နိုက်ဂျီးရီးယား နိုင်ငံရှိ ခရစ်ယာန် 
ဘုရားကျောင်း တစ်ခုတွင် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှုကြောင့် လူ(၁၉)ဦး 
သေဆုံးသွားကြောင်း သိရှိရသည်။ နိုင်ငံ အလယ်ပိုင်းရှိ ဘုရားကျောင်း တစ်ခုမှ 
သမ္မာကျမ်းစာ သင်တန်းတွင် လူ(၃)ဦး ဝင်ရောက်လာပြီးနောက် ဝတ်ပြုမည့်ဟန် 
ဆောင်ပြီးမှ ရုတ်တရက် ပစ်ခတ်ခဲ့ရာ ယခုလို လူအများအပြား သေဆုံးကုန်ခြင်း 
ဖြစ်သည်။ 
ခရစ်ယာန်နှင့် မွတ်ဆလင် ဘာသာဝင်များကြား ပြဿနာများ ကြီးထွားနေချိန်တွင်
 ယခုကိစ္စသည် အခြေအနေကို ပိုမိုဆိုးရွားသွားအောင် အရှိန်မြှင့်ပေးလိုက်ခြင်း
 ဖြစ်သည်။ မျက်မြင်သက်သေများက အိုတီတီမြို့ရှိ ဘုရားကျောင်းတွင် 
ဖြစ်ပွားသော ပစ်ခတ်မှုသည် ကြိုတင်စီစဉ်ထားပြီး စနစ်တကျ 
စီးနင်းတိုက်ခိုက်မှုဟု ပြောကြားခဲ့ပြီး စစ်တပ်ကလည်း ယင်းအဆိုကို 
လက်ခံထားသည်။
တနင်္လာနေ့ ညပိုင်းက သေနတ်သမား (၂)ဦးသည် 
ပြူတင်းပေါက်မှန်များ အနီးမှတစ်ဆင့် AKအမျိုးအစား ချေမှုန်းရေး 
ရိုင်ဖယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အခြား သေနတ်သမား တစ်ဦးကမူ 
ဓာတ်အားပေးစက်ကို ပိတ်ကာ ဘုရားကျောင်းကို မှောင်အတိ ကျသွားစေကြောင်း စစ်ဘက်
 ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထို့နောက် ပိတ်မိနေသော 
ဝတ်ပြုသူများကို မွှေ့ရမ်းပစ်ခတ်သွားခြင်းဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သည့် 
လာဝမ်ဆာလီအူက ပြောကြားခဲ့သည်။ ၎င်းကိုယ်တိုင်လည်း ဝမ်းဗိုက်တွင် သေနတ်ထိမှန်ကာ
 ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ယခုကိစ္စတွင် တာဝန်ရှိကြောင်း မည်သည့် 
အကြမ်းဖက် အဖွဲ့အစည်းကမျှ မကြေညာသေးချေ။
သို့သော်လည်း ဖြစ်စဉ်အနေအထား အားလုံးသည် 
နိုက်ဂျီးရီးယား၏ အစွန်းရောက် မွတ်ဆလင် အကြမ်းဖက်အဖွဲ့ဘိုကိုဟာရမ်ထံသို့သာ 
ဦးတည်နေသည်။ ယခုဖြစ်စဉ်အတွင်း လူ(၁၅)ဦးသည် ဘုရားကျောင်းထဲတွင် သေဆုံးပြီး
 ကျန်(၄)ဦးသည် ဒဏ်ရာများကြောင့် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။ ယခုအခါ 
စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် ညအမှောင်ထဲတွင် ဝင်ရောက် ပျောက်ကွယ်သွားသည့် 
သေနတ်သမားများကို ရှာဖွေနေသည့်တိုင် မည်သည့် မသင်္ကာသူကိုမျှ 
မဖမ်းဆီးရသေးကြောင်းလည်း သိရှိရသည်။ 
Planet 
   
 
No comments:
Post a Comment