Wednesday, October 10, 2012

လိဒ်စ် ယူနိုက်တက်အား လွှဲပြောင်း ရောင်းချရေး ကိစ္စများ ကြန့်ကြာနေ

Ever November | 10/10/2012 02:24:00 PM | Best Blogger Tips

လိဒ်စ် ယူနိုက်တက် အသင်းအား လွှဲပြောင်း ရောင်းချရန် ကိစ္စများ ကြန့်ကြာနေသော်လည်း စိတ်မပူကြောင်း အသင်း ဥက္ကဋ္ဌ ကင်ဘိတ်စ်က ပြောကြားလိုက်သည်။
ဘာရိန်း အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော GFH Capitalသည် လိဒ်စ်ကို ဝယ်ယူရန်အတွက် မေလကတည်းက ဆွေးနွေးခဲ့ပြီး မူအားဖြင့် သဘောတူညီမှု ရရှိထားသည်။ သို့သော်လည်း လက်ရှိအချိန်ထိ အရောင်းအဝယ် ကိစ္စကို အပြီးမသတ်နိုင်သေးဘဲ ရှိနေသည်။ သတင်းများက GFHသည် လိဒ်စ်ကို ပေါင်စတာလင် သန်း(၅၀) ဝန်းကျင်ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း ဖော်ပြလျှက်ရှိသည်။ ဘိတ်က ဥပဒေကြောင်း ကိစ္စများကြောင့် အတန်ငယ် နှောင့်နှေးနေသော်လည်း အရောင်းအဝယ် ဖြစ်မြောက်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။
ချယ်လ်ဆီး အသင်း၏ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့သော ဘိတ်စ်က "တကယ့် ပြဿနာက GFHရဲ့ ရှေ့နေတွေပါ။ သူတို့တွေက သဘောတူညီချက်အတွက် ကိုယ်ပိုင်စံသတ်မှတ်ချက်နဲ့ အတည်ဖြစ်စေချင်တယ်။ ခုလက်ရှိ အနေအထားမှာ ကျွန်တော့်ကိုတော့ ပရိသတ်တွေ အပြစ်မတင်စေချင်ပါဘူး။ ကိစ္စတိုင်းက GFHရဲ့ စံနှုန်းသတ်မှတ်ချက်နဲ့ပဲ ဆိုင်နေတာပါ။ သူတို့က ပြီးပြည့်စုံတဲ့ သဘောတူညီမှု တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ တစ်ခါတစ်လေတော့ နောက်ဆုံးမိနစ်မှာ အချွတ်အချော် တစ်ခုခု ဖြစ်သွားတာနဲ့ ကိစ္စတွေ ပိုခက်သွားတာမျိုး ကြုံရတတ်ပါတယ်" ဟု ပြောကြားခဲ့သည်။
လိဒ်စ်သည် တစ်ချိန်က ပရီးမီးယားလိဂ်တွင် ထည်ဝါသော အသင်းကောင်း တစ်ခုအဖြစ် ရပ်တည်ဖူးသော်လည်း ငွေကြေး အကျပ်အတည်းများ ကြုံကြိုက်ခဲ့သည့်နောက် ကစားသမားကောင်းများကို ထုတ်ရောင်းကာ တန်းပါဆင်းခဲ့ရသည်။ လိဒ်စ်သည် လတ်တလောတွင် ချန်ပီယံရှစ်၌ ယှဉ်ပြိုင် ကစားနေဆဲဖြစ်သည်။
Ref: BBC
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1