Thursday, July 12, 2012

ဟိုတယ်အခြေခံ အခန်းခနှုန်းများကို အမေရိကန်ဒေါ်လာ ၁၅၀ ထက် မပိုရန် ညွှန်ကြားချက် ထုတ်ပြန်

Ever November | 7/12/2012 03:08:00 PM | Best Blogger Tips
ရန်ကုန်မြို့ရှိ Traders တွင် လာရောက် တည်းခိုသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်

ပြည်တွင်းသို့ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု များပြားလာခြင်းနှင့် အတူ ဟိုတယ်အခန်းခ နှုန်းထားများ မြင့်တက်မှု ဖြစ်ပေါ်လျက်ရှိရာ လက်ရှိတွင် အခြေခံအဆင့်ရှိ သော Stantard Room အခန်းခ နှုန်းထားများကို အမေရိကန်ဒေါ်လာ ၁၅၀ ထက် မပိုရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ယခုနှစ်အတွင်း ဟိုတယ်အခန်းဈေးနှုန်းများ ပြောင်းလဲမြင့်တက်မှုကြောင့် ခရီးသွားကုမ္ပဏီများမှ ခရီးသွား ၀န်ဆောင်မှုပေးရာတွင် အခက်အခဲများဖြစ်ပေါ်လာ၍ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြကြောင်း သိရသည်။
ဇွန်လ တတိယပတ်အတွင်းတွင်မူ ခရီးသွားကုမ္ပဏီ အလတ်စား နှင့် အသေးစား ၃၀ ကျော်သည် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များကို ဇွန်လ နောက်ဆုံးပတ်တွင် ခေါ်ယူတွေ့ဆုံ ကာ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များတွင် အခြေခံအဆင့်ရှိသော Stantard Room များအား အမေရိကန်ဒေါ်လာ ၁၅၀ ထက်မပိုရန်၊ အခန်းခနှုန်းထားများသည် ကျိုးကြောင်း ဆီလျော်မှုရှိရန်နှင့် ပတ်ဝန်းကျင်နိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေး နှုန်းကြီးမြင့်မှု မရှိစေရန်၊ ဟိုတယ်အခန်း ကြိုတင်ဝယ်ယူပြီးသော (သို့မဟုတ်) နှစ်ဖက် သဘောတူညီမှုဖြင့် စပေါ်တင် ၀ယ်ယူထားသော အခန်းခနှုန်းထားများ ပြောင်းလဲမှုမရှိရန်၊  FDI ဟိုတယ်များနှင့် ကုမ္ပဏီများ အကြားစာချုပ်ချုပ်ပြီးပါက ၀န်ကြီး ဌာနတွင် မှတ်ပုံတင်ထားရန်၊ တစ်ဖက်ဖက်မှ ဖောက်ဖျက်ပါက ၀န်ကြီး ဌာန၏ အဆုံးအဖြတ်ကို ခံယူရန် စသည်တို့ညွှန်ကြားခဲ့သည်။
အရေးယူဆောင်ရွက်မည့် အချက်များတွင် ၀န်ကြီးဌာနမှ  FDI ဟိုတယ်များမှ GM များ၏ ဗီဇာ သက်တမ်းတိုးခြင်းကို ထောက်ခံချက်ပေးမည် မဟုတ်ကြောင်း၊ ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများ အကြား အခန်းဝယ်ယူခြင်းနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုရာတွင် နှုန်းထား၊ ငှားရမ်းမည့်ကာလ၊ အခန်း အရေအတွက်တို့ကို ထည့်သွင်းဖော်ပြရန်၊ ဖောက်ဖျက်မှုရှိပါက ဖောက်ဖျက်သူက သဘောတူညီချက်အရ သတ်မှတ်ထားသော ငွေပမာဏကို ပေးလျော်ရန် စသည်တို့ ပါဝင်သည် ဟု သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နိုင်ငံရေးအပြောင်းအလဲ ပေါ်တွင်မူတည်ကာ ၂၀၁၁ ခုနှစ်မှ စတင်ပြီး တိုးတက်လာရာ၌ ဟိုတယ် အခန်းလိုအပ်ချက် ဖြစ်ပေါ်လာမှုနှင့် အတူ ဟိုတယ်အခန်းခ နှုန်းထားများလည်း လိုက်ပါမြင့်တက်လာခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လနောက်ဆုံးပတ်အထိ ဟိုတယ်အခန်းခ နှုန်းထား အချို့မှာ ကြယ်ငါးပွင့်အဆင့်ဟိုတယ် များတွင် အမေရိကန်ဒေါ်လာ ၂၅၀ မှ ၇၅၀၊ ကြယ်လေးပွင့် အဆင့်ဟို တယ်များတွင် အမေရိကန်ဒေါ်လာ ၂၅၀ မှ ၃၅၀၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ်များတွင် အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာမှ ၁၆၅ ဒေါ်လာဝန်း ကျင်ရှိနေကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1