ရတနာမိုင်ရဲ့ ကိုယ်ပိုင်သံစဉ် တစ်ကိုယ် တော်အခွေဖြစ်တဲ့ ပ.ဖ.ဗ.ဘ.မ စီဒီ အခွေကို သြဂုတ်လ ၁၇ရက်နေ့မှာ စတင် ဖြန့်ချိမယ်လို့ သိရပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ သြဂုတ်လ ၁၇ ရက်နေ့က ရတနာမိုင်
ရဲ့
 မွေးနေ့ လည်းဖြစ်နေ တာကြောင့် ဒီနှစ်မွေးနေ့မှာပဲ အမှတ်တရ အနေနဲ့ စီဒီ 
အခွေလေး ကို စီစဉ်ဖြစ်တာလားလို့ မေးကြည့်တဲ့ အခါ… “မိုင်လေးက အခွေ 
ထုတ်ဖို့ကိုတော့ မွေးနေ့မတိုင်ခင် ကတည်းက ထုတ်ဖို့ရည်ရွယ်ထား တယ်။ 
နောက်ပြီးတော့ ထုတ်မယ့်ရက် ကို ရွေးရင်းနဲ့ပဲ နောက်ပိုင်းတော့ မထူး ပါဘူး 
ကိုယ့်မွေးနေ့လေးမှာပဲ ထွက်မယ်ဆိုပြီး တော့ စဉ်းစားမိရင်းနဲ့ပဲ မွေးနေ့ 
နဲ့တိုက်ဆိုင် သွားတယ်။ မိုင်လေးအခု အခွေလေးကလည်း အရင်အခွေပုံစံနဲ့ လုံးဝ 
မတူပါဘူး။ တစ်ခွေ လုံးကိုလည်း ကိုယ်ပိုင်သံစဉ်တွေပဲလုပ်ထား တယ်။ အရင် 
အခွေနဲ့ကို လုံးဝမတူဘူး။ ဒီ အခွေလေးကျတော့ Rock သီးသန့် ဆိုထား တာ ဆိုတော့ 
အသစ်လိုမျိုး ခံစားမိတယ်။ နောက်ပြီးတော့ မိုင်လေး က ထူးထူးခြားခြား အနေနဲ့ 
ကိုဖော်ကာ ရေးပေး ထားတဲ့ ရခိုင်သီချင်း လေး တစ်ပုဒ်ကို မိုင်လေး 
ရခိုင်လိုပဲဆိုပေး ထားတယ်”လို့ ပြော ပါတယ်။ နှစ်တိုင်း လည်း မွေးနေ့မှာ 
ရတနာမိုင်က မိသားစုနဲ့ အတူ လိုအပ်တဲ့ နေရာလေးတွေ မှာ တတ် နိုင်သလောက် လှူ 
ဖြစ်တယ်လို့ သိရပါ တယ်။ ဒီနှစ် မွေး နေ့လေး ကို လည်း ရတနာ မိုင် က အရင် 
နှစ်တွေလိုပဲ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းချင်ပြီး မွေးနေ့မှာ 
စီဒီအခွေလေးလည်း ထုတ်ဖြစ်တဲ့ အတွက်   ကြောင့် ရင်ခုန်နေတယ်လို့ ဆိုတဲ့ 
ရတနာမိုင်က “မနက်ပိုင်း မိုင်လေးနိုးနိုး ချင်းမှာတော့ ရင်ခုန်နေမယ်လို့ 
ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်မွေးနေ့လေး မှာ ကိုယ့်ရဲ့ အခွေ စီဒီလေးလည်း 
ထွက်မယ်ဆို တော့လေ။ ကိုယ့်အခွေလေး ရောင်းရ၊ မရောင်းရတာထက် ကိုယ့်ရဲ့ 
အနုပညာပေး ချန်ခဲ့တာလေးကိုပဲ ကျေနပ်မိတယ်” လို့ ပြောပါ တယ်။ ရတနာမိုင် က 
မွေးနေ့တွေ တစ်နှစ်ပြီး တစ်နှစ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ရင့်ကျက် 
လာသလို ခံစားမိကြောင်းကို..”မိုင်လေးက အရင်တုန်းက ဆိုရင် ကလေး ဆန်ပြီး   
တော့ နည်းနည်းလေး စွာသလို ဖြစ်တယ်။ အခုဆိုရင် အဲဒီလို စွာတဲ့စိတ်တွေ လည်း 
မရှိတော့ဘူး။ တချို့ကိစ္စတွေမှာ ဥပေက္ခာပဲပြု ထားလိုက်တော့တယ်။ ဒီနှစ် 
မွေးနေ့ မှာတော့ ပရိသတ်တွေက အခွေလေးကို အားပေး၊ ဝယ်တယ် ဆိုရင်ပဲ 
မိုင်လေးကို လက်ဆောင် ပေးတယ်လို့ ခံစား ရပါတယ်” လို့ ပြောပြီး သြဂုတ်လ 
၁၉ရက်   နေ့၊ နေ့ခင်း ၁နာရီ ဟက်ပီးဝေါလ် -၁ ကန်တော်မင်္ဂလာ ပန်းခြံထဲမှာ 
ပရိသတ်တွေကို လက်မှတ်ရေးထိုး ပေးမယ်လို့ ပြောပါတယ်။ ရတနာမိုင်က ဂီတ 
အစည်းအရုံး   ပြန်လည် ဖွဲ့စည်း တဲ့ အပေါ်မှာလည်း “ကိုယ့်ရဲ့ဂီတ လောက 
တစ်ခုလုံး ကောင်းဖို့ အတွက် ဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် မိုင်လေးက အားပေး 
ထောက်ခံ ပါတယ်” လို့ ပြောပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းခန့်ကျော်(Excellent)
လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းခန့်ကျော်(Excellent)
Popular facebook 


No comments:
Post a Comment