Thursday, August 9, 2012

အက်စ်ပရင်ဆေးက အစာရေမျိုပြွန် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်

Ever November | 8/09/2012 10:21:00 AM | Best Blogger Tips

အက်စ်ပရင်ဆေးဟာ  အစာရေ မျိုပြွန် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အဓိကအန္တရာယ်ကို
လျော့ကျစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ အက်စ်ပရင်ဆေးဟာ ရိုးဆစ်ရောင်ရမ်းနာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာ အပါအဝင် ရောဂါများစွာကို တွန်းလှန်ရာမှာ ကူညီနိုင်သလို အစာရေမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ လည်ချောင်းရှိဆဲလ်တွေကို ထိခိုက်စေပြီး ကင်ဆာဖြစ်စေတဲ့ အစာရေမျိုပြွန်ထိခိုက်မှုကို အက်စ်ပရင်ဆေး မှီဝဲတာကြောင့် လျော့ကျစေလို့ ဖြစ်တယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။အခုအခါမှာတော့အစာရေမျိုပြွန်ကင်ဆာကုသမှုအတွက် အက်စ်ပရင်ကိုသောက်သင့်သလားဆိုတာကို လေ့လာနေကြပြီး အစာရေမျိုပြွန်ကင်ဆာကို ကာကွယ်ဖို့အတွက် အက်စ်ပရင်ပမာဏ များများမသောက်ဖို့ လေ့လာသူတွေက သတိပေးထားပါတယ်။
ZKO
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1