Tuesday, August 21, 2012

ဒုတိယစီးရီးကို ဒီနှစ်မကုန်ခင် ထွက်ဖို့ ကြိုးစားနေသူ နန်းဆုရတီစိုး

Ever November | 8/21/2012 03:05:00 PM | Best Blogger Tips

နန်းဆုရတီစိုးက အဆိုတော် မိုးမိုးရဲ့ 'အတ္တကြီးနေသည်' သီချင်းအခွေထဲက 'ဖွင့် ပြောမယ်' ဆိုတဲ့ သီချင်းကို မြင့်မြတ်နဲ့သရုပ် ဆောင်နေပြီး MRTV-4က ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးကာ Forever Blossom ကရိုက်ကူး တာဖြစ်ကြောင်း သိရ ပါတယ်။ နန်းဆုရတီစိုးက ဖိုးချစ်ပွဲမှာ အော်ပရာ ဝင်ကပေး မှာဖြစ်ပါတယ်။ အော်ပရာ အစီအစဉ်ကို တစ်ခါမှ မကခဲ့ဖူးတဲ့ အတွက် နည်းနည်းတော့ ကြောက်မိကြောင်းပြောပါတယ်။ စက်တင်ဘာလဆန်းထဲမှာ စိုင်းစိုင်း ခမ်းလှိုင်နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ရှိ ပြီး ဇာတ်လမ်းက ထူးလည်းထူးဆန်းသလို၊ ဒါရိုက်တာမီးပွား ကိုလည်း ယုံကြည်တဲ့ အတွက် လက်ခံဖြစ်ကြောင်း၊ ဒီရုပ်ရှင် စစချင်းမှာပဲ နန်းဆုရတီစိုးက ရေကူး ကန်ထဲမှာ သေဆုံးနေပြီး နောက် ရက်မှာ စိုင်းစိုင်းခမ်းလှိုင် က အဖမ်းခံရကာ ဇာတ်လမ်းကို နောက်ကြောင်းပြန် သွားမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ လူသတ် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း နန်းဆုရတီစိုးက ပြောပါတယ်။ နန်းဆုရတီစိုးက ဒုတိယ အခွေ အတွက် တေးရေး ဆရာတွေဆီမှာ သီချင်းတွေ အပ်ပြီး စီစဉ်နေကာ သီချင်းခွေ တစ်ဝက်စာလောက် ရနေပြီဖြစ် ကြောင်း ပြောပါတယ်။သီချင်း တွေကို သေချာ အဆိုကျင့်ပြီး သွားရင် သီချင်းသွင်းတော့ မှာဖြစ်ပြီး Metal Zone တီးဝိုင်း နဲ့တီးမှာ ဖြစ်ကြောင်း သိရပါတယ်။ ပထမအခွေ မှာ ဟစ်ဟော့ပ် နဲ့ R&B သီချင်းတွေ ပိုများခဲ့ပြီး ဒီတစ်ခေါက် မှာတော့ ပုံစံတွေပြောင်းထားကြောင်းကို နန်းဆုရတီစိုးက..

''နန်းဆုကို ပရိသတ်တွေ ကပေါ့ပ်သီချင်း ချိုချိုလေးတွေနဲ့ ပိုလိုက် တယ်ပြောကြတယ်။ သူတို့ပြောတာတွေလည်း နားထောင်ထား တယ်။ ပထမအခေါက်တုန်းကလည်း သူတို့ အားပေးကြတယ်။ အဲဒါကြောင့်ပုံစံနည်း နည်းပြောင်းပြီး ဆိုထားတယ်။ ပထမအခွေ ပုံစံ မဟုတ်တော့ဘူး။ ထူးထူးခြားခြား တွေ ပါတယ်။ တစ်ခါမှ မဆိုဖူးတဲ့ ပုံစံလည်း ပါတယ်။ တေးရေးဆရာ တစ်ယောက်ဆီက နန်းဆုအတွက် ဆိုပြီးရေးပေးထားတာ။ သူတို့ဆီက သီချင်းကောင်း ရဖို့အတွက် နန်းဆုစိတ်ရှည်ရှည်နဲ့ စောင့်ပါတယ်။ နန်း ဆုစေတနာထားပြီး အပင်အပန်းခံပြီးလုပ် မှာပါ။ တီးလုံးပိုင်းကိုလည်း ဖန်တီးထားတာ တစ်ပုဒ်နှစ်ပုဒ်လောက်ပါမယ်''လို့ ပြောပြီး ဒုတိယအခွေကို ဒီနှစ်မကုန်ခင် ထွက်ဖို့ကြိုး စားမှာဖြစ်ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
Popularfacebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1