည့်  အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရောင်းချခဲ့ရာ BOD အဖွဲ့၏ ဆောင်ရွက်ချက်များသည် ငွေကြေးတစ်စုံတစ်ရာ အလွဲသုံးစားမှု မရှိပါကြောင်းနှင့် ငွေစာရင်းနှင့် ပတ်သက်၍ မှန်ကန်စွာ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေက တရားလိုပြသက်သေအား  ယင်းအမှုနှင့်ပတ်သက်ပြီး ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။ သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူအမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြားနာစစ်ဆေးခဲ့သည့်ရုံးချိန်းမှ သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice  ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice  ဂျာနယ်ဘက်မှ လျှောက်ထားမှုကို  ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့်အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။ လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင်ပြုလုပ်မည့် ရုံးချိန်းတွင်လည်း တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1