Tuesday, August 21, 2012

ရေးရာကော်မတီများ ပြည်ထောင်စုအဆင့် သတ်မှတ်ရန် တောင်းဆိုရခြင်းအကြောင်းရင်း

Ever November | 8/21/2012 03:00:00 PM | Best Blogger Tips
လွှတ်တော်များမှဖွဲ့စည်းထားသောရေးရာကော်မတီများအားပြည်ထောင်စုအဆင့်သတ်မှတ်ရန် တောင်း
ဆိုခြင်းသည် အပြန်အလှန် ထိန်းကျောင်းခြင်းစနစ် အသက်ဝင်စေရေးနှင့် ဥပဒေပြုလု ပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရေးအတွက်သာဖြစ်ပြီး ဘဏ္ဍာရေးအကုန်အကျနှင့် အထူးအခွင့် အရေးပေး ရန် တောင်းဆိုနေခြင်းမဟုတ်သည်ကို သတိပြုမိရန်လိုကြောင်း သာပေါင်းမဲဆန္ဒနယ်  ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောသည်။

ပြည်ထောင်စုအဆင့် တောင်းဆိုခြင်းသည်လွှတ်တော်ကိုယ်စားလှယ်၆၀၀ ကျော်အား ပြည်ထောင်စုအဆင့်
ပုဂ္ဂိုလ်များ၏ အဆောင်အယောင်များ ပေးအပ်ရန် တောင်းဆိုခြင်းမဟုတ်ကြောင်းဦးဝင်းသန်းကပြောသည်။

“လွှတ်တော်တွေကဖွဲ့စည်းထားတဲ့ ကော်မတီတွေဟာဝန်ကြီးတွေကိုထိန်းညှိရမယ့်အဆင့်ပါ။ ကော်မတီတွေ
ဟာ ၀န်ကြီးဌာနတွေရဲ့အထက်မှာရှိတယ်။ ဘယ်သူ့ကိုမဆို မေးပိုင်ခွင့်ရှိတယ်။ ဒီလို မေးတဲ့နေရာမှာ လိမ်လည်ထွက်ဆိုရင် အရေးယူပိုင်ခွင့်ရှိတယ်။ အမေရိကန်မှာလည်း ရေးရာကော်မတီ၊ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့်ပဲ သတ်မှတ်တာပါပဲ။ အဲဒါကြောင့်ကျွန်တော်လည်းလက်မှတ်ထိုးခဲ့တာပါ”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောသည်။

ယခုကိစ္စရပ်အား မိမိတို့ လွှတ်တော်ဘက်မှ ယခုထက် ပိုမိုသေချာစွာ လေ့လာရန်လိုအပ်ပြီး နိုင်ငံတကာရှိ လွှတ်တော်များတွင် ရေးရာကော်မတီများမှ ပြဋ္ဌာန်းလိုက်သောဥပဒေများအားအကောင်အထည်ဖော် ဆောင်
ရွက်ရသည့် ၀န်ကြီးဌာနများနှင့် လူပုဂ္ဂိုလ်များအား ထိန်းညှိရသည့် တာဝန်ရှိကြောင်း ဦးအုန်းကြိုင်ကပင်ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး တင်ပြထားသကဲ့သို့ အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်၍ ရာထူးမှ နုတ်ထွက်စေခြင်း မပြုလုပ်လိုပါက အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန်သာရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။

နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်မှ ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တော်အသီးသီး၏ ဥပဒေများတွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးပေးရန် အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းမှုအပေါ် ယင်းခုံရုံးမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များသည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၃၃၄(က)(၂)ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်
ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ ယခုလ ၈ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

ယင်းတင်ပြမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့၍ ယခုလ ၂၁ ရက် နောက်ဆုံးထားပြီး ခုံရုံးသို့ တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား၎င်းတို့၏အသိစိတ်ဓာတ်ဖြင့်တာဝန်မှအနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ဆောင်
ရွက်ပေးပါက စွပ်စွဲပြစ်တင်မှုကို ပြုလုပ်တော့မည်မဟုတ်ကြောင်း လွှတ်တော်သို့ အသိပေးပြောကြားသည်။

ယင်းသို့လွှတ်တော်ကိုယ်စားလှယ်များကစုပေါင်းလက်မှတ်ရေးထိုး၍စွပ်စွဲပြစ်တင်မှု ပြုလုပ်ခြင်းသည် ပြည်
သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုဝန်ကြီး အဆောင်အယောင်နှင့် လစာများ ခံစားလို၍ တောင်းဆိုသည်ဟု ထင်မြင်သူအချို့ ရှိနေကြောင်း သိရသည်။

လွှတ်တော်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လစာချီးမြှင့်ငွေ တစ်လကျပ်သုံးသိန်းနှင့် အစည်းအဝေး တက်ရောက်စဉ်အတွင်း နေ့တွက်စရိတ် ကျပ်တစ်သောင်း၊ ခရီးသွားလာစရိတ်များကိုသာ ဥပဒေအရ ခံစားခွင့်ရှိသည်။
 
7DayNewsJournal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1