Thursday, August 9, 2012

ပြန်ကြားရေဝန်ကြီးဌာန၏ ဝဘ်ဆိုက် စာမျက်နှာ ပြန်လည်ကြည့်ရှုနိုင်

Ever November | 8/09/2012 09:45:00 AM | Best Blogger Tips

ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ ဝင်ရောက်ကြည့်ရှု မရနိုင်ခဲ့သော ပြန်ကြားရေ ဝန်ကြီး ဌာန၏ ဝဘ်ဆိုက် စာမျက်နှာ www.ministryofinformaiton.gov.mm အား ထိုနေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့် တွင်ပြန်လည် ကြည့်ရှု နိုင်ခဲ့ကြောင်း ယင်းဝန်ကြီး ဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြောကြားသည်။
ပြင်ပ ဟက်ကာအဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဆယ်နာရီကျော်ကြာ ဝင်ရောက်ကြည့်ရှုခြင်းမပြုနိုင်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နောက်ထပ်အလားတူဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်လာစေရန် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက် ထားကြောင်းသိရသည်။
“မနေ့က မနက်ပိုင်းကနေ နေ့လည်လောက်အထိ ပြည်သူ့လွှတ်တော်ဆိုက်ဖွင့်လို့မရဘူး။ ဟက်ကာတွေ ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဝဘ်ဆိုက်ကို ခဏပိတ်ထားတာလားတော့မပြောတတ်ဘူး။ ဒီနေ့မနက်တော့ ပြန် ဖွင့်လို့ရနေပြီ” ဟု အွန်လိုင်းပေါ်မှ ဆိုရှယ်စာမျက်နှာများကို ပုံမှန်ကြည့်ရှုသူ လူငယ် တစ်ဦးကပြောသည်။
သို့သော် ယခုလ ၇ ရက် မွန်းလွဲပိုင်းအချိန်က မြန်မာနိုင်ငံဘောလုံးအားကစားအသင်း၏ Facebook ပေါ်မှ စာမျက်နှာဖြစ်သော Myanmar National Football Team သည်လည်း တိုက်ခိုက်ခံရမှုဖြစ်ပေါ်ခဲ့ပြီး ယင်းစာ မျက်နှာပေါ်တွင် မြန်မာဘောလုံးအသင်းနှင့်မသက်ဆိုင်သော ဘာသာရေးလှုံဆော်မှုစာသားများကို ပြောင်းလဲပစ်ခံလိုက်ရခြင်းဖြစ်သည်။
7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1