အမျိုးသား တွေနဲ့ မတူ အမျိုး သမီး တွေ ဆံပင်ကျွတ် တဲ့အခါ တစ် ကွက် တည်းက မကျွတ် ဘဲ ခေါင်း တစ်ခုလုံးက ဆံပင်တွေပါးလာတာ မျိုး အဖြစ်များပါတယ်။ ဆံပင်တွေ အများကြီးကျွတ်တာကို သတိမ ထားမိတာ ဖြစ်တတ်သလို ကျွတ် သွားတဲ့ ဆံပင်အစား ဆံပင်ပြန် ပေါက်လာနှုန်း နှေးကွေးတာ သို့မ ဟုတ် လုံးဝပြန်မပေါက်တာကြောင့် လည်းဖြစ်နိုင်ပါတယ်။ ခေါင်းဖြီးနေစဉ်၊ ရေချိုးနေစဉ်မှာ ဆံပင်ကျွတ်တာ များ၊ မများ သတိထားကြည့်နိုင်ပါတယ်။ ခေါင်းအုံးပေါ်မှာလည်း သတိထား ကြည့်နိုင်ပါတယ်။ ဆံပင်ကျွတ်တာ များနေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့် ပါတယ်။ ဘာအကြောင်းကြောင့်ပဲ ကျွတ်ကျွတ် ဆံကေသာကို ကျန်း မာသန်စွမ်းလိုတယ်ဆိုရင်တော့ အောက် ပါလမ်းညွှန်ချက်များကို လိုက်နာရ မှာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ဆရာ ဝန်ရဲ့အကူအညီမလိုဘဲ မိမိဘာသာ မိမိ ဆံကေသာကျန်းမာရေးအတွက် အိမ်မှာပဲ ပြုလုပ်နိုင်တဲ့နည်းလမ်းများ ပဲဖြစ်ပါတယ်။
အာဟာရပြည့်ဝစွာ စားသောက်ခြင်း
 သစ်သီးဝလံ၊ ဟင်းသီးဟင်း ရွက်များစွာ၊ အဆီမပါသော အသား 
ချည်းသက်သက် သို့မဟုတ် ဥ အမျိုးမျိုး၊ တို့ဟူးစသည့် ပရိုတင်း စသည်တို့ကို 
ဆံကေသာကျန်းမာ ရေးအတွက် လုံလောက်မျှတစွာ စား သုံးပေးရမှာဖြစ်ပါတယ်။ အစေ့အ 
ဆန်များကို စားသုံးပေးပြီး အဆင့် ဆင့်ပြုပြင်ပြီး ထုတ်လုပ်ထားတဲ့ 
အစားအစာများကိုတော့ ရှောင်ရှား ပါ။ ဗီတာမင်နှင့်သတ္တုဓာတ်ပမာဏ ကို 
အာရုံစိုက်ပါ။ ဗီတာမင် ယြ ဖော လစ်အက်စစ်၊ ဘိုင်အိုတင်တို့ဟာ ဆံ 
ကေသာကျန်းမာရေးအတွက် အလွန် အရေးကြီးလှပါတယ်။ ဗီတာမင် C ဟာ 
ဦးခေါင်းခွံသို့သွေးလှည့်ပတ် စီးဆင်းခြင်းကို အထောက်အကူပြု စေနိုင်ပါတယ်။ 
L-cysteine, Lemthionine စတဲ့ အမိုင်နိုအက်စစ် များဟာ ဆံကေသာကျန်းမာရေး 
အတွက် ကောင်းမွန်တဲ့အာဟာရ ဓာတ်များဖြစ်ပါတယ်။ ဇင့်သတ္တု ဓာတ်ဟာလည်း 
ဆံပင်ရှင်သန်ကြီး ထွားလာမှုအတွက် ကောင်းမွန်စေပါ တယ်။
ခေါင်းလျှော်နည်း 
ဆရာဝန်အများစုဟာ ဆံပင် ကျွတ်ခြင်းခံစားနေရတဲ့ အမျိုးသမီး အများစုကို 
ကလေးသုံးခေါင်းလျှော် ရည်အသုံးပြုရန် ညွှန်ကြားလေ့ရှိပါ တယ်။ တစ်နေ့တစ်ကြိမ်
 ခေါင်းမ လျှော်ဘဲ ၃ ရက်တစ်ကြိမ်လောက် သာ ခေါင်းလျှော်သင့်ကြောင်း သိရ 
ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ကြမ်းတမ်းစွာ ကုတ်ဖဲ့ခြင်းမပြုဘဲ အ 
သာအယာပွတ်သပ်ပေးရပါမယ်။ ဦး ရေပြား သန့်စင်ရေးကို အဓိကထား ပြီး 
ရေဖြင့်စင်ကြယ်အောင် ဆေး ကြောပါ။ ပြီးလျှင် အစိုဓာတ်ထိန်း ပေးတဲ့ 
ဆံပင်ပျော့ဆေးလိမ်းပါ။ ဆံပင်အခြောက်ခံတဲ့အခါ Dryer ဖြင့်မမှုတ်ဘဲ 
မျက်နှာသုတ်ပဝါဖြင့် သာ ရေစင်သွားအောင် သုတ်ပါ။ ဖြောင့်စက်ဖြင့်ဆွဲခြင်း၊ 
ပုံသွင်းခြင်းတို့ မပြုလုပ်ပါနှင့်။ အချိန်မရှိလို့ Dryer 
သုံးမှဖြစ်မယ်ဆိုရင်တော့ အပူချိန် နည်းနည်းနဲ့ မိနစ် ၂၀ လောက်ပဲ ပြုလုပ်ပါ။
 ပြီးလျှင် ပဝါနဲ့ဆံပင်တွေကို ပတ်ပြီး ပြန်လိမ်ထားတာမျိုး မပြု လုပ်ပါနဲ့။ 
ဆံပင်အားလုံးကို စုပြီး ချည်နှောင်ထားခြင်းမျိုး၊ သားရေကွင်း 
နဲ့ချည်နှောင်ခြင်းမျိုး မပြုလုပ်ပါနှင့်။ ဓာတုဆေးများ အသုံးပြုပြီး ဆံပင် 
ဖြောင့်ခြင်း၊ အရောင်ဆိုးခြင်းတို့ကို ရှောင်ရှားပါ။ ဆံပင်အရောင်ဆေးဆိုး 
မယ်ဆိုရင် သဘာဝဆိုးဆေးများကို အသုံးပြုပါ။ 
အိမ်တွင်း ဆံကေသာ ပြုစုခြင်းများ
 ဆံပင်တွေ ပြန်ပေါက်လာ အောင် မကူညီပေးနိုင်ပေမယ့် ဦး ရေပြားနဲ့ 
ဆံကေသာ ကျန်းမာရေး အတွက် အထောက်အကူများစွာဖြစ် စေနိုင်ပါတယ်။ 
အိမ်တွင်းဆံကေသာ ပြုစုစောင့်ရှောက်နည်းအချို့ကတော့
- ဦးရေပြားကို နှိပ်နယ်ပြီး ဆံပင် အရင်းထဲကို Essential Oil အနည်း ငယ်ထည့်ကာ လိမ်းပါ။ ပြီးလျှင် မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး တစ်ည လုံးထားလိုက်ကာ မနက်အိပ်ရာထ လျှင်ခေါင်းလျှော်ရည် အပျော့စားဖြင့် လျှော်လိုက်ပါ။
- ကြက်ဥနှစ်ဥ၏ အကာများကို ပျား ရည် ၃ ဇွန်းဖြင့် ရောသမအောင် မွှေပါ။ ထိုအရည်ဖြင့် ဦးခေါင်းနှင့် ဆံပင်များကို လိမ်းပေးပါ။ မိနစ် ၃၀ လောက်ကြာတဲ့အခါ ခေါင်းကို လျှော်ချလိုက်ပါ။
Health Digest - ဦးရေပြားကို နှိပ်နယ်ပြီး ဆံပင် အရင်းထဲကို Essential Oil အနည်း ငယ်ထည့်ကာ လိမ်းပါ။ ပြီးလျှင် မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး တစ်ည လုံးထားလိုက်ကာ မနက်အိပ်ရာထ လျှင်ခေါင်းလျှော်ရည် အပျော့စားဖြင့် လျှော်လိုက်ပါ။
- ကြက်ဥနှစ်ဥ၏ အကာများကို ပျား ရည် ၃ ဇွန်းဖြင့် ရောသမအောင် မွှေပါ။ ထိုအရည်ဖြင့် ဦးခေါင်းနှင့် ဆံပင်များကို လိမ်းပေးပါ။ မိနစ် ၃၀ လောက်ကြာတဲ့အခါ ခေါင်းကို လျှော်ချလိုက်ပါ။


No comments:
Post a Comment