Friday, July 6, 2012

မာန် (ဒေါင်းနွယ်ဆွေ)

Ever November | 7/06/2012 10:44:00 PM | Best Blogger Tips

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …
အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …
မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။
ဒေါင်းနွယ်ဆွေ 
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1