နှင်းဆီ အဖွဲ့သားတွေ နဲ့ အတူ အင်္ဂလန်၊ ဂျာမနီ၊ နယ်သာ လန်၊ ဒိန်းမတ် ၊ ပြင်သစ်နိုင်ငံ များကို ထွက်ခွာ သွားတဲ့ ဂျင်းနီက သြဂုတ် လ ၁ရက်နေ့ မှာ မြန်မာနိုင်ငံကို
ပြန် လည် 
ရောက်ရှိလာပါတယ်။ အဆိုပါဖျော်ဖြေပွဲ အတွေ့အကြုံလေးတွေ ကိုပြောပြတဲ့ ဂျင်းနီ
 က “ပရိသတ် အားပေးမှုကို တအား ကျေနပ်ခဲ့ ပါတယ်။ ကိုယ့်နေရာ ဒေသ 
မဟုတ်တဲ့အတွက် လိုအပ် ချက်တချို့တော့ ရှိခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေ ပါတယ်။ 
သူတို့ အကောင်း ဆုံးဖြစ်အောင် လုပ်ပေးနိုင်တယ်။ ထူးခြားတာက တစ်နေ့တည်း မှာ 
ပဲ  နိုင် ငံတွေကို ကူးပြီးပွဲက ခဲ့ရတယ်။ ဂျာမနီကနေ ဂျင်းနီတို့ အဖွဲ့ 
ရထားစီး ပြီးတော့ အဲဒီနေ့ညနေပဲ နယ်သာလန် မှာဖျော်ဖြေ ရတာ နေ့ချင်း ကူး 
ရတော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့ အတွေ့အကြုံ သစ်လေး တွေရခဲ့ တယ်” လို့ 
ပြောတဲ့ဂျင်းနီက ခရီးစဉ်မှာ  အမှတ်တရဖြစ်စရာ တစ်ခုကို ပြောပြ ခဲ့ပါ တယ်။ 
“လန်ဒန်လေဆိပ် ကနေ ဂျာမနီ သွားတော့ ဂျင်းနီ၊ မိုးမိုး၊ ထွန်းထွန်း ရယ်က 
အဲဒီ လေဆိပ်မှာကျန်ခဲ့တယ်။ ဘာဖြစ်လို့ ကျန်ခဲ့တာ လဲဆိုတော့ ဂိတ်ပိတ် 
သွားလို့ ညနေ လေယာဉ်နဲ့မှ ဂျာမနီကို လိုက်ရတာ။ အဲဒါလေးက  အမှတ်တရဖြစ် 
ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဂျင်းနီက တစ်ကိုယ်တော် စီးရီး အတွက်လည်း 
လန်ဒန်မြို့ မှာ MTV တစ်ပုဒ် ရိုက်ခဲ့ ပါတယ်။ MTV ကိုတော့ လန်ဒန်မြို့ မှာ 
ရိုက်ကူးရေး ပညာနဲ့ ကျောင်း တက်နေ တဲ့ ကိုရဲခန့်က ပုံဖော် ရိုက်ကူးပေး 
ခဲ့ကြောင်း ပြောပါတယ်။ MTV ကို ပုံဖော် ရိုက် ကူးပေး ခဲ့တဲ့ လန်ဒန် 
မှာနေတဲ့ ကိုရဲခန့် နဲ့ ဘယ်လိုဆက် သွယ်ဖြစ်သွားလဲ ဆိုတာကို ဂျင်းနီကို 
မေးတော့..”ကိုရဲခန့်ကို ကျတော့ ဦးမျိုးမင်း ကနေ တစ် ဆင့် ဆက် 
သွယ်မိသွားတာ။ လန်ဒန်က မြို့လေး တစ်မြို့မှာ သွားလည် ကြရင်း သူနဲ 
့ခင်သွားတာ။ ဂျင်းနီက တစ်ကိုယ်တော် စီးရီးကို ရိုက် ချင်တယ် ဆိုလို့ 
သူ့ကိုအကူ အညီ တောင်းလိုက်တာ။ သူက လည်း ရိုက်ပေး မယ်ဆိုတော့ ရိုက်ဖြစ် 
သွားတာ။ မြန်မာနိုင်ငံ မှာ က တည်းက ဂျင်းနီ ရိုက်ဖို့ စဉ်းစား ထား တာ။ 
တစ်ပုဒ်၊ နှစ်ပုဒ်လောက်တော့ ရိုက်မယ် ဆိုတဲ့ စိတ်လေးတော့ ရှိသွား တာ။ 
ဟိုရောက်တော့ တစ်ပိုဒ် ရိုက်ဖြစ်သွား တယ်”လို့ပြောပါ တယ်။ တစ် ကိုယ်တော် 
စီးရီးကိုလည်း ပရိသတ် လက်ထဲကို ဒီနှစ် အကုန် မှာ ရောက် ရှိတော့မှာဖြစ် 
ကြောင်း သိရပါတယ်။
တွယ်တာ
တွယ်တာ
Popular facebook 


No comments:
Post a Comment