Thursday, August 9, 2012

ရန်ကုန်ရှိ ဆိပ်ကမ်းများပြုပြင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

Ever November | 8/09/2012 09:12:00 PM | Best Blogger Tips
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအား နိုင်ငံတကာအဆင့်မီမွမ်းမံပြင်ဆင်မှုများပြုလုပ်နိုင်ရန် ကုမ္ပဏီများသို့အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးက သိရသည်။
 
တင်ဒါရရှိသော ကုမ္ပဏီများသို့ ဘီအိုတီ(သို့) Joint Venture(အကျိုးတူ)စနစ်ဖြင့် ငှားရမ်းလုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က သြဂုတ်(၉)ရက်နေ့တွင်ပြုလုပ်ခဲ့သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
“ကျွန်တော်တို့က အဆင့်လည်းမြှင့်ချင်တယ်။ ပိုပြီးတော့လည်း အကျိုးရှိချင်ပါတယ်’’ ဟု၎င်း ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
 
ကုမ္ပဏီများသို့ တင်ဒါဖြင့် လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ဆိပ်ကမ်းများမှာ ဆူးလေဆိပ်ကမ်း တံတား(၁)၊(၂)၊(၃)၊(၄)၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းနှင့် လမ်းမတော် ဆိပ်ကမ်းတို့ဖြစ်ကြောင်း သိရသည်။
 
အဆိုပါဆိပ်ကမ်းမြေဧရိယာများတွင် ရေပေါ်ဟိုတယ်များ၊နားနေခန်းများ၊ ဈေးဝယ်စင်တာ(သို့)စားသောက်ဆိုင်
များပါဝင် မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“ အခုလိုမျိုး စီစဉ်တာအရမ်းကောင်းပါတယ် နိုင်ငံခြားမှာဆိုရင် ကြယ်ငါးပွင့်တို့ ခြောက်ပွင့် တို့လို ဟိုတယ်တွေက ဆိပ်ကမ်းနားမှာပဲ ရှိပါတယ်။ အဲ့လိုဆောက်လိုက်ရင် ဝင်ငွေတွေအများ ကြီးရလာပြီး ပိုပြီး တော့လှပလာပါမယ်’’ ဟု  ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးရန်ဝင်းကပြောကြားခဲ့သည်။
 
လက်ရှိတွင် ရန်ကုန်မြို့ အလုံကမ်းနားဒေသရှိ ဧကမြေ ၁၇ ဒဿမ ၃၆ ကျယ်ဝန်းသော မြန်မာ့ကြွေထည်မြေ လုပ်ငန်းနေရာ ၌ဘီအိုတီစနစ်ဖြင့် ဆိပ်ခံတံတား၊ကုန်သေတ္တာလွင်ပြင်နှင့်ကုန်းတွင်းသိုလှောင်စခန်းတို့ပါဝင်သော ဆိပ်ကမ်းဝန်ဆောင် မှုလုပ်ငန်းများအား မြန်မာအဏ္ဏ၀ါ စွမ်းအားရှင်ဂရုပ် (အက်စ်)ကုမ္ပဏီလီမီတက်မှ လုပ်ကိုင်လျက်ရှိကြောင်း ပြည်တွင်းဂျာနယ် တစ်စောင်မှဖော်ပြချက်အရ သိရသည်။
 
ရန်ကုန်မြို့တွင် နိုင်ငံတကာသင်္ဘောများ ဝင်ထွက်သွားလာလျှက်ရှိသောဆိပ်ကမ်းတံတား (၁၈)စင်းရှိပြီး သီလဝါဆိပ်ကမ်းတွင်တံတား (၆)စင်းရှိကြောင်း သိရှိရသည်။
ကောင်းမြတ်ဖြိုး (မြစ်မခ)
 
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1