Tuesday, August 21, 2012

မီဒီယာ ကျင့်ဝတ်နှင့် မညီသော မဇ္ဈိမသတင်းဌာန၏ ကလိမ်ကကျစ်ရေးသားချက် (ပေးစာ)

Ever November | 8/21/2012 10:50:00 AM | Best Blogger Tips
အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ကဏ္ဍတွင် “Anti-Rohingya demonstration held in Rangoon” (ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်၌ ပြုလုပ်) ဟူသော ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို သြဂုတ်လ ၂၀ ရက်စွဲဖြင့် မဇ္ဈိမက ရေးသားခဲ့သည်။
အဆိုပါ သတင်းတွင် မဇ္ဈိမ မှ သတင်းကျင့်ဝတ်များနှင့် မညီပဲ အော က် ပါ အ တိုင်း ကောက် ကျစ်လိမ်လည်ကာ ရေးသားထားသည်ကို တွေ့ရသည်။

“A group of about 50 ethnic Rakhine in Ragoon on Sunday called on the UN to stop assisting stateless Rohingya Muslims in the strife-torn communities of western Burma.”
(ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည်အနောက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြသော ရိုဟင်ဂျာမွတ်ဆလင်များအား ကုလသမဂ္ဂမှ အကူအညီပေးနေမှုများအား ရပ်တန့်ရန် တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြသည်။)

အဆိုပါ ဆန္ဒပြပွဲသို့ လူကိုယ်တိုင်တက်ရောက်ခဲ့ကြသော မိတ်ဆွေသူငယ်ချင်းများ၊ ကိုယ်တိုင်သတင်းယူကြသော သတင်းသမားများ၊ လက်ခံရရှိသော မှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများအရ တကယ့်ဖြစ်ရန်မှန်ကို အကျဉ်းချုပ်ဖော်ပြရသော် အောက်ပါအတိုင်းသာ ဖြစ်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံနေမှုများကို ရပ်တန့်ရန် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြပွဲတစ်ခုကို ရန်ကုန်မြို့၌ တနင်္ဂနွေနေ့ (သြဂုတ်လ ၁၉ ရက်) က ကျင်းပခဲ့သည်။
 
 အဆိုပါဆန္ဒပြပွဲအား ရခိုင်အမျိုးသားကွန်ရက်မှ ကြိုတင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရဲစခန်းမှ ခွင့်ပြုချက်ယူကာ တရားဥပဒေအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပသွားခြင်းဖြစ်သည်။ မည်သည့်အလံကိုမှ မီးရှို့ခြင်း၊ ဖိနပ်ဖြင့် နင်းခြင်း၊ အနီးပတ်ဝန်းကျင်အဆောက်အအုံကို ခဲနှင့်ပေါက်ခြင်း စသည့် တခြားနိုင်ငံများတွင် အစွန်းရောက်များ ပြုလုပ်လေ့ရှိသော စရိုက်လက္ခဏာ စိုးစဉ်းမျှမပါပဲ တရားဥပဒေအောက်တွင် ဒီမိုကရေစီအခွင့်အရေးကို လေးလေးစားစားအသုံးပြုကာ နိုင်ငံကြီးသားများပီပီ အေးအေးချမ်းချမ်း ကျင်းပပြီးဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲတွင် တီရှပ်ဝတ်သူ အရေအတွက် ၅၀ ၀န်းကျင်နှင့် လိုက်ပါသူ ၅၀ နီးပါး၊ စုစုပေါင်း လူ ၁၀၀ နီးပါးသည် ဘန်နာ၊ လက်ကိုင်ပိုစတာ၊ စတီကာ၊ မြန်မာနိုင်ငံအလံ၊ ရခိုင်အလံ စသည့်အရာများကို အသုံးပြု၍ ၄င်းတို့၏ ဆန္ဒအသီးသီးကို ကွက်ကွက်ကွင်းကွင်း အများသိစေရန် ဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသော ပြည်သူအများ၏ ဆောင်ပုဒ်များကို မှတ်တမ်းဓာတ်ပုံအထောက်အထားများအရ အောက်ပါအတိုင်း တွေ့ရှိရသည်။

၁။ “Stop Being Unfair” (တရားမမျှတမှုကို ရပ်တန့်ပါ)
၂။ “Respect the President’s Decision on Illegal Migrant Issue” (သမ္မတကြီး၏ တရားမ၀င် လာရောက် နေထိုင်မှု ကိစ္စရပ်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို လေးစားပါ)
၃။ “Stop Creating Conflicts in Arakan”, (ရခိုင်ပြည်အတွင်း ပဋိပက္ခဖန်တီးမှုများကို ရပ်တန့်ပါ။)
၎။ “UN Itself the Human Rights Violator” (ကုလသမဂ္ဂသည်လည်း လူ့အခွင့်အရေးချိုးဖောက်သူသာ ဖြစ်သည်)
၅။ “Don’t Bring Terrorism to Our Land” (ကျွန်ုပ်တို့မြေသို့ အကြမ်းဖက်မှု မသယ်ယူလာနှင့်)
၆။ “We love Justice UN/INGOS, Stop Discriminating Against Arakanese” (တရားမျှတမှုကို မြတ်နိုးသည်။ UN/INGOS များ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်း ရပ်)
၇။ “Stop Abusing Citizens’ Rights” (နိုင်ငံသားအခွင့်အရေးကို အလွဲသုံးစား မလုပ်ပါနှင့်)
၈။ “Respect the Sovereignty of Myanmar” (မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပါ။)

အထက်ဖော်ပြပါ ဆောင်ပုဒ်များ၊ မှတ်တမ်းမှတ်ရာများကို ထောက်ရှုခြင်းအားဖြင့် ဆန္ဒပြသူ ရခိုင်လူငယ်များသည် ရိုဟင်ဂျာဘင်္ဂလီများအား ထောက်ပံ့ခြင်းများ ရပ်တန့်ဟူသော ဆောင်ပုဒ်သော်လည်းကောင်း၊ အဆိုပါအဓိပ္ပာယ်မျိုးရသော သဘောထားအမြင်များကိုလည်းကောင်း လုံးဝ (လုံးဝ) မဖော်ပြခဲ့ကြပေ။ ဆန္ဒပြသူအရေအတွက်မှာလည်း မဇ္ဈိမသတင်းဌာနမှ နှိမ့်ချဖော်ပြသကဲ့သို့ ၅၀ ခန့်မဟုတ်ပေ။ မျက်မြင်များ၏ ရှင်းပြချက်အရသော်လည်းကောင်း၊ ဓာတ်ပုံအထောက်အထားများကို ကြည့်ရှုခြင်းအားဖြင့်သော်လည်းကောင်း မဇ္ဈိမသတင်းဌာန၏ ဖော်ပြချက်သည် လွန်စွာမှားယွင်းနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

အထက်ပါ ဆန္ဒပြပွဲများနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာ အထောက်အထားများ အလျှံပယ်ရှိပါလျှက်နှင့် ရခိုင်လူငယ်များက ရိုဟင်ဂျာဘင်္ဂလီများအား ထောက်ပံ့ခြင်းကို ရန်တန့်ရန် ဆန္ဒပြသည်ဟု မဇ္ဈိမသတင်းဌာနမှ ပြောင်းတင်းလိမ်ညာဖော်ပြခြင်းမှာ အော့နှလုံးနာဖွယ် အတိပင် ဖြစ်သည်။

အယ်ဒီတာဦးစိုးမြင့်နှင့် မဇ္ဈိမသတင်းဌာနသည် ဘင်္ဂလီအရေးနှင့်ပတ်သက်၍ ဘက်လိုက်ဖော်ပြလာသည်မှာ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်း၊ ရခိုင်သမိုင်း၊ မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ အထူးသဖြင့် ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးများကို လုံးဝမျက်ကွယ်ပြုကာ ဘင်္ဂလီအရေးကို လိုလားသူများ (Ben Rogers, Mark Farmaner) ၏ အမြင်များကိုသာ တဘက်စောင်းနင်း ဖော်ပြလာခဲ့သည်။ ပြန်လည်တုံ့ပြန်သော စာများပေးပို့လျှင်မူ ၄င်းတို့၏ ၀က်ဆိုက်တွင် မတင်ပေးပေ။

မဇ္ဈိမသတင်းဌာနသည် ပြောင်ပြောင်တင်းတင်း ဘက်လိုက်နေသည်။

မဇ္ဈိမသတင်းဌာနသည် ပြောင်ပြောင်တင်းတင်း လိမ်နေသည်။

မဇ္ဈိမသတင်းဌာနသည် သတင်းကျင့်ဝတ် ဖောက်ပြားနေသည်။

မဇ္ဈိမသတင်းဌာနသည် မြန်မာလူမျိုးများနဲ့ ရခိုင်လူမျိုးများကို နိုင်ငံတကာအလယ်တွင် 
နာမည်ဖျက်နေသည်။

မဇ္ဈိမသတင်းဌာနသည် လူမျိုးရေးခွဲခြားဆက်ဆံနေသည်။

မဇ္ဈိမသတင်းဌာန၏ ဤကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့် လုပ်ရပ်များကို အပြင်းထန်ဆုံး အသုံးအနှုန်းဖြင့် ရှုတ်ချသည်။

မဇ္ဈိမ၏ လိမ်လည်နေမှုများကို အများသိစေရန် ဖြန့်ဝေကြစေလိုသည်။ ဖော်ထုတ်ကြစေလိုသည်။ ဦးစိုးမြင့်နှင့် မဇ္ဈိမ ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြစေလိုသည်။ ကန့်ကွက်စာများ ပို့ကြစေလိုသည်။
 
 တရားမျှတမှုအတွက် ၀ိုင်းဝန်းလုပ်ဆောင်ကြပါ ဟု တိုက်တွန်းလိုက်ပါသည်။ ပြည်တွင်းက ရခိုင်အမျိုးသားကွန်ရက်နှင့် တိုင်းရင်းသားများကလည်း လူမျိုးရေးခွဲခြားဆက်ဆံခြင်း၊ နာမည်ဂုဏ်သိက္ခာပျက်ပြားအောင် လုပ်ဆောင်ခြင်း စသည့် စွဲချက်များနှင့် မဇ္ဈိမကို တရားစွဲနိုင်မည့် နည်းလမ်းများကို ရှာထားကြပါဟု တိုက်တွန်းလိုက်ပါသည်။
 
 မဇ္ဈိမ အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ပြည်ပသတင်းအဖွဲ့အစည်းများကိုလည်း တိုင်တန်းကြဖို့၊ မဇ္ဈိမကို ထောက်ပံ့နေသည့် အဖွဲ့အစည်းများကို စာရေးသားတင်ပြကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါသည်။

ဘက်လိုက်မှုကင်းသော အမှန်အကန်သတင်းဌာနများ ထွန်းကားနိုင်ပါစေ။
 
အရှင် သုန္ဒာရ ရန်ကုန်  တာမွေမှ ပို့ ပေးသည်)
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1