Tuesday, August 21, 2012

Sea Game နှင့် ပတ်သက်သည့် မိုဘိုင်း application ရေးဆွဲမည်

Ever November | 8/21/2012 03:15:00 PM | Best Blogger Tips

လာမည့် ၂၀၁၃ ခုနှစ် မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဆီးဂိမ်းတွင် ဆီး ဂိမ်းနှင့် ပတ်သက်သည့် application ရေးဆွဲပြီး မိုဘိုင်းဖုန်း ပေါ် တွင် အသုံးပြုနိုင်မည် ဖြစ်သည်ဟု အဆိုပါ application ကိုရေး ဆွဲမည့် Myanmar SoftCom မှ or Managing Director ကိုနေမျိုး အောင် က ပြောသည်။
အဆိုပါapplication မှာမိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြု နိုင်မည်ဖြစ်ပြီး ဆီးဂိမ်းနှင့်ပတ် သက်သည့်ပွဲစဉ်များ၊ ပွဲရလာဒ်များ လူစာရင်းများ အစရှိသဖြင့် ပါမည် ဖြစ်သည်ဟု သိရသည်။
ဆီးဂိမ်း နှင့် ပတ်သက်သည့် information များကိုစုံလင်အောင် ဖော်ပြမည်ဖြစ် သည်ဟုလည်း သိရသည်။ အဆိုပါapplication နှင့် ပတ်သက်ပြီး ကိုနေမျိုးအောင်က “SeaGame နဲ့ပတ်သက်ပြီး လုပ် နေတာက မိုဘိုင်းဖုန်းပေါ်မှာ သုံး လို့ရမှာပါ။ လုပ်ဖို့က version နှစ်မျိုးရှိပါတယ်။ mobile နဲ့ windows Platform ပါ။ windows မှာmicrosoft windows နဲ့ app မှာ သုံးတဲ့ Mac ရမယ်။ windows မှာ အဲဒီapplication ကို ထည့်လိုက်တာနဲ့Sea Game ကို ကြည့်လို့ရမယ်။ wifi ရှိတာနဲ့ ရမယ်။ နောက်တစ် ခုက result ကိုsuggestion လုပ်လို့ရမယ်။
information တွေ အကုန်ရမယ်။ ကျွန်တော်တို့ Authorized ရ မရတော့ မသိသေးဘူး။ ဒါပေမဲ့ information တွေရအောင်တော့ အားကစားဝန်ကြီးဌာနနဲ့ ပြောထား ပြီးပါပြီ။mobile application ကတော့ ဖုန်းထဲမှာsea Game application ကို ထည့်ထားပြီး Live ကြည့်လို့ရမှာပါ။
ကျွန်တော် တို့ရဲ့application ကို ဖုန်းထဲမှာ information အသေမဟုတ်ဘဲ Live ဖြစ်တာကို သွားမှာပါ။ ပွဲမ တိုင်မီ ၁၀ ရက်လောက်မှာ ဘယ် သူတွေပါမလဲ ကြည့်လို့ရမယ်။ Information က up to date ဖြစ်မယ်။ အင်တာနက်ရှိရင် ကြည့် လို့ရမယ်။ tablet မှာလည်း ကြည့် လို့ရမယ်။ ဒါက မိုဘိုင်းဖုန်း ပေါ်မှာ အပြည့်စုံဆုံးဖြစ်အောင် လုပ်မှာပါ” ဟု ပြောသည်။
အဆိုပါapplication ကို မိုဘိုင်းပေါ်တွင် အသုံးပြုနိုင်ရန် အတွက် အားကစားဝန်ကြီးဌာန၏ တရားဝင် ခွင့်ပြုချက်မရရှိသေး သော်လည်း လုပ်နိုင်ရန်ကြိုးပမ်း နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက် ၍လည်း ကြိုးစားနေပြီး အကယ်၍ လုပ်ကိုင်ခွင့် မရရှိပါကလည်း အခ မဲ့ပေးနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင်အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို လာမည့် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအ ဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
ခိုင်ဝေ
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1