Friday, July 6, 2012

ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံး၊ High Court၊ တိုင်းဒေသကြီးစုပေါင်းရုံးနှင့် မီးရထားရုံးချုပ်တို့အား ကုမ္ပဏီ ၄ ခုကိုလုပ်ငန်းဆောင်ရွက်ခွင့် ချထားပေးရန် ယာယီရွေးချယ်ထား

Ever November | 7/06/2012 07:46:00 PM | Best Blogger Tips
ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံး အဆောက်အဦ၊ High Court အဆောက်အဦ၊ တိုင်းဒေသကြီး စုပေါင်းရုံးနှင့် မီးရထား ရုံးချုပ်များကို ကုမ္ပဏီ ၄ ခုအား လုပ်ငန်းဆောင်ရွက်ခွင့် ချထားပေးရန် ယာယီရွေးချယ်ထားကြောင်း သတင်းရရှိသည်။

ဝန်ကြီးများရုံး အဆောက်အဦအား အနော်မာအနုပညာအဖွဲ့သို့ လုပ်ကိုင်ခွင့်ပြုရန် ယာယီရွေးချယ်ထားပြီး ပန်းချီပညာရှင်များ၏ ပန်းချီကားများကို အခန်းလိုက်ခွဲ၍ ပြတိုက်ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများ၊ ပြည်နယ်ကြီးများတွင် လူမျိုးများအလိုက် ရိုးရာယဉ်ကျေးမှုပစ္စည်းများ၊ ထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ပြုလုပ်ပုံအဆင့်ဆင့် ပြသ၍ ရောင်းချခြင်း၊ ယက္ကန်းစင်များ၊ ဂျပ်ခုပ်လုပ်ငန်းများ ပြသပြုလုပ်ပြီး၎င်းင်းထွက်ကုန်များကို အရည်အသွေး ကောင်းမွန်အောင်လုပ်ကိုင်ခြင်း၊ မြန်မာ့ယဉ်ကျေးမှု တူရိယာပစ္စည်း များစွာကို ကျွမ်းကျင်ပညာရှင်များဖြင့် အလုပ်ရုံလုပ်ပြီးပြသခြင်း ၊မြန်မာ့ရိုးရာ အကများဖြင့် ပြသခြင်းလုပ်ငန်း၊ ပန်းချီပန်းပု အကတူရိယာများ တီးမှုတ်ခြင်း ပညာများကို သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်း၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ကြရသည့် အခန်းအား ဖယောင်းရုပ်များဖြင့် ပြုလုပ်ပြသခြင်း၊ ပါလီမန်လွှတ်တော်အခန်းအား မွမ်းမံထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် နှစ် ၃၀ ငှားရမ်းမည်ဖြစ်ပြီး ပြတိုက်များ ၀င်ငွေစုစုပေါင်း၏ ၃%မှ၅%၊စားသောက်ဆိုင်များနှင့် ရုံးခန်းများ ငှားရမ်းရငွေ၏ ၁၅%၊ အနုပညာရပ်ဆိုင်ရာ ပြပွဲများ၊ ကပွဲများ ၀င်ငွေ၏ ၁% ကိုနှစ်စဉ်ငှားရမ်းခ အဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
Hight Court အဆောက်အဦအား ပြတိုက်အသွင် ဆောင်ရွက်ရန်အတွက် တစ်နှစ်လျှင် ကျပ်သိန်း ၂၄၀၀ နှုန်းဖြင့် ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက်အား ယာယီရွေးချယ်ထားပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် သဘင်ပညာနှင့် ရုပ်သေးပညာ ဦးမော့လာနိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှု ကဇာတ်ရုံ တစ်ခုတည်ထောင်ရန် စသည့်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးအဆောက်အဦးအား ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် လျှောက်ထားသည့်ကုမ္ပဏီ ၄ ခုထဲမှ Flying Tiger Engineering Co.,Ltd & Jewellery Lucky Production Co.,Ltd. အား ယာယီရွေးချယ်ထားပြီးအခန်း ၁၈၀ ပါ နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် နှစ် ၆၀ သက်တမ်းဖြင့် ငှားရမ်း ဆောင်ရွက်မည် ဖြစ်ပြီး ဟိုတယ်ဝင်ငွေ၏ ၇%ကို နှစ်စဉ်ငှားရမ်းခနှုန်းအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး မီးရထားရုံးချုပ် အဆောက်အဦးအား ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လျှောက်ထားသည့် ကုမ္ပဏီ ၃ ခုအနက် Dosim Engineering & Construction Co.,Ltd အား ယာယီရွေးချယ်ထားပြီး အခန်း ၁၄၅ ခန်းပါ ဟိုတယ်လုပ်ငန်း အတွက် နှစ်(၃၀+၁၅+၁၅)အတွက် နှစ်စဉ်ငှားရမ်းခအဖြစ် အမေရိကန် ဒေါ်လာ ၃၀၀၀၀၀ ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1