Friday, July 6, 2012

လန်ဒန် အိုလံပစ်ပွဲ ဖွင့်လှစ်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းလျာထား

Ever November | 7/06/2012 10:30:00 PM | Best Blogger Tips

လန်ဒန်မြို့တွင် ကျင်းပမည် ၂၀၁၂ အိုပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် အိုလံပစ် မီးရှုးတိုင် သယ်ဆောင် ထွန်းညှိမည့် အစီအစဉ်သို့ တက်ရောက်ရန် လျာထားခြင်း ခံရသော ကမ္ဘာကျော် ပုဂ္ဂိုလ်များထဲတွင် ဟဲဗီးဝိတ် လက်ဝှေ့ကျော် မိုဟာမက် အလီနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ကြောင်း အိုလံပစ် ကော်မတီက ဇူလိုင်လ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်တွင် အိုလံပစ် အခမ်းအနားသို့ တက်ရောက် နိုင်မည်လားဟု အိုလံပစ် အခမ်းအနား စီစဉ်သူများက ချဉ်းကပ်ခဲ့ကြောင်း Telegraph သတင်းတစ်ပုဒ်တွင် ဖော်ပြ ပါရှိသည်။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၆ အတ္တလန်တာ အိုလံပစ် မီးရှုးတိုင် ထွန်းညှိခဲ့သူ မိုဟာမက် အလီတို့ကို ဂုဏ်ပြု ဖိတ်ကြားရန် ဒါရိုက်တာ ဒန်နီဘွိုင်းနှင့် အခမ်းအနား ကျင်းပရေးကော်မတီက စဉ်းစားခဲ့သည်ဟု ယင်းသတင်းစာက ဆိုသည်။

ယင်းသတင်းနှင့်ပတ်သက်၍ပတ်သက် NLD ၏ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကို အတည်ပြု မေးမြန်းရာ မသိရှိသေးကြောင်း ပြန်လည် ပြောကြားသည်။

အိုလံပစ် မီးရှုးတိုင် ထွန်းညှိပေးရန် လျာထားခြင်း ခံရသော အခြား နာမည်ကျော် ပုဂ္ဂိုလ်များထဲတွင် ဆြာ စတိဗ်ရက်ဂရေ့၊ ရော်ဂျာ ဘန်နစ္စတာ၊ ဒါလီ သွန်မဆန်၊ ဒိမ်းကယ်လီ ဟုမ်းမ်၊ မေရီပီတာနှင့် ဒေးဗစ် ဘက်ခမ်း တို့လည်း ပါဝင်နေကြသည်ဟု သိရှိရသည်။
 The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1