Wednesday, October 10, 2012

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ အင်အားပြင်းငလျင်လှုပ်

Ever November | 10/10/2012 01:14:00 PM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာလူကူပြည်နယ်တွင် အောက်တိုဘာ ၈ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်သွားကြောင်း၊ အဆိုပါ ငလျင်ကြောင့် ဆူနာမီသတိပေးချက်၊ အပျက်အစီးနှင့် ထိခိုက်သေကျေမှု ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ အမေရိကန် ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါငလျင်သည် ဘင်ဒါပင်လယ်ပြင်၌ လှုပ်ခတ်သွားခြင်းဖြစ်သည်။ ယင်းငလျင်သည် အောက်တိုဘာ ၈ ရက် ဒေသစံတောချိန် ၁၈ နာရီ ၄၃ မိနစ်က မာလူကူပြည်နယ် မာလူကူတန်ဂတ်မြို့ အရှေ့တောင်ပိုင်း ၁၄၅ ကီလိုမီတာအကွာ ပင်လယ်ရေအောက် ၁၀ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မာလူကူပြည်နယ် မြို့တော် အမ်ဘွန်၏ အရှေ့တောင်ဘက် ၁၃၇ ကီလိုမီတာ အကွာတွင် ယင်းနေ့ ဒေသစံတော်ချိန် ၁၉ နာရီက ရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်ဟု သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1