Tuesday, August 21, 2012

ဘန်ကောက် က ပရိသတ်တွေကို အခွေတွေ လက်ဆောင်ပေး ခဲ့သူ ဖြူဖြူကျော်သိန်း

Ever November | 8/21/2012 03:19:00 PM | Best Blogger Tips

သြဂုတ်လ ၁၃ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ စူရဌာနေမြို့ မှာ ဖြူဖြူကျော်သိန်းနဲ့အတူ Rဇာနည်၊ Lဆိုင်းဇီ၊ ဟဲလေး၊ ဥာဏ်လင်းအောင် တို့ Sound Square တီးဝိုင်းနဲ့ သွားရောက်ဖျော်ဖြေ ခဲ့ကြောင်းသိရပါ တယ်။ ဘန်ကောက်မှာ သွားဖျော်ဖြေ တာနဲ့ပတ် သက်ပြီး အတွေ့အကြုံ ကို ဖြူဖြူေ ကျာ်သိန်းက" ဖြူ ဖြူဟိုမှာ' မိန်းကလေး တစ်ယောက် အသည်းကွဲနေ တယ်' အခွေထဲက သီချင်းနှစ်ပုဒ် လည်း ဖျော်ဖြေခဲ့တယ်။ အဲဒီမှာ က ပြည် ပရွှေ့ ပြောင်း လုပ်သားတွေ အများကြီးပဲ။ ဖြူဖြူတို့ ဖျော်ဖြေ တဲ့နေရာက လည်း ဘော လုံး ကွင်း တစ်ခုလိုပဲ။ အဲဒီကွင်းမှာ ပရိ သတ် သုံးထောင်ေ ကျာ်လောက် ရှိမယ်။ အပြည့်ပဲ။ အားပေးကြ တယ်။ ပရိ သတ်တွေ ကို လည်း လက်ဆောင်အနေနဲ့ အခွေ၃ဝ၊၄ဝလောက် ဝေပေးခဲ့တယ်။ သူ များတွေ ကတော့ ပြောကြ တာပေါ့။ အခွေ အသစ်တွေ၊ ဘာတွေထွက် ရင် ရောင်း ကြ တာ တွေရှိတယ်။ ဒါပေမဲ့ ကိုယ်က ကြည့်လိုက်တဲ့ အခါ ကျတော့ လည်း ဖြူဖြူ ရဲ့ အခွေ တစ်ခွေတန်ဖိုးက ဘတ်၁ဝဝလောက် နဲ့ရောင်းမှ အခုရောင်းနေတဲ့ မြန်မာငွေ ၂ဝဝဝကျော်ဈေးလောက်နဲ့ ညီမျှ မယ်။ ဒါပေမဲ့ အဲဒီမှာ အားပေးနေတဲ့ ကလေးတွေအကုန် လုံးကလည်း တကယ် ကို ဘတ်၂ဝဝ၊၃ဝဝပွဲကို သူတို့ မှာစုဆောင်းပြီး လာကြည့်ရရှာ တာ။ အဲဒါကြောင့် ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ်မရောင်းရက်တော့ဘူး။ ကိုယ်ပါတဲ့ အခွေက လည်းဘယ်လောက်မှ ပါတာလည်း မဟုတ်ဘူး။ နီးစပ်ရာ လူတွေ ကို ပဲ လက်ဆောင်ပေး မယ်ဆိုပြီး ရည်ရွယ်ထားတာ။ အဲဒါနဲ့ပဲ ဝေပေးဖြစ်ခဲ့ တယ်" လို့ ပြောပါတယ်။ သြဂုတ်၎ရက်နေ့မှာ ဖြူဖြူကျော်သိန်း က တစ် ကိုယ်တော် အခွေဖြစ်တဲ့ ' မိန်းကလေး တစ်ယောက် အသည်းကွဲနေ တယ်' စီးရီးထွက် ရှိထားပါတယ်။ အဲဒီ အခွေထဲမှာ လည်း အသည်းကွဲ သီချင်း အများဆုံး ပါတဲ့အပေါ် ဖြူ ဖြူကျော်သိန်း က" ဖြူဖြူကို လာပြတဲ့အထဲမှာ အသည်းကွဲ သီချင်းတွေပဲ ပါတယ်။ အဲဒီထဲမှာ ရွေးရတာ ဆိုတော့လေ။ ပြီးတော့ ဖြူဖြူက သီချင်းဆိုတာပဲ အားသန်တယ်။ ဖြူဖြူ့ ကို ကောင်းေ ကာင်းလေး ရေးပေးလာရင် ကောင်းကောင်းကြီးဆိုမယ်။ ဖြူဖြူက သီချင်း တအား ရွေးတယ်။သီချင်းရဲ့သံစဉ်၊စာသား၊ အကြောင်း အရာ၊ သဒ္ဒါရော အကုန်လုံးက ဖြူဖြူဆိုချင်တဲ့ ပုံစံဖြစ်ဖို့ တအားလိုအပ်တယ်။ ၁ဝ ရက်နေ့ က ဖြူဖြူ မန္တလေးမှာ Dream Lover တီးဝိုင်းနဲ့ အတူ ဒီအခွေထဲက သီချင်း ၄ ပုဒ်ထည့်ဆိုခဲ့ တယ်" လို့ ပြောသွားပါတယ်။ ဖြူဖြူကျော်သိန်းက ဒီနှစ်သြဂုတ် လ ကတော့ သူ့ရဲ့ ဂီတ သက်တမ်း ကိုးနှစ်ပြည့် လည်း ဖြစ်တယ်ဆိုတာ သိရပါတယ်။

ယွန်းလင်္ကာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1